နှုတ်ဆိတ်သွားသူ

( 4 မှတ်ချက်)

6500 (ကျပ်)

ဆိုက်ပရက်လူမျိုးဖခင်နဲ့ အင်္ဂလိပ်လူမျိုးမိခင်တို့က မွေးဖွားလာတဲ့ စာရေးသူ Alex Michaelides ဟာ စိတ်ပညာကိုလေ့လာခဲ့ပြီး လူငယ်ပျိုးထောင်ရေးပိုင်းမှာ စိတ်ပညာနဲ့ပတ်သက်တဲ့ ဆွေးနွေးရေးတွေ လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ ဒီစာအုပ်ဟာ စိတ်ပညာ၊ စိတ်ကုထုံးတွေနဲ့ ဆက်နွှယ်နေပါတယ်။ New York Times နဲ့ Sunday Times တို့ရဲ့ အရောင်းရဆုံး စာရင်းဝင်ခဲ့တဲ့ ဒီစာအုပ်ဟာ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး လျှို့ဝှက်သည်းဖို ဝတ္ထုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ စိတ္တဇလျှို့ဝှက်သည်းဖိုဝတ္ထုဖြစ်တဲ့အတွက် မြှုပ်ကွက်တွေ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကိုစာရေးသူက ထည့်ရေးထားပါတယ်။

#ဇာတ်လမ်းအကျဉ်း
အယ်လီရှာဟာ အောင်မြင်တဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီး သူ့​ယောက်ျားက နာမည်​ကျော် ဓါတ်ပုံဆရာ။ အရာရာအဆင်​ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထား​ပေမဲ့ တစ်ညမှာ သူ့ယောက်ျားဟာ သေနတ်နဲ့ ငါးချက်ပစ်သတ်ခံရပါတယ်။ သူ့ယောကျာ်းနားမှာသေနတ်ကိုင်ပြီးရှိနေသူကတော့ အယ်လီရှာပါ။ သူ့ယောကျာ်းအသတ်ခံရတဲ့နေ့ကစပြီး သူ စကားတစ်ခွန်းမှမပြော​တော့ဘဲ နှုတ်ဆိတ်သွားပါတယ်။ သူ ဘာလို့ နှုတ်ဆိတ်သွားတာလဲ…သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်လိုက်တာလား…သူ့ကို ကူညီဖို့ ရောက်လာတဲ့ စိတ်ကုထုံးပညာရှင်ကရော နှုတ်ဆိတ်နေတဲ့ အယ်လီရှာကို စကားပြောလာအောင်လုပ်နိုင်မလား…ထင်မှတ်မထားတဲ့ မြုပ်ကွက်အလှည့်အပြောင်းတွေနဲ့ လျှို့ဝှက်သည်းဖိုဖတ်ရမယ့် စိတ္တဇဇာတ်လမ်း..

စာမျက်နှာ

441

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2022 မတ်လ (ပ-ကြိမ်)

စာအုပ်အရွယ်အစား

5.7 x 0.8 x 8.3 inches

3 in stock (can be backordered)

နှုတ်ဆိတ်သွားသူ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Thandar Maung

    စာအုပ်အမြန်ထွက်လာဖို့ မျှော်နေပါတယ် ❤

  2. Phyo Thuzar (verified owner)

    အရမ်းကြိုက်ပါတယ် တရားခံက ဘယ်သူလဲဆိုတာ သိချင်လွန်းလို့ လက်ကမချချင်အောင် ဖြစ်မိပါတယ် ❤️

  3. Christine

    The plot twist suprised me. It is kinda confusing for me but i would recommend it.

  4. Anonymous

    အရမ်းကောင်းတဲ့စာအုပ်တစ်အုပ်ပါ တရားခံဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတဲ့အကြောင်းကို လုံးဝခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းတစ်ခုပါပဲ တကယ့်တရားခံကလဲမထင်မှတ်ထားတဲ့သူဖြစ်နေတာ အံ့သြဖို့ကောင်းတဲ့မြှပ်ကွက်တစ်ခုပါပဲ အရမ်းကောင်းလွန်းလို့ လက်ကနေမချချင်လောက်တဲ့အထိ ဆွဲခေါ်နိုင်တယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စုမြတ်ချစ် စာအုပ်များ