ရွှေပင့်ကူ

( 0 မှတ်ချက်)

3000 (ကျပ်)

စစ်အတွင်း၌သော်လည်းကောင်း၊ စစ်မဖြစ်မီအချိန်၌သော်လည်းကောင်း အပြိုင်အဆိုင်ဖြစ်နေကြသော နိုင်ငံများသည် တစ်ဦးနှင့်တစ်ဦး အတွင်းရေးများကို သိစေရန် စုံထောက်သူလျှိုများစေလွှတ်၍ စုံစမ်းတတ်ကြ၏။ သူလျှိုတို့ သိလိုသော အကြောင်းခြင်းရာများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လျှို့ဝှက်စွာချုပ်ဆိုသော စာချုပ်များ၊ ရေတပ်၊ လေတပ်၊ ကြည်းတပ်တို့၏ လျှို့ဝှက်ချက်များ၊ ခံတပ်နှင့် အဆောက်အအုံကြီးများ တည်ရှိရာ မြေပုံများ၊ တစ်ခါတစ်ရံ အလွန်လျှို့ဝှက်စွာ ပြုလုပ်သည့် လက်နက်ထူး၊လက်နက်ဆန်းများအကြောင်း စသည်တို့ ဖြစ်လေသည်။
ဂျပန်သည် အမေရိကန်နှင့် အင်္ဂလိပ်တို့အား စစ်မကြေညာမီ ၆လ လောက်က မြန်မာပြည်သို့လည်း သူလျှိုများစေလွှတ်၍ အလုပ်လုပ်ခဲ့ရာ ဤအကြောင်းကို အင်္ဂလိပ်အစိုးရတို့သိနှင့်ပြီးဖြစ်သည့်အတိုင်း အထူးကာကွယ် စောင့်ရှောက်ခဲ့၏။ အချို့နေရာများ၌ ဂျပန်တို့သည် မြန်မာများကိုပင် ရွေးချယ်စေခိုင်းခဲ့ရာ အင်္ဂလိပ်တို့ကလည်း မြန်မာများကိုပင် လက်ရုံးပြုကာ ခုခံတိုက်ခိုက်ခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် မြန်မာ၏အကြောင်းကို မြန်မာထက် ပို၍ မည်သူမျှ သိမည်မဟုတ်ချေ။
သို့ဖြစ်၍ ယခင်က ပျော်မှုရွှင်မှု သာယာမှုတို့ဖြင့် ပြည့်စုံခဲ့သော ရန်ကုန်မြို့ကြီးပေါ်တွင် စစ်ရိပ်စစ်ငွေ့တို့သည် တဖြည်းဖြည်း သမ်း၍လာပြီးလျှင် ဂျပန်၏ လှုပ်ရှားမှု့တို့သည်လည်း တစ်နေ့ထက်တစ်နေ့ ပို၍မြန်လာခဲ့လေသည်။

စာမျက်နှာ

179

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ 2021 ဇွန်လ (တတိယ-ကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွှေပင့်ကူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒဂုန်ရွှေမျှား စာအုပ်များ