ရွှေဖူးစာလေး ချာချာလည်

( 0 မှတ်ချက်)

3500 (ကျပ်)

” တစ်ခါတလေကျတော့ ဖူးစာဆိုတာ ဒီလူနဲ့လိုလို ဟိုလူနဲ့လိုလို ချာချာလည်ပြီးမှ ဖူးစာအမှန်နဲ့ဆံုရတာမျိုးလည်း ရှိတတ်ပေတာကိုး ။ ၂၀၁၄ ခုနှစ်တုန်းက ဒီဝတ္ထုရေးနေရင်း တစ်ယောက်တည်း ရယ်နေမိတာကိုသတိရတယ် ။ ပြီးတော့ ရထားလမ်းနဲ့ကားလမ်း ပြိုင်နေတဲ့နေရာလေးတွေကို သတိရတယ် ။ ဝတ္ထုထဲမှာ အဲ့ဒီလို လမ်းအပြိုင်နေရာလေးနဲ့ပတ်သက်တဲ့ ပျော်စရာဇာတ်ဝင်ခန်းကလေး ပါတယ် ။ မကြာခင်က ဒီဝတ္ထုလေးကို ရွှေဖူးစာ ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ရိုက်တဲ့အခါကျတော့ အဲ့ဒီ့လို လမ်းအပြိုင်နေရာလေးမှာရိုက်ဖို့ စီစဉ်ကြတယ် ။ သူတို့ ဘယ်နေရာမှာ ရိုက်ဖြစ်သလဲဆိုတာတော့ ရုပ်ရှင်ထွက်လာမှ ကြည့်ရတော့မယ် ။
တစ်ခါတရံမှာ ရယ်စရာ ချစ်စရာ ဇာတ်ကောင်လေးတွေ ဖန်တီးရတာလည်း ပျော်စရာကောင်းပါတယ် ။ ဒီကာလမှာ လူငယ်ပရိသတ်တွေလည်း ပျော်ပျော်ရွင်ရွှင်ဖတ်ရဖို့ ပျော်စရာကောင်းတဲ့ ဝတ္ထုလေးတစ်ပုဒ်ကို ဒုတိယအကြိမ် ထုတ်ဝေဖို့ စီစဉ်ခဲ့ပါတယ် ။ဝတ္ထုသစ်ကိုတော့ ဦးနှောက်ချာချာလည်အောင် ရေးနေရတုန်းပေါ့ ။ ” လို့ ဆိုထားပါတယ်။

စာမျက်နှာ

271

စာအုပ်အရွယ်အစား

5.3 x 0.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပုညခင်စာပေ၊ 2020ဇွန်လ၊ (ဒု-အကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွှေဖူးစာလေး ချာချာလည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ပုညခင် စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ