ရှင်သန်ရာအနန္တဆီမှာ
4000 (ကျပ်)
၁၁ နှစ်သားအရွယ် လူငယ်လေး ဆမ် ဟာ သွေးကင်ဆာ ဝေဒနာ ခံစားရပြီးတဲ့နောက် သူ မသေမီ လေးလအလိုမှာ စာအုပ်လေး တအုပ် စတင် ရေးသားခဲ့ပါတယ်။
ဒီစာအုပ်လေးကတော့ ဇန်နဝါရီလ (၇) ရက်နေ့မှာ စရေးပြီး ဧပြီလ (၁၂) ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ ပြုစုထားတဲ့ စာရင်းတွေ၊ ဇာတ်လမ်းတွေ၊ ရုပ်ပုံတွေ၊ မေးခွန်းတွေနဲ့ အချက်အလက်တွေကို စုစည်းထားတာမျိုးပါ။ ကျွန်တော့်ရဲ့ ဘဝဇာတ်ကြောင်းလည်း ဖြစ်တာပေါ့။… ဆိုပြီး သူ့စာအုပ်လေးနဲ့ ပတ်သက်လို့ ဖွင့်ဆိုပြထားပါတယ်။
ဆမ်လေးဟာ စူးစမ်းတတ်သူပီပီ သူ့စာအုပ်မှာ သေခြင်းတရားနဲ့ ပတ်သက်လို့ မေးခွန်းတွေ မေးခဲ့ပါတယ်။
? သင် သေသွားပြီဆိုတာကို ဘယ်လို သိနိုင်သလဲ
? ကလေးတွေ နေမကောင်းဖြစ်အောင် ဘာကြောင့် ဘုရားသခင်က ဖန်တီးရတာလဲ
? အကယ်၍ တယောက်ယောက်က တကယ်မသေဘဲ လူတွေက သေတယ်လို့ ထင်သွားကြရင်ရော ဘာတွေ ဖြစ်နိုင်မလဲ။ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရမှာလား။
? သေဆုံးခြင်းဟာ နာကျင်မှု ရှိသလား။
? သေဆုံးခြင်းဆိုတာ ဘာလဲ။
? လူတယောက်သေရင် ဘာတွေ လုပ်ကြသလဲ။
? လူသေဖြစ်ရတာ ဘာနဲ့တူသလဲ။ ဒါမှမဟုတ် ဘယ်လိုခံစားရသလဲ။
? ဘာဖြစ်လို့ လူတွေ မဖြစ်မနေ သေဆုံးကြရတာလဲ။
? သေဆုံးပြီးရင် ဘယ်ကို သွားကြရမှာလဲ။
? ကျွန်တော် မရှိတော့ရင်လည်း ကမ္ဘာကြီးက အရင်အတိုင်း ဆက်ရှိနေဦးမှာလား။
စတဲ့ မေးခွန်းလေးတွေနဲ့ ၁၁ နှစ်သားအရွယ် လူငယ်လေးတယောက်ရဲ့ ဘဝနေဝင်ချိန်ကို သနားရခြင်းတွေ၊ သံဝေဂပွားရခြင်းတွေနဲ့ ရင်တနင့်နင့် ဖတ်ရှု့ရမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။
စာမျက်နှာ | 260 |
---|---|
စာအုပ်အရွယ်အစား | 5.6× 0.6 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ ၂၀၂၀ ဩဂုတ်လ၊ (ပ-ကြိမ်) |
Out of stock
Pyae Ar Kar –
ကလေးတွေ နေမကောင်းဖြစ်အောင် ဘာကြောင့် ဘုရားသခင်က ဖန်တီးရတာလဲ ?
” ဘုရားသခင်က ဆရာ၀န်ကြီးတစ်ယောက်လိုပါပဲ ။ သူက လူတွေကို နေမကောင်းဖြစ်အောင် ဖန်ဆင်းတယ် ။ ဒါမှ ပြန်ကောင်းအောင်ဆိုပြီး သူလုပ်ပေးလို့ရမှာလေ ။ လူနာတွေပြန်ကောင်းအောင်ဆိုပြီး ဆရာ၀န်တွေက သူတို့ကို ကင်ဆာဆေးတွေ သွင်းပေးသလိုမျိုးနဲ့ တူတူပဲပေါ့ ။ သေသွားလည်း ဘုရားသခင်အတွက်က ကိစ္စရှိတာမှ မဟုတ်တာ ။ ဘယ်လိုမဆို ဘုရားသခင် ရှိနေတဲ့ ကောင်းကင်ဘုံဆီပဲ လူတွေ သွားရမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ ” လို့ ဆမ်ရဲ့ အဖြေလေးကိုကြားပီး ကျွန်တော် တော်တော်လေး၀မ်းနည်းမိသွားတယ် ။
ဆမ်ဆိုတဲ့ကောင်လေးဟာ အသက် ၁၁ နှစ်အရွယ်ရှိပြီး လူကီးမီးယားလို့ ခေါ်တဲ့ သွေးကင်ဆာ ရောဂါဝေဒနာကို ခံစားနေရတယ် ၊ သူ့မှာ အဖေရယ် အမေရယ် ညီမလေးတစ်ယောက်ရယ် ရှိတယ် ၊ ပြီးတော့ သူ့လိုပဲ ရောဂါဝေဒနာကို ခံစားနေရတဲ့ ဖဲလစ်ခ်စ်ဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရှိတယ်
ဖဲလစ်ခ်စ်နဲ့ ဆမ်နဲ့က တော်တော်လေးအတွဲညီတယ် ၊ ဖဲလစ်ခ်စ်ရယ် ဆမ်ရယ် သူ့ညီမ အယ်လ်လာရယ် သုံးယောက်ပေါင်းပြီး မေရီအန်းတွိုင်းနက်ဆိုတဲ့ သရဲခေါ်တဲ့ အခန်းလေးကို ကြည့်ပီး တကယ့်ကောင်တွေကွာလို့ ရေရွတ်မိတယ် ၊ ဘယ်နှယ့် ကိုယ်ဖြစ်ချင်တဲ့ စာလုံးဆီရောက်အောင် လက်နဲ့အတင်းတွန်းနေကြပီး ဒါကို မသိတဲ့ သူ့ညီမကတော့ ဟာ တကယ်ကြီးလားတွေ ဖြစ်နေပုံကို မြင်ယောင်မိပြီး ပြုံးနေမိတယ်လေ
ကျွန်တော်နဲ့ ဆမ်နဲ့တူတဲ့အချက်က စက်လှေကားတွေကို ဆန့်ကျင့်ဘက် စီးလိုတဲ့ ဆန္ဒရှိခြင်းပဲ ၊ ဆိုလိုတာက အတက်စက်လှေကားကနေ ပြေးဆင်းဖို့နဲ့ အဆင်းစက်လှေကားကနေ ပြေးတက်ချင်တာပေါ့ ၊ ဆမ်က တော်တယ် သူ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့တယ်
သူကိုယ်တိုင် သိပ်မကြာခင်သေရတော့မယ်ဆိုတာကို သိပေမဲ့ ဇန်နဝါရီ ၇ရက်နေ့ကစပြီး ဧပြီ ၁၂ ရက်နေ့အထိ မှတ်တမ်းလေးရေးနိုင်ခဲ့တယ် ၊ အဲ့စာအုပ်လေးထဲမှာ သူရဲ့အကြောင်းတွေ ၊ သူဖြစ်ချင်တဲ့ အိမ်မက်တွေ ၊ သူ့သူငယ်ချင်းနဲ့ အကြောင်းေတွ ၊ သူ့မိသားစုနဲ့ အကြောင်းတွေရယ်ကို ဖော်ပြထားတယ် ၊ စကားကြီး စကားကျယ်တွေ ဖြစ်မနေဘဲ စူးစမ်းတတ်တဲ့ကလေးတစ်ယောက်ရဲ့ အတွေး
လေးတွေ ၊ တည်ငြိမ်တဲ့ တွေးဟန်လေးတွေကို တွေ့ရတယ် …
ဒီစာအုပ်လေးကို ဖတ်နေရင်း ရင်ထဲ တလှပ်လှပ်ဖြစ်လာတယ် ၊ ဖြတ်ခနဲ မြင်ယောင်မိလိုက်တာက FB ပေါ်မှာ ကိုဗစ် ကူစက်ခံထားရတဲ့ ကလေးတစ်ယောက်ရဲ့ ပိုက်တန်းလန်းလေးနဲ့ ငိုမဲ့မဲ့ မျက်နှာလေး ၊ အဲ့ပုံလေးမြင်ေယာင်ပီး ရောဂါဝေဒနာကို ခံစားနေရတဲ့ ဆမ်ရဲ့ အဖြစ်ကို တွေးနေမိတယ် ၊ ဒါပေမဲ့ ဆမ်လေး တော်တော် တည်ငြိမ်ပါတယ် ၊ ကိုယ့်မှာသာ မျက်ရည်စက်လက်နဲ့ ကျန်ရစ်ခဲ့ရပေါ့ …
လူကီးမီးယားအကြောင်း စိတ်၀င်စားလို့ ရှာကြည့်လိုက်တော့ ဒေါက်တာတင့်ဆွေရေးတဲ့ စာလေးတစ်ပုဒ်တွေ့လိုက်တယ် ၊ အဲတာလေးကို အောက်ကလင့်မှာ ၀င်ေရာက်ကြည့်ရှုနိုင်ပါတယ် …