ပစ္စုပ္ပန်မှာရှိနေပါ
4000 (ကျပ်)
အမေရိကန်နိုင်ငံသူ စာရေးဆရာမ အန်နာဘလက်ရဲ့ Be Mindful ကို မူရင်း အာဘော်အတိုင်း ပြန်ဆိုထားတဲ့ဒီစာအုပ်မှာအတိတ်မှာလည်း မနေဖို့၊ အနာဂတ်အတွက်လည်း တွေးပူမနေဖို့၊ လက်ရှိပစ္စုပ္ပန်မှာပဲ ရှိနေဖို့အတွက် အချိန်ရရင် ရသလောက် သတိရှိဖို့ တိုက်တွန်းအကြံပြုထားပါတယ်။ လူဖြစ်လာတဲ့အခါ ကောင်းတာတွေ မကောင်းတာတွေ၊ ကြိုက်တာတွေ မကြိုက်တာတွေ၊ ဖြစ်ချင် တာတွေ မဖြစ်ချင်တာတွေဟာ အတားအဆီးမရှိ ဖြစ်နေကြပါတယ်။ဒါတွေကို ပြောင်းဖို့မလွယ်ပါဘူး။ ဒီအဖြစ်အပျက်တွေကို ရင်ဆိုင်ရမှာပဲ ဖြစ်တော့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရုံမက စိတ်ခွန်အားလည်းရှိဖို့ လိုပါတယ်။ စိတ်ထားတတ်ဖို့လိုပါတယ်။ ယနေ့ခေတ်လူတွေ ဘယ်လိုသွားလာလှုပ်ရှားပြီး ဘယ်လိုအခက်အခဲတွေနဲ့တွေ့တဲ့အခါ ဘယ်လို ဖြေရှင်း မလဲ။ ဘာကြောင့် ဒီလိုဖြေရှင်းရသလဲဆိုတာကိုလေ့ကျင့်ခန်းလေးတွေနဲ့ လွယ်လွယ်ကူကူ ရေးသားထားပါတယ်။
ယနေ့လူတွေဟာ အလုပ်တော်တော်များများကို သတိမရှိဘဲ လုပ်နေကြပါတယ်။ အကျင့်ပါနေပါပြီ။ စိတ်လည်း တော်တော်လွင့်နေကြပါတယ်။ ရေချိုးရင်း ဘယ်နှစ်ယောက်အကြောင်း စဉ်းစားမိနေသလဲ။ လူဘယ်နှစ်ယောက်နဲ့အတူ ရေချိုးနေသလဲ။ ထမင်းစားရင်းနဲ့လည်း ဘာတွေစဉ်းစားပြီး စားနေသလဲ။ လက်ဖက်ရည်သောက်ရင်လည်း စိတ်ကလွင့်နေဆဲပါပဲ။ ပန်းကန်ဆေးရင်းနဲ့လည်း စိတ်ကလွင့်နေဆဲပါပဲ။သတိမထားဘဲလုပ်နေတဲ့အလုပ်တွေ အများကြီးပါပဲ။ စိတ်ပညာဆရာကြီးတွေက အော်တို ပိုင်းလော့လို့ပြောလေ့ ရှိပါတယ်။ လေယာဉ်ပျံ သူ့အလိုလို ထိန်းကျောင်းမောင်းနှင်တာကို ဆိုလိုတာပါ။ ပိုင်းလော့ လေယာဉ်မှူးက ထိန်းစရာမလိုပါဘူး။ ဒီလိုလွင့်နေတဲ့စိတ်တွေကို ဘယ်လိုပြန်ဖမ်းမလဲ၊ စုစည်းမလဲဆိုတာတွေကို လမ်းညွှန်ထားပါတယ်။ခြုံပြောရရင် သတိရှိဖို့ တရားမှတ်တဲ့ လေ့ကျင့်ခန်းတွေ စိတ်ဝင်စားစရာ လူ့စိတ်နေ သဘောထား တွေကို ဖော်ပြထားပါတယ်။ ဘဝအတွက် ချက်ချင်းအကျိုးရှိစေတဲ့ ဗဟုသုတတွေ အများကြီးပါတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 186 |
---|---|
စာအုပ်အရွယ်အစား | 5.1× 0.3 × 7.5 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2022 ဩဂုတ်လ (ပထမအကြိမ်) |
4 in stock
Anonymous –
အရမ်းဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ စာအုပ်ထဲမှာပါတဲ့နည်းတွေကလဲ ဘယ်အသက်အရွယ်မဆိုအခုချက်ချင်းလက်တွေ့ အသုံးပြုလို့ရပါတယ် တော်တော်ကောင်းပါတယ်
Nyan Win Thu –
တော်တော်ကောင်းတဲ့စာအုပ်ပါ စာအုပ်ထဲမှာပါတဲ့နည်းတွေက ချက်ချင်းလက်တွေ့အသုံးချလို့ရပါတယ် နည်းလမ်းတွေနဲ့တကွရှင်းပြထားတဲ့အတွက် လုပ်ရတာကလဲလွယ်ကူပါတယ်