ရှားလော့ဆမ်နှင့် သူ၏စွန့်စားခန်းများ အတွဲ (၁+၂+၃+၄+၅) (15% Off)

( 0 မှတ်ချက်)

15000 (ကျပ်) 12750 (ကျပ်)

– ပျောက်ဆုံးနေသော မိသားစုပိုင်ဘိုးဘွားအမွေပစ္စည်း
ရှားလော့ဆမ်သည် စင်ကာပူ၏အကြီးကျယ်ဆုံး ကလေးစုံထောက်ဖြစ်သည်။ သူယုံကြည်အားထားသည့် စက်ရုပ်ဝပ်ဆန်နှင့်အတူ အမှုကိစ္စများကို ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ဂရုမစိုက်ပဲ မဖြစ်မနေကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။ အန်တီ ကင်လီယန်၏အဖိုးတန် ပါရန်နာကန် ဟင်းချက်နည်းစာအုပ် ပျောက်ဆုံးသွားသည့်အခါ ရှားလော့ဆမ်သည် သူမ၏ လက်ရာအလွန်ကောင်းသော အရသာအလွန်ရှိလှသည့် ayam buah keluak (အိုင်ယန်ဘော့ကူးလော့) ဟင်းကိုနောက်ထပ်စားခွင့်မရခဲ့တော့ချေ။ သူ၏ အံ့ဖွယ်ကောင်းလှသော စုံထောက်နည်းပညာ စွမ်းပကားများဖြင့် ပျောက်ဆုံးနေသည့် ဤအဖိုးတန်ရတနာသိုက်ကို ရှားလော့ဆမ်ရှာတွေ့နိုင်မည်လား။

– ဝိညာဉ်ညည်းတွားသံများ
ရှားလော့ဆမ်၏စွန့်စားမှုများကား ရပ်တန့်သွားခြင်းမရှိချေ။ စင်ကာပူ၏ စိတ်ဝင်စားစရာအကောင်းဆုံး သမိုင်းဝင်နေရာများအနက် တစ်ခုတွင် ကြောက်မက်ဖွယ် မိစ္ဆာညည်းတွားသံများ ပျံ့လွင်နေခဲ့စဉ် ထူးခြားဆန်းကြယ်သည့် ပဟေဠိပုစ္ဆာကို ရှားလော့ဆမ်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသည်။ သရဲ တစ္ဆေများက တကယ်ရှိသလား သို့တည်းမဟုတ် မရှိဘူးလား။ ဤပဟေဠိပုစ္ဆာသည် ရှားလော့ဆမ်နှင့် သူ၏အဖော်စက်ရုပ်ဝပ်ဆန်တို့အတွက် ဖြေရှင်းရန် ခက်ခဲနေမည်လား။

– ခြမ်းခြောက်စာများ
ရှားလော့ဆမ်ရဲ့ နောက်ဆုံးစွန့်စားခန်းကို ဖတ်ကြဖို့ အသင့်ဖြစ်နေကြပြီလား။ သည်တစ်ကြိမ်တွင် စင်ကာပူ၏အကြီးကျယ်ဆုံး ကလေးစုံထောက်က စင်ကာပူရှိနိုင်ငံတကာ ကျောင်းတစ်ကျောင်းက အမှတ်စင်စစစ် ဘယ်လိုလဲဆိုသည်ကို စူးစမ်းဖော်ထုတ်တော့မည်ဖြစ်သည်။ သို့သော် ကျောင်းသားတစ်ယောက်မှ စိုးရိမ်ပူပန်စရာဖြစ်စေသည့် ခြိမ်းခြောက်စာများ လက်ခံရရှိနေ၏။ ရှားလော့ဆမ်အနေဖြင့် သူ၏ အံ့ဖွယ်ထောက်လှမ်းရေးပညာကို အသုံးချပြီး သူ့သူငယ်ချင်းသစ်အတွက် ကူညီပေးနိုင်မည်လား။

– ဂြိုလ်သားထိပ်တိုက်တွေ့ဆုံမှု
ပူလားအူဘင်တွင် စခန်းချနေကြတုန်း ထူးထူးဆန်းဆန်း ကိစ္စများ ဖြစ်ပေါ်လာသောအခါ ရှားလော့ဆမ်က ဂြိုလ်သားများကို လက်ညှိုးထိုးပြစ်တင်ရန် လက်ခံယုံကြည်ခဲ့သည်။ စူးစမ်းလေ့လာရန် စိတ်အားထက်သန်နေသည့် ရှားလော့ဆမ်မှာ စိတ်အားထက်သန်မှုမရှိသော သူ၏ စက်ရုပ်ဝပ်ဆန်နှင့်အတူ တောနက်ထဲဝင်ရောက်ခဲ့ပြီး ဤကမ္ဘာနှင့် မသက်ဆိုင်သည့် ပဟေဠိဖြစ်စဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤကဲ့သို့ နီးနီးကပ်ကပ် ပက်ပင်းကြုံတွေ့မှုများ၏ အဖြစ်မှန်ကို စင်ကာပူ၏ အကြီးကျယ်ဆုံး ကလေးစုံထောက်က အဖြေရှာနိုင်မည်လား။

– ရုတ်တရက်ပျောက်ဆုံးသွားသည့် စက်ရုပ်
ရှားလော့ဆမ်နှင့် ဆာပါကလပ်အဖွဲ့ဝင်များသည် ကျောင်းအားလပ်ရက်တွင် ပီနန်သို့ အပန်းဖြေခရီး ထွက်လာကြသည်။ တကယ်တမ်းတွင် ရှားလော့ဆမ်သည် ဘယ်နေရာသွားသွား ထူးခြားဆန်းကြယ်သည့် အမှုတစ်ခုနဲ့ အမြဲလိုလို ထိပ်တိုက်ကြုံတွေ့ရလေ့ရှိသူဖြစ်သည်။ ဤဖြစ်စဉ်မှာ သံဖြူဒြပ်စင် စက်ရုပ်တစ်ရုပ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည့် ကလေးစရာပြတိုက်တစ်ခုတွင်ဖြစ်ပွားခဲ့သည်။ စက်ကာပူ၏ အကြီးကျယ်ဆုံး ကလေးစုံထောက်အနေဖြင့် ပီနန်တွင် အရသာထူးကဲလှသော စားစရာများအား စပ်စုလိုစိတ်ကို အနိုင်ယူပြီး သ့အတွက်အန္တရာယ်အကြီးမားဆုံးဖြစ်သည့် ဤအမှုကို ဖြေရှင်းနိင်မည်လား။

Promotion ကုန်ဆုံးရက်

30.9.2020

စာမျက်နှာ

113+119+135+140+141

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2020 ဩဂုတ်လ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရှားလော့ဆမ်နှင့် သူ၏စွန့်စားခန်းများ အတွဲ (၁+၂+၃+၄+၅) (15% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုအောင်(မြောက်ဦး) စာအုပ်များ