စိတ်ဒဏ်ရာများရဲ့အလွန်…

( 1 မှတ်ချက်)

3800 (ကျပ်)

လူတစ်ချို့သည် စိတ်ဒဏ်ရာများကြောင့် ပြိုလဲကျပြီး နာလန်မထူနိုင်တော့သည့် အဖြစ်မျိုးကို ကြုံကြရပြီးအချို့သည်လည်း စိတ်ဒဏ်ရာကို အကြောင်းပြုပြီး ပို၍ တိုးတက်မြင့်မားသော ဘ၀ကို ပိုင်ဆိုင်ကြရပြန်သေးသည်။ ထို့ကြောင့် စိတ်ဒဏ်ရာတိုင်း ဆိုးကျိုးပေးသည်ဟု ဆိုရန် ခက်ခဲလှပေသည်။ အချို့ စိတ်ဒဏ်ရာများသည် ကောင်းသည့် အကျိုးကို တစ်ဖန်ပြန်ပြီး ဆောင်ကြဉ်းကြသည်ကလည်း ရှိသေးသည်။ အချို့ကား စိတ်ဒဏ်ရာကို ခံနိုင်ခဲ့သော်လည်း စိတ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်ရန် အင်အားနည်းကြသည်။ မကျွမ်းကျင်ကြ။ ထို့ကြောင့် စိတ်ဒဏ်ရာ၏ အလွန်တွင် ထပ်ဆောင်း ဒဏ်ရာများ ရကြပြန်သည်။ အထက်ဖော်ပြပါ အချက်များကို အဓိကထား၍ ဤစာအုပ်တွင် ဆွေးနွေးထားပါသည်။ ထို့ကြောင့် စိတ်ဒဏ်ရာများရဲ့ အလွန်… ဟု အမည်ပေးထားခြင်းဖြစ်ပေသည်။ မည်သို့မည်ပုံသော အလွန်ကိုတည်ဆောက်မည်နည်းဟူသည်ကား စာဖတ်သူတို့၏ ရွေးချယ်မှုသာဖြစ်ပေလိမ့်မည်။

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.4 ×0.5×8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ 2023 ဖေဖော်ဝါရီလ (ပထမအကြိမ်)

5 in stock

စိတ်ဒဏ်ရာများရဲ့အလွန်… အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    စိတ်ဒဏ်ရာများရဲ့အလွန်…

    ထိခိုက်နာကျင်ရတဲ့ အခြေအနေတွေနဲ့ကြုံရတဲ့အခါ ဖြစ်လာတဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ စိတ်အခြေအနေတစ်ခုကို စိတ်ဒဏ်ရာ(Trauma)လို့ ခေါ်ပါတယ်။

    ကျွန်မတို့တွေ မကြာခဏ ပြောလေ့ရှိတဲ့
    စကားတွေထဲ ပါတတ်တာမျိုးပါ။
    “ငါတော့ စိတ်ဒဏ်ရာ ရသွားပြီ”
    “စိတ်ကင်ဆာတွေ လာပေးနေတယ်”
    ဒီလို အသုံးအနှုန်းလေးတွေပေါ့။

    ဒါပေမဲ့ တကယ်တမ်း စိတ်ဒဏ်ရာ
    (Trauma)ဆိုတဲ့ အကြောင်းကို
    တိတိကျကျ သိနိုင်ဖို့ဆိုရင် ဒီစာအုပ်လေးက အများကြီး အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။

    လူတို့ရဲ့ စရိုက်လက္ခဏာ(Personality)၊စိတ်နေစိတ်ထားများကို လေးလေးနက်နက် လေ့လာသိရှိနိုင်စေမယ့် စာအုပ်လေးပါ။

    ဘုန်းဘုန်းက အနောက်တိုင်းစိတ်ကုပညာရှင်များရဲ့ အယူအဆပိုင်းရော၊
    ဗုဒ္ဓနည်းကျ အယူအဆများကိုပါ
    မျှမျှတတ ထည့်သွင်းရေးပြထားတဲ့အတွက် မည်သူမဆို ဗဟုသုတအဖြစ်ဖတ်ကြည့်ရင်လည်း ရနိုင်ပါတယ်။

    ကျွန်မတို့အားလုံး မွေးဖွားလာခြင်း ဇာတိဆိုတာဟာလည်း ဒုက္ခဖြစ်တယ်။ အခုတင်ပြထားတဲ့ စိတ်ဒဏ်ရာဆိုတာဟာလည်း ဒုက္ခတစ်မျိုးထဲ အပါအဝင် ဖြစ်ပါတယ်။

    ဒါကြောင့် စိတ်ဒဏ်ရာကို ဘယ်လိုမျိုး
    ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကိုလည်း
    လမ်းညွှန်ပြသထားပါတယ်။

    ကျွန်မတို့တွေ မကြာခဏ ခံစားရလေ့ရှိတဲ့ စိတ်အခြေအနေတွေဖြစ်တဲ့ Victim(ခံရသူ)၊Rescuer(ကယ်တင်ရှင်)၊Persecutor(ညှင်းဆဲသူ) စတဲ့ ဒီDrama Triangle ထဲကနေ လွတ်မြောက်နိုင်ဖို့ရာ ဥပမာများစွာနဲ့ ရှင်းပြပေးထားပါသေးတယ်။

    “Trauma ကို Drama မလုပ်မိစေနဲ့တဲ့”
    သဘောကျလို့ မှတ်သားထားမိတဲ့ စကားလေးပါ။

    နောက်ပြီး Personality တွေက
    ဘဝတလျှောက်လုံး တသမတ်တည်း
    ရှိနေမှာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အကြောင်းလေးကိုလည်း သိခွင့်ရလိုက်ပါတယ်။

    အဓိကကတော့ စိတ်အခြေအနေတိုင်းကို
    လက်ခံလိုက်ဖို့(Acceptance)ရယ်၊
    စိတ်ကို သတိနဲ့စောင့်ကြည့်တဲ့
    (Mindfulnes)အလေ့အကျင့် လုပ်ဖို့
    လိုအပ်နေတာပါပဲ။

    နောက်ပြီး စိတ်ဒဏ်ရာများရဲ့အလွန်…
    ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင်
    ကြိုးစားလုပ်ဆောင်နိုင်မဲ့ နည်းလမ်းလေးတွေကို လမ်းညွှန်ပြသပေးထားပါတယ်။

    အတိတ်မှာ မှားခဲ့တဲ့အရာတွေကို
    နောင်တတဖန်ပူဆွေးခြင်း မပြုဖို့၊
    သင်ခန်းစာယူပြီး လက်ရှိမှာ ပိုကောင်းအောင်နေထိုင်ဖို့၊ သီလ၊သမာဓိ၊ပညာကို
    ကောင်းစွာ ကျင့်ကြံအားထုတ်ဖို့သာလိုအပ်ကြောင်းကို အဇာတသတ်မင်းဥပမာနဲ့ မြင်သာစွာ ပြောပြပေးထားပါတယ်။

    အဇာတသတ်ဆိုရင် “အဖသတ်တဲ့ သား”
    ဆိုတဲ့ ရှုထောင့်ကနေပဲ သိကြတာများပါတယ်။သူ့ကို မမွေးဖွားခင် အမိဝမ်းထဲမှာတည်းက မိခင်က မလိုချင်တဲ့ unwanted child ဖြစ်နေတာမို့
    မိခင်ခံစားရတဲ့ စိတ်ဖိစီးမှု၊ဒေါသ၊မောဟစတာတွေ အားလုံးဟာ သန္ဓေသားအရွယ် သူ့ဆီမှာ စိတ်ဒဏ်ရာအဖြစ် သက်ရောက်မှု ရှိခဲ့တာပါ…။

    ဒါဟာ မိဘများအတွက်လည်း သတိပြုစရာ အချက်တစ်ချက်ပါပဲ။ကလေးရဲ့ physical well being ကိုသာမက psychological well beingအတွက်ပါ အလေးထားသင့်ကြောင်းကို ဗဟုသုတရစေပါတယ်။

    ကံသာလျှင် အရာရာဆိုပြီး ကံကိုအရာရာမပုံချမိစေဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။

    လက်ရှိ စိတ်ဒဏ်ရာတွေ ခံစားနေရတယ်ဆိုရင်လည်း ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။

    အခုလို အကျိုးများစေတဲ့ စာအုပ်လေး
    ရေးသားပေးတဲ့ ဆရာတော် အရှင်နန္ဒာစာရကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏

    #နန္ဒာစာရ
    #စိတ်ဒဏ်ရာများရဲ့အလွန်…
    #သားငယ်စာပေ
    #reviewby하은
    #Oct32023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နန္ဒာစာရ စာအုပ်များ