လင်ပျောက်ရှာပုံတော်
4500 (ကျပ်)
ယခုစာအုပ်သည် ကမ္ဘာကျော်စာရေးဆရာကြီး နရယန်း အဘွား၏အမေအကြောင်းကို ဖော်ညွှန်းထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ အဘွားအမေ ‘ဘာလာ’ သည် အသက် ၇ နှစ်အရွယ်တွင် ‘ဗစ္စဝါ’ ဆိုသော အသက် ၁၀ နှစ်အရွယ် ကောင်လေးနှင့် ဓလေ့ထုံးစံအရ လက်ထပ်ခဲ့ရပြီး အရိုးစွဲ ဟိန္ဒူလူမျိုးတို့၏ ဇနီးတစ်ယောက်ဘဝ ရောက်ခဲ့ရသည်။ ထိုစဉ် ခင်ဗွန်းဖြစ်သူ ဗစ္စဝါမှာ ဘာလာအား ခရီးဝေးသွားတော့မည် ပြောဆိုကာ ဘယ်ရယ်မသိ ထွက်သွားခဲ့လေသည်။ ပူဆွေးသောကဖြင့် ဘာလာသည် အမျိုးသမီးတစ်ယောက် တန်မဲ့ အိန္ဒိယပြည်ကြီးအနှံ့ ခက်ခက်ခဲခဲ တစ်ဦးတည်း လိုက်ရှာခဲ့လေသည်။ မြို့တစ်မြို့တွင် ‘ဆာမာ’ ဟူသော အမျိုးသမီးဖြင့် အိမ်ထောင်ကျ၍ နေသည်ကို တွေ့လိုက်ရသည်။ ဘာလာက ဆာမာထံမှ ဗစ္စဝါကို ပြန်လည် ရယူပြီးနောက် သားသမီး၊ ဇနီးမယား၊ စည်းစိမ်းချမ်းသာတို့နှင့် နေထိုင်ခဲ့ရပြီးနောက် နောက်ဆုံးတွင် ထမင်း ချက်သူ၏ အဆိပ်ခတ်ချက်ဖြင့် ဘာလာရော ခင်ပွန်းဗစ္စဝါပါ ကွယ်လွန်သွားသော ကြေကွဲစရာဇာတ်လမ်း ဖြစ်ပါသည်။
စာမျက်နှာ | 125 |
---|---|
စာအုပ်အရွယ်အစား | 4.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2023 ဇူလိုင်လ (ဒုတိယအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ