Seven Exes

( 9 မှတ်ချက်)

6000 (ကျပ်)

AD ရဲ့ တတိယမြောက်စာအုပ်ဖြစ်တဲ့ “7 Exes” စာအုပ်လေးမှာတော့ စာရေးသူရဲ့ ရည်းစားဟောင်း ၇ ဦးအကြောင်းကို အခြေပြုပြီး ဘဝတစ်လျှောက်ရရှိခဲ့တဲ့ love experience တွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

သင်ခန်းစာတွေ၊ အတွေ့အကြုံသဘော ဗဟုသုတတွေနဲ့ အချစ်နဲ့ပတ်သက်တဲ့ ရင့်ကျက်မှုတွေ အများကြီးရရှိစေမယ့် စာအုပ်လေးဖြစ်ပါတယ်။

ချစ်ခြင်းနဲ့ တစ်ခါမှ မထိတွေ့ဖူးသူ
ချစ်ခြင်းနဲ့ အခုမှ စတင်ထိတွေ့နေတဲ့သူ
ချစ်ခြင်းကြောင့် ပျော်ရွှင်နေတဲ့သူ
ချစ်ခြင်းကြောင့် နာကျင်နေတဲ့သူ

ချစ်ခြင်းနဲ့ မကင်းကြသူ အားလုံးအတွက် စာရေးသူရဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဖော်ရင်း ဖန်တီးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။

စာမျက်နှာ

188

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဇူလိုင်လ (ပထမအကြိမ်)

စာအုပ်အရွယ်အစား

5.2× 0.3 × 8 inches

16 in stock

Seven Exes အား ဝေဖန်သုံးသပ်မှု 9 ရှိပါသည်။

  1. Thura Kyaw

    မှတ်မှတ်ရရ
    2019 ကတည်းက စာလေးတွေ
    ဖတ်ပီး သဘောကျခဲ့ရတာ
    AD တင်သမျှ လေးတွေဖတ်ပီး
    အရင်ထက် confidence တွေရှိလာတယ်
    Lifestyle တွေ ပြောင်းလဲလာနိုင်တယ်
    ကိုယ်ကိုယ့်ကိုယ်လဲ အရင်ကထက်ပိုချစ်လာတယ်
    ကိုယ့်အပေါ် မကောင်းခဲ့တဲ့ ex ကိုလဲမေ့နိုင်ခဲ့တယ်
    စိတ်ညစ်လာရင် AD စာတွေပဲ ပြေးဖတ်မိတော့တာပါပဲ
    AD က ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး အဖော်မွန်လေးပါပဲဗျာ Idol ဆိုလဲ မမှားဘူးပေါ့❤️

    စာအုပ် ၃ အုပ် ထဲမှာဆိုရင်တော့
    ဒီစာအုပ်ကို တကယ် အကြိုက်ဆုံးပါပဲ

  2. Yan Naing

    ဒီစာအုပ်ကနေပေးတဲ့အားအင်တွေကြောင့် အချစ်ရေးမှာကော ဘဝမှာပါ အရာရာကိုရင်ဆိုင်နိုင်လာပီ

  3. May Warso

    အခုပဲ အကုန်ဖတ်ပီးပီး ကိုလက်ရှိဖြစ်နေတဲ့အရာနဲ့တူလို့ပိုပြီးခံစားမိတယ် ဖတ်လို့လဲကောင်းတယ်

  4. Mon Halsey

    AD ရဲ့ တတိယမြောက် စာအုပ်ကလေးက
    7 Exes ဆိုတဲ့ခေါင်းစဥ်ဆန်းဆန်းလေးနဲ့ ကျွန်မလက်ထဲကို ရောက်လာတယ်။
    စာမြည်းရင်းနဲ့ သူ့ ရည်းစားဟောင်း ၇ယောက်အကြောင်း အကုန်သိသွားတယ်။
    ဒေါသထွက်လိုက်..စိတ်ဆိုးလိုက်..ကောင်းတယ်.. ခံဟ..လို့ ဝမ်းသာပေးလိုက်..ဝမ်းနည်းလိုက်..သနားလိုက်နဲ့ပဲ သူ့ Past Relationship တွေအကြောင်း အကုန်ဖတ်လို့ပြီးသွားတယ်။
    တကယ်တော့ စာအုပ်အဖုံးပေါ်က ကောက်စာလေးဖြစ်တဲ့.. ရည်စားဟောင်း ၇ယောက်ရယ်..သူတို့ပေးတဲ့ သင်ခန်းစာတွေရယ်..ဆိုတဲ့အတိုင်း ဒီစာအုပ်ဟာ အပိုင်း ၂ပိုင်းနဲ့ ဖွဲ့စည်းထားတယ်။
    ရည်းစားတွေနဲ့ အပိုင်း.. ပြီးသွားတော့မှ သူတကယ်ပေးချင်တဲ့ Message သုတအပိုင်းကို ရောက်လာပါတယ်။ ဒီအပိုင်းကိုသာ အရှေ့မှာတင်လိုက်ရင်..သို့မဟုတ်..ဒီအပိုင်းမှာပါတဲ့စာတွေချည်း သပ်သပ်တစ်အုပ်ထုတ်လိုက်ရင်..စာအုပ်ခေါင်းစဥ်က အစ ဘယ်လိုဖြစ်သွားမလဲ..ကျွန်မတွေးမိတာလေးပါ..
    ADဟာ သူပေးချင်တဲ့ သုတကို အတုံးလိုက် အတစ်လိုက်မပေးဘဲ အရှေ့ပိုင်းမှာ 7Exes တွေနဲ့ Past Relatonship တွေကို ရသအပြည့်ပေးထားပြီး စာဖတ်သူကို သူပေးချင်တဲ့ Message လေးတွေ လာနားထောင်အောင်..ညင်သာစွာ ဆွဲခေါ်သွားခြင်းပါပဲ..ကျွန်မတောင်မျောပါသွားခဲ့ရပါတယ်။
    ကျွန်မအနေနဲ့ အသက်၄၀ ကျော်မှာ Relationship တွေနဲ့ပတ်သက်တဲ့ Healthy Divorce စာအုပ်ကို ထုတ်ခဲ့ပါတယ်..AD က အသက် ၂၀ ကျော်မှာ 7Exes ကို ထုတ်ခဲ့တယ်..ဒီစာအုပ် နှစ်အုပ်ဟာ အကြောင်းအရာတွေတူပေမဲ့..အမြင်တွေမတူတာဟာ အသက်အရွယ်..ရင့်ကျက်မှုနဲ့.. အတွေ့အကြုံတွေ ကွာခြားခဲ့လို့ပါပဲ..
    7Exesကတော့..
    သူ့အရွယ်နဲ့ သူ့အမြင် အင်မတန်မျှတဲ့အတွက် သူ့စာဖတ်ပရိတ်သတ်တွေ ကြွေဆင်းသွားမဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ပထမပိုင်းလေးဖတ်ပြီး ကိုယ့်အကြောင်းတွေကို မှန်ထောင်ပြနေသလို မြင်လာမိကြလိမ့်မယ်..သူတို့လိုချင်လို့ လိုက်ရှာနေကြတဲ့အဖြေတွေဟာ ဒုတိယပိုင်းမှာ ပါနေပါလိမ့်မယ်။
    အသက်ငယ်ပေမဲ့ ကျွန်မ လေးစားချစ်ခင်ရတဲ့ စာရေးသူတွေထဲမှာ AD လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်..သူ့စာလေးတွေဟာ ပေါ်ပင်လိုက်ရေးတာမဟုတ်ဘဲ Uniqueness တစ်ခုပါတယ်။ တစ်ခုခုတော့ ထူးခြား ခွဲထွက်တယ်..
    စာအုပ်ကလေးတွေဆိုရင်လည်း အချိန်ယူလုပ်ထားမှန်း အင်မတန်သိသာတယ်.. ADဟာ Creative Thinking သိပ်ကောင်းတယ်..စာအုပ်တွေမှာ စာတွေကိုစီစဥ် စုစည်းထားမှု Organizing Skills/Presentation လေးတွေ အမြဲလှပနေတတ်တယ်..ကျွန်မလည်း အတုယူရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

AD စာအုပ်များ