စိတ်အာဟာရများ(ဒုတိယတွဲ)

( 0 မှတ်ချက်)

3500 (ကျပ်)

စိတ်အာဟာရများ(ပထမတွဲ)စာအုပ်နဲ့ စာဖတ်ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဆရာကျော်ငယ်ရဲ့ စိတ်အာဟာရများ(ဒုတိယတွဲ)စာအုပ် ထွက်ရှိလာပါတော့မယ်။ ဒီစာအုပ်ဟာ ပထမစာအုပ်နဲ့ လုံး၀ မတူပါဘူး။ အကြောင်းအရာအသစ်၊ ချဉ်းကပ်တွေးတောပုံအသစ်နဲ့ တင်ပြဖွဲ့စည်းပုံအသစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ပထမစာအုပ်မှာ ပုံပြင်နဲ့ဝတ္ထုတိုအသစ်လေးတွေ ပါဝင်ပါတယ်။ ယခု ဒုတိယစာအုပ်မှာကျတော့ ပုံပြင်၊ဝတ္ထုတိုတွေအပြင် သမားရိုးကျအမြင်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့် အတွေးအခေါ်ဒသနအမြင်တွေ ပါဝင်ပါတယ်။

ဥပမာ – အချို့တွေက ပင်လယ်ထဲကို ကြယ်ငါးပစ်ဖို့ တိုက်တွန်းနေချိန်မှာ ဒီစာအုပ်က ပင်လယ်ထဲကို ကြယ်ငါးတွေ လုံးဝမပစ်ဖို့ ပိတ်ပင်ထားပါတယ်။ နောက် အခြားသူတွေက စာပေရဲ့ကောင်းကျိုးကိုပြောပြနေချိန်မှာ ဒီစာအုပ်က စာပေရဲ့အဆိပ်အတောက်ဆိုးကျိုးအကြောင်း ပြောပြထားပါတယ်။

ပြောရရင် သာမန်လူတွေရဲ့ ကလေးဦးနှောက်သာသာအသိအမြင်တွေကို လူကြီးဦးနှောက်ဖြစ်လာအောင် ဗားရှင်းမြှင့်ပေးလိုက်တဲ့ စာအုပ်တစ်အုပ်၊ နှုတ်ခမ်းကွေးပြီးပြုံးလာစေဖို့ထက် မျက်မှောင်ကြုတ်ပြီးတွေးသွားစေမယ့် စာအုပ်တစ်အုပ်လို့ ပြောလိုက်ပါရစေ …။

စာမျက်နှာ

271

စာအုပ်အရွယ်အစား

5.1 x 0.7 x 7.4inches

ပုံနှိပ်မှတ်တမ်း

ဆိပ်ကမ်းသာစာပေ၊ 2020 ဧပြီလ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်အာဟာရများ(ဒုတိယတွဲ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

စာအုပ် မိတ်ဆက်ခြင်း

 

 

 

 

ကျော်ငယ် စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ