စိတ်၏ဖြစ်တည်မှု
2000 (ကျပ်)
လူတွေ ဆုံးဖြတ်ချက်တွေ ဘယ်လိုချကြသလဲ
အချို့သူတွေ ဘာကြောင့် နာမည်တွေ မမှတ်မိတာလဲ..
ဘာသာစကားကို ဘယ်လိုဖွဲ့စည်းကြသလဲ
စိတ်ခံစားချက်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ…။
ယခုစာအုပ်တွင် စိတ်ပညာရှင်များနှင့် စိတ်ပညာ ဂိုဏ်းကွဲတွေအကြောင်းကစလို့ စိတ်ဖိစီးမှုဖြစ်ပေါ်လာပုံအကြောင်း၊ ဆိုရှယ်မီဒီယာနဲ့ အထီးကျန်မှုတွေက လူ့စိတ်အပေါ်သက်ရောက်ပူံတွေအကြောင်း၊ စွဲလမ်းမှုဖြစ်ပေါ်လာပုံတွေအကြောင်း၊ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပုံအကြောင်းနဲ့ အခြေခံဦးနှောက် ဖွဲ့စည်းတည်ဆောက်ပုံကစလို့ ဉာဏ်ရည်တုထွက်ပေါ်လာပုံအကြောင်းထိ စူးစမ်းလေ့လာထားသလို အိပ်မက်တွေ၊ မှတ်ဉာဏ်တွေနဲ့ စိတ်ခံစားချက်တွေက ဘာတွေကို လှစ်ပြနေသလဲအထိ စိတ်ပညာနဲ့ ပက်သက်လို့ သိသင့်သိထိုက်တာအားလုံးကို အလွယ်တကူနားလည်အောင် ဖော်ပြထားတဲ့အတွက် လူ့စိတ်အတွင်းပိုင်း အလုပ်လုပ်ပုံတွေကို စိတ်ဝင်စားတဲ့သူတိုင်း မုချဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 75 |
---|---|
စာအုပ်အရွယ်အစား | 5.1x 0.2 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2020 ဩဂုတ်လ၊ (ပ-ကြိမ်) |
5 in stock
Pyae Ar Kar –
စိတ်ဟာ ဦးနှောက်ထဲမှာ ရှိတယ်လို့ ကျွန်တော်တို့တွေ အကြမ်းဖျဉ်းသိကြပေမယ့် ဘယ်နေရာမှာရှိလဲဆိုတာ အတိအကျသိဖို့ကိုတော့ ပဟေဠိဖြစ်နေကြပါတယ် ၊ တစ်နည်းအားဖြင့် စိတ်ဟာ ထိတွေ့ကိုင်တွေလို့ မရတဲ့ နာမ်တစ်ခု မဟုတ်လား …
စိတ်ရဲ့အကြောင်းကို ကောင်းကောင်းသိဖို့ သိပ္ပံပညာရှင်တွေဟာ လေ့လာစမ်းသပ်မှုတွေကို အကြိမ်ကြိမ်အခါခါ ပြုလုပ်လျက်ရှိပါတယ် ၊ အလွန်အဆင့်မြင့်တဲ့ ပုံရိပ်ဖော်စက်တွေကိုအသုံးပြုပီး ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ဘယ်လိုခံစားချက်ကိုဖြစ်ပေါ်စေတာမျိုးတွေ နဲ့ လူတွေရဲ့ စိတ်တွေကို စမ်းသပ်ခြင်းအမျိုးမျိုးတွေ ပြုလုပ်ကြတယ်
စိတ်ကိုတိုးတက်ကောင်းမွန်အောင် နည်း ၃နည်းနဲ့ လုပ်လို့ရပါတယ် ၊ ပထမနည်းကတော့ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပင်မှုကိုလျော့ချခြင်း ၊ ဒုတိယနည်းကတော့ မှတ်ဉာဏ်တိုးတက်ကောင်းမွန်ခြင်း ၊ နောက်ဆုံးနည်းကတော့ ဦးနှောက်စွမ်းအားကိုမြှင့်တင်ခြင်းနည်းတို့ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှူကိုလျှော့ချဖို့ အကောင်းဆုံးနည်းကတော့ တရားထိုင်ရပါမယ် ၊ မှတ်ဉာဏ်တိုးတက်ကောင်းမွန်အောင် ဦးနှောက်လေ့ကျင့်ခန်းတွေလုပ်ရမယ် ၊ ဦးနှောက်စွမ်းအားကို မြှင့်တင်ဖို့ သင်ကြားခြင်းတွေ ၊ ဦးနှောက်အတွက် အာဟာရရှိတဲ့အစာစားခြင်းတွေ ပြုလုပ်ရပါမယ်
ယနေ့နည်းပညာခေတ်ကြီးမှာ AI (ဉာဏ်ရည်တု) တွေကို အသုံးပြုပီး လူ့ကိုယ်စား ပြဿနာဖြေရှင်းမှုတွေ ၊ လူ့အဖွဲ့အစည်း တိုးတက်ကောင်းမွန်မှုတွေ အတွက် ပြုလုပ်နေကြပါတယ် …..