စိမ့်
12500 (ကျပ်)
မြောက်ကယ်ရိုလိုင်းနားကမ်းရိုးတန်းက ဆိတ်ငြိမ်တဲ့မြို့ငယ်လေးဖြစ်တဲ့ ဘာကလေကိုးမှာ “စိမ့်တောထဲက မိန်းကလေး” ရဲ့ ကောလာဟလတွေဟာ နှစ်ပေါင်းများစွာကြာအောင် ခြောက်လှန့်နေခဲ့တယ်။ ၁၉၆၉ ခုနှစ် နှောင်းပိုင်းမှာ ရုပ်ရည်ချောမောတဲ့ ချေ့စ်အန်ဒရူးစ် သေဆုံးနေတာကို တွေ့ရှိတဲ့အခါ ဒေသခံတွေက စိမ့်တောထဲကမိန်းကလေးလို့ခေါ်တဲ့ ခိုင်ရာကလာ့ခ်ကို ချက်ချင်းဆိုသလို သင်္ကာမကင်းဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ခိုင်ရာက သူတို့ပြောသလို မဟုတ်ဘူး။ သိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သူမဟာ အိမ်လို့ မှတ်ယူထားတဲ့ စိမ့်တောထဲမှာ စင်ရော်ငှက်တွေကို မိတ်ဖွဲ့ရင်း သဲထဲမှာ သင်ခန်းစာတွေကို ရှာဖွေရင်း နှစ်အတော်ကြာအောင် သူမတစ်ယောက်တည်း ရှင်သန်ခဲ့ရတယ်။ ဒီလိုနဲ့ သူမဟာ တစ်စုံတစ်ယောက်နဲ့ ချစ်ကျွမ်းဖို့ မျှော်လင့်တောင့်တတဲ့အချိန်ကို ရောက်လာခဲ့တယ်။ မြို့ထဲက လူငယ်နှစ်ယောက်က သူမရဲ့ အရိုင်းဆန်တဲ့အလှတရားကို စိတ်ဝင်စားလာတဲ့အခါ ခိုင်ရာဟာ ဘဝစာမျက်နှာသစ်တစ်ခုကို သူမကိုယ်တိုင် ဖွင့်လှစ်ခဲ့တယ် … နောက်ဆုံး မတွေးဝံ့စရာကိစ္စ ဖြစ်လာတဲ့အခါမှာတော့ … ။
စာမျက်နှာ | 522 |
---|---|
စာအုပ်အရွယ်အစား | 6.0× 1 ×8.7 inches |
ပုံနှိပ်မှတ်တမ်း | Fortune Publishing House 2022 ဇွန်လ (ပထမအကြိမ်) |
7 in stock
Anonymous –
အရမ်းဖတ်လို့ကောင်းတဲ့စာအုပ်လေးပါ
Ma Mar Saw Mi (verified owner) –
Thank you so much for this translation.
I love this book sooo much!!