ငြိမ်းချမ်းမှုကိုရှာဖွေခြင်း

( 0 မှတ်ချက်)

3500 (ကျပ်)

▪️ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဟေမန်ဆူနမ် (Haemin Sunim) ရေးသားတဲ့ The Things You Can See Only When You Slow Down စာအုပ်ကို ဆရာမောင်သန်းမှ မြန်မာဘာသာပြန်ဆိုထားသည့် စာအုပ်ဖြစ်ပါတယ်။ မူရင်းစာအုပ်ဟာ နိုင်ငံခြားဘာသာပေါင်း ၃၀ ကျော်ထိ ဘာသာပြန်ထားပြီး အုပ်ရေသုံးသန်းကျော်ရောင်းချထားပြီးဖြစ်တဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

▪️ စာအုပ်မှာ အခန်း(၈)ခန်းပါဝင်ပြီး ဘ၀မှာ ကြုံတွေ့လာရနိုင်တဲ့ ရှုထောင့်ပေါင်းစုံကို တစ်ခုချင်းစီ ရေးပြထားပါတယ်။ အဲဒီအထဲမှာ အချစ်အကြောင်း၊ ခင်မင်မှုအကြောင်းတွေပါသလို အလုပ်အကြောင်း၊ စိတ်ခွန်အားဖြစ်စရာတွေလည်း ပါပါတယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသေချာ မရေရာဖြစ်နေရင်၊ ကိုယ့်ရဲ့ဝါသနာကိုမသိရင်၊ ကိုယ့်အကြောင်းကို ပို နားလည်လာဖို့နဲ့ ကိုယ့်ရဲ့ဝါသနာပါရာကို ရှာဖွေတွေ့ရှိဖို့ နည်းလမ်းတွေကို အကြံပေးထားပါတယ်။

▪️ အခန်းတစ်ခန်းစီကို အက်ဆေးတစ်ပုဒ်နဲ့စထားပြီး မှတ်သားဖွယ် အကြောင်းအရာခပ်တိုတိုလေးတွေကို နောက်ဆက်တွဲ ရေးပြထားပါတယ်။ အဲဒီ အကြံဉာဏ်တိုတိုလေးတွေဟာ သင့်ကို ရည်ရွယ်ပြီး ရေးထားပါတယ်။ အဲဒီ အကြံဉာဏ်တိုတိုလေးတွေဟာ သင့်ကိုရည်ရွယ်ပြီး ရေးထားပါတယ်။ ဒါမှသာ ဘ၀မှာ အခက်အခဲစိတ်ညစ်စရာတွေ ကြုံရတဲ့အခါ အဲဒီမက်ဆေ့စ် တိုတိုလေးတွေကို မှတ်မိပြီး ရှေ့ဆက်ဖို့ ခွန်အားရနိုင်မှာဖြစ်ပါတယ်။

▪️ စိတ်အာရုံစူးစိုက်မှု ပိုကောင်းလာဖို့၊ တရားမှတ်ဖို့အတွက် မှတ်ချက်တိုလေးတွေ ထည့်ရေးထားပါတယ်။ တချို့စာဖတ်သူတွေကတော့ ၀တ္ထုစာအုပ်ဖတ်သလို မြန်မြန်ဖတ်လိုက်ကြမှာပါ။ ဒါပေမယ့် စာရေးသူ အကြံပြုလိုတာကတော့ အချိန်ယူပြီး အေးအေးဆေးဆေး ဖတ်ဖို့ပါ။ အခန်းတစ်ခန်းပြီးတိုင်း ကိုယ်ဖတ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားပါ။ ပြီးမှ နောက်တစ်ခန်းကို ဆက်ဖတ်ပါလို့ အကြံပြုထားပါတယ်။

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၀ ဇူလိုင်လ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငြိမ်းချမ်းမှုကိုရှာဖွေခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်သန်း စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ