သင့်ဘဝအတွက် ဒုတိယအခွင့်အရေး

( 1 မှတ်ချက်)

4000 (ကျပ်)

စာမျက်နှာ

306

စာအုပ်အရွယ်အစား

5.9 x 0.8 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2019 မေလ၊ (ပ-ကြိမ်)

Out of stock

သင့်ဘဝအတွက် ဒုတိယအခွင့်အရေး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Motivated Yourself

    “တစ်ချိန်တုန်းက……လူတစ်ယောက်သည် ကျောင်းတက်၊ အလုပ်လုပ်၊ အငြိမ်းစားယူပြီး လက်ကျန်ဘဝတစ်ခုလုံး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်သည်။
    တစ်ချိန်တုန်းက…..လုပ်စရာရှိသည်မှာ အိမ်တစ်လုံးဝယ်၊ အိမ်စျေးတက်လာလျှင် ချမ်းသာပြီဖြစ်သည်။
    တစ်ချိန်တုန်းက……ကောလိပ်ဘွဲ့ရဆိုသည်မှာ လစာများများရမည်ဟုဆိုလိုသည်။
    ကံမကောင်းစွာပင် တစ်ချိန်တုန်းကသည် ကုန်ဆုံးသွားပြီဖြစ်သည်။ နတ်သမီးပုံပြင်လည်းအဆုံးသတ်သွားခဲ့ပြီ။ ကမ္ဘာကြီးသည်ပြောင်းလဲနေသည်။ ဆက်ပြီးလည်းပြောင်းလဲနေသည်…….” တဲ့
    ဟုတ်ပါတယ်….တစ်ချိန်တုန်းက….သည်ကျန်ခဲ့ပြီ……အဲ့ဒီတော့ ကျွန်မတို့အတွက် ဒုတိယအခွင့်အရေးရအောင် ဘယ်လိုလုပ်ကြမလဲ……ကျွန်မတို့နေ့စဥ် ရင်ဆိုင်နေရတဲ့ ပြဿနာအများစုထဲမှာ ငွေကြေးပြဿနာလည်း အနည်းနဲ့အများ ပါဝင်မယ်ထင်ပါတယ်……ဒီစာအုပ်လေးက သင့်အတွက် သင့်ပိုက်ဆံအတွက် သင့်ဘဝအတွက် ဒုတိယအခွင့်အရေးဖြစ်ပါတယ်……
    ငွေကြေးအကြောင်းစိတ်ဝင်စားသူ၊ ဖြစ်နိုင်ခြေရှိတဲ့ ငွေကြေးပြိုလဲမှုတွေကို လေ့လာလိုသူ၊ ငွေကြေးအခက်အခဲတွေမှလွတ်မြောက်လိုသူတွေ ဖတ်သင့်တဲ့စာအုပ်လေးပါ…….နိုင်ငံတကာ best seller စာအုပ်လေးဖြစ်တဲ့ Rich Dad Poor Dad စာအုပ်ရေးသားသူဖြစ်တဲ့ Robert T.Kiyosaki ရေးသားထားတဲ့ Second Chance: for Your Money, Your Life and Our World စာအုပ်လေးကို ဆရာလမင်းသောင်းထွန်း မှ ဘာသာပြန်ရေးသားထားပါတယ်…..
    Robert T.Kiyosaki ဟာဆိုရင် စီးပွားရေးမှာသာမက ပညာရေးမှာပါ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်…..ပညာရေးဆိုသည်မှာ ငွေကြေးပညာကို ဆိုလိုခြင်းဖြစ်ပါတယ်…..သူဘာကြောင့် ဒီလောက်အောင်မြင်ရသလဲ၊ ချမ်းသာနေရသလဲဆိုရင် ငွေကြေးပညာကိုတတ်လို့ပါတဲ့…..ဟုတ်ပါတယ်….ကျွန်မတို့ကိုကျောင်းတွေက ငွေကြေးပညာဆိုပြီး မသင်ကြားပေးလိုက်ပါဘူး…..ကျွန်မတို့ကျောင်းပြီးသွားလည်းငွေကြေးပညာ မတတ်မြောက်လိုက်ပါဘူး……ကျွန်မတို့မသင်ခဲ့ရတဲ့ ငွေကြေးပညာကို ဒီစာအုပ်လေးဖတ်ပြီး လေ့လာနိုင်ပါတယ်…..စာရေးဆရာကိုယ်တိုင်လည်း သူငွေကြေးဘယ်လိုလွတ်မြောက်မှုရခဲ့လဲ ဆိုတဲ့အတွေ့အကြုံနဲ့ နည်းလမ်းတွေကိုလည်း မျှဝေပေးထားပါတယ်…….
    ချက်ချင်း ကြီးပွားအောင်မြင်စေမယ့်နည်းလမ်းတွေ၊ အောင်မြင်ရေးနည်းလမ်းတွေ ပြောပြထားတာတော့မဟုတ်ဘူး…..ဒါပေမယ့်ကိုယ့်အခြေအနေကိုယ် သေချာစဥ်းစားချင့်ချိန်ပြီး ကျွန်မတို့ဘာလုပ်သင့်လဲ ကျွန်မတို့ရဲ့ပါရမီထူးတွေကိုရှာဖွေပြီး ဘယ်လို အသုံးချမလဲ ဆိုတာသိရင် ကျွန်မတို့လည်း ဒုတိယအခွင့်အရေးကိုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်……
    အရွယ်မရေး ငွေကြေးပညာတတ်ဖို့လိုအပ်တာမို့လို့ ငွေကြေးလွတ်မြောက်မှုရစေဖို့ ဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်လို့ပဲညွှန်းပါရစေ……
    Thae JM

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လမင်းသောင်းထွန်း စာအုပ်များ