ပညာတော်သင်ခံစားမှုအတွေ့အကြုံဆောင်းပါးများ
4000 (ကျပ်)
လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြသည် ရည်မှန်းချက်အတိုင်းဖြစ်လာရန် ကြိုးစားကြသည်။ တချို့က ကိုယ့်အားကိုယ်ကိုးကြိုးစားသည် တချို့က အထောက်အကူဖြင့် သွားကြသည် ဘွဲ့မရသေးသူက ဘွဲ့ရဖို့ ရည်မှန်းသည် ဘွဲ့တစ်ခုရယူက နောက်တစ်ဆင့် မဟာဘွဲ့ရချင်သည်။မဟာဘွဲ့ ရပြီးလျှင် ပါရဂူဘွဲ့ အတွက် ရည်မှန်းသည် တချို့က အဆင့်မြင့်ပညာကို နိုင်ငံတကာ တက္ကသိုလ်ကြီးများသို့ သွားရောက်သင်ယူချင်သည်။ ပညာရပ်သည် တန်ဖိုးရှိသလောက် ပညာသင်စရိတ်စကလည်း မြင့်မားသည် နိုင်ငံတချို့ဆိုလျှင် ပညာရေးကိုပင် စီပွားရေးလုပ်ငန်းအဖြစ် ကောင်းကောင်းသင်၍ ငွေကြေးကောင်းကောင်းယူသည်။ နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် အဆင့်မြင့် ပညာကို ငွေကြေးတက်နိုင်သော မိသားစုထဲမှ သားသမီးများသာ သင်ယူနိုင်သည်။ပညာ၏ တန်ဖိုးရှိပုံကို ” ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး ” ဟုခိုင်းနှိုင်းပြောကြသည်။ ” ပညာရွှေအိုးလူမခိုး ” ဟု တန်ဖိုးထားကြသည် တန်ဖိုးရှိသော ပညာကို သင်ယူရန် စရိတ်စကကြီးမားသဖြင့် ” ရွှေအိုးရှိမှ ပညာရ ” ဟု ပြောရတော့မည်။ ယခု စာအုပ်တွင်ပါရှိသော ဆောင်းပါးများသည် တရုတ်ပြည်မှာ ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသော မြန်မာပညာတော်သင်များ၏ အတွေ့အကြုံများ ရေးသားထားပါသည်။
စာမျက်နှာ | 379 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.9 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ရသယဉ်စွန်းတန်းစာပေ၊ ဧပြီလ 2022 (ပ-ကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ