စာရာမေတိခရီးသည်

( 0 မှတ်ချက်)

4000 (ကျပ်)

အမေရိကန်နိုင်ငံ နယူးဟေဗင်မြို့ (New Haven) ယေးတက္ကသိုလ် (Yale University) ပေဗိုဒီပြတိုက် Peabody Museum မှ မစ္စတာအိုလီဗာမီလတန် (Mr.Oliver Milton) နှင့်ဒေါက်တာ အာဒီအက်စတီး(Dr.R.D.Estes)တို့ သည် သားငှက်နှင့် တောရိုင်းတိရစ္ဆာန်များ ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းရေးအတွက် လေ့လာရှာဖွေစူးစမ်းရန် ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြပါသည်။
– မြန်မာနိုင်ငံအစိုးရ၏ခွင့်ပြုချက်အရ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ပြည့်နှစ်အတွင်းကချင်ပြည်နယ် မြောက်ပိုင်း ရေခဲတောင်ဒေသများ၊ ပီဘောင်အမဲဘေး မဲ့တော၊ ရှမ်းပြည်နယ်အတွင်းရှိ ရွှေဥဒေါင်းဘေးမဲ့တော၊ တနင်္သာရီတိုင်းရှိ ကလိန်အောင် သစ်တောကြိုးဝိုင်း၊ ငှက်သိုက်ကျွန်းများနှင့် စစ်ကိုင်းတိုင်းနာဂတောင်တန်းရှိ စာရာမေတိတောင်ထိပ်သို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၌ တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေသော တောတိရစ္ဆာန်များကို ရှာဖွေစူးစမ်း သုတေသန ပြုလုပ်သွားကြပါသည်။ ပျောက်ကွယ်လုနီးပါးဖြစ်နေသော တိရစ္ဆာန်များ၊ အထူးသဖြင့် ကြံ့သတ္တဝါများ၏ သဘာဝနေထိုင်မှုနှင့်နေထိုင်ရာဒေသများအကြောင်း အစီရင်ခံစာများနှင့်အတူ လက်ရှိဘေးမဲ့ကြိုးဝိုင်းများ ပိုမိုကောင်းမွန်စေရေး၊ လက်ရှိတောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးနှင့်အမျိုးသားရိပ်သာတောများ၊ တိုးချဲ့ရေးအတွက် စီမံကိန်းတစ်ခုရေးဆွဲတင်ပြသွားကြပါသည်။ ယင်းအဖွဲ့နှင့်အတူ စာရေးသူသည် ”စာရာမေတိ” တောင် သို့လိုက်ပါသွားရစဉ်က တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေထိုင်မှုနှင့် ရုက္ခဗေဒသုတေ သနပြုလုပ်ခြင်းများအကြောင်းကိုမူတည်၍ ဤ”စာရာမေတိ”ခရီးသည်စာအုပ် ကို ရေးသားပြုစုခဲ့ပါသည်။
– ဤစာအုပ်ကိုဖတ်ရှုရသောကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေသော အဖိုးတန်တောရိုင်းတိရစ္ဆာန်များကိုကျယ်ကျယ်ပြန့်ပြန့်ထိန်းသိမ်းသွားကြမည်ဆိုလျှင် စာအုပ်ကိုပြုစုရကျိုးနပ်ပြီဟု မှတ်ချက်ပြုထားပါသည်။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.2 × 0.3 × 8.1 inches

ပုံနှိပ်မှတ်တမ်း

ကိုနေ(မန်း)စာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စာရာမေတိခရီးသည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ချစ်ကိုကို စာအုပ်များ