မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ စိတ် စေတသိက်

( 0 မှတ်ချက်)

15000 (ကျပ်)

စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ပရမတ္တတရား လေးပါး ရှိသည်။ ဤလေးပါးသည် လောက၏ အနှစ်သာရတည်း။ ဤလေးပါးသည် လောက၏ အမြုတေ (အမတေ) တည်း။

စိတ်သည် အာရုံကို သိခြင်းလက္ခဏာတစ်ပါးတည်းသာ ဖြစ်သည်။ တစ်ခုတည်းသော အာရုံ၌ အတူတကွ ဖြစ်ကြသည့် စိတ်၊ စေတသိက်တရားတို့ကို ဘုရားရှင်သည် ဤသဘာဝကား တွေ့ထိမှု ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား စိတ် ဖြစ်သည်ဟု ပိုင်းခြားဝေဖန်၍ ပြတော်မူခဲ့သည်။
ပင်ကိုသဘောအားဖြင့် ဖြူစင်သော ပဏ္ဍရ သဘာဝတရားမျိုးချည်းသာ ဖြစ်သည့် စိတ်ကို ဇောခဏ၌ ညစ်နွမ်းကြောင်း ဥပက္ကိလေသ စေတသိက်တရား၊ ဖြူစင်ကြောင်း ဝေါဒါန စေတသိက်တရားတို့ကြောင့် ညစ်နွမ်းမှု၊ စင်ကြယ်မှု ဖြစ်ရသည်။
စေတသိက် ဟူသည် စိတ်၌ယှဥ်သော တရား၊ စိတ်နှင့်ယှဥ်သော တရား ဖြစ်သည်။ စိတ်သည် ယှဥ်ဖက် စေတသိက်တရားတို့ကို ဖြစ်ပေါ်စေသော အကြောင်းတရား ဖြစ်သည်။ စိတ်မဖြစ်လျှင် စေတသိက်များသည် သူတို့ချည်းသက်သက် မဖြစ်စွမ်းနိုင်ကြ။
ထိုစေတသိက်တို့သည် စိတ်သာလျှင် ရှေ့သွားခေါင်းဆောင် ရှိကြကုန်၏။ စိတ်သာ အကြီးအမှူး ဖြစ်ပြီး စိတ်က ဦးဆောင်သည်။ ထို့ကြောင့် စိတ်ကောင်း ရှိသည်၊ စိတ်နေစိတ်ထား ကောင်းသည်၊ စိတ်သဘောထား ကြီးသည်၊ စသဖြင့် စိတ်ကိုသာ အမွှမ်းတင်ကြသည်။

ကျေးဇူးရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး၏ အခြေပြုသင်္ဂြိုဟ်ကျမ်းနှင့် သင်္ဂြိုဟ်ဘာသာဋီကာကျမ်းတို့ကို အခြေခံရေးသားထားသော ဤစာအုပ်တွင် စိတ်အကြောင်း၊ စေတသိက်အကြောင်း အကျယ်တဝင့် ဖွင့်ဆိုချက်များ ပါဝင်သည်။

စာမျက်နှာ

373 (ကတ်ထူအဖုံး)

စာအုပ်အရွယ်အစား

6.2 x 0.8 x 8.8 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ၊ 2023 ဇူလိုင်လ၊ (ပ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ စိတ် စေတသိက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) စာအုပ်များ