ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ

( 1 မှတ်ချက်)

6000 (ကျပ်)

စာဖတ်ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝအပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇာတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှုရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန့်ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ်။

စာမျက်နှာ

316

စာအုပ်အရွယ်အစား

5.6 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2022 စက်တင်ဘာလ (သတ္တမအကြိမ်)

5 in stock

ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Myint Myat

    ဆရာမြသန်းတင့်ရဲ့ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများဆိုတဲ့စာအုပ်ဟာတစ်မျိုးလေးဆန်းဆန်းပြားပြားဖြစ်နေပါတယ်။ပြီးတော့ရေးသားထားတဲ့အနေအထားအရဝတ္ထုလို့ထင်ချင်စရာရှိပေမဲ့ဆရာကြီးမြသန်းတင့်ရေးပုံဟန်တွေကသာဝတ္ထုအနေအထားဘက်သွားပေမဲ့သူပြောချင်တဲ့အနေအထားရောက်အောင်ဆွဲခေါ်လာနိုင်တာကတော့တော်တော်လေးကောင်းပါတယ်။ဒီစာအုပ်ထဲမှာဆရာမြသန်းတင့်ဟာသူဖတ်ခဲ့ရတဲ့ဝတ္ထုတွေထဲကသူ့နှစ်သက်သဘောကျတဲ့ဇာတ်ကောင်တွေနဲ့သူ့စိတ်ကူးထဲမှာတွေ့ဆုံထားတာတွေကအတော်လေးသဘောကျစရာကောင်းသလိုသင်ယူစရာတွေလဲအများကြီးပါပါတယ်။ဒီစာအုပ်ထဲမှာသူဆက်ရေးချင်တဲ့ဝတ္ထုဆယ်ပုဒ်ကိုသူ့အမြင်ချည်းပဲသီးသန့်မရေးဘဲဝတ္ထုခုတွေထဲကဇာတ်ကောင်တွေနဲ့စကားပြောကြည့်ပြီးသူ့အမြင်ကိုယ့်အမြင်ကိုရေးသားထားတာလေးကတော်တော်လေးသဘောကျသရာကောင်းတဲ့အထဲထဲကသဘောကျစရာစကားတခုကဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ဝတ္ထုဖြစ်တဲ့သူဝတ္ထုထဲကဆရာဝန်မြင့်မောင်နဲ့ဆွေးနွေးတဲ့အပိုင်းကစကားတခွန်းကိုသဘောအကျဆုံးပါပဲ။”ကျွန်တော်တို့တွေဟာလူကောင်းတွေအတွက်သိုးငယ်လိုသိမ်မွေ့ပြီးလူဆိုးတွေအတွက်ဝံပုလွေလိုကြမ်းကြုတ်ရမယ်ဆိုတာပါပဲ”။တခြားဇာတ်ကောင်တွေနဲ့စကားပြောတဲ့အခန်းတွေကလဲပညာရစရာတွေ၊သင်ခန်းစာယူစရာတွေ၊သံဝေဂရစရာတွေအများကြီးပါတာကြောင့်ဖတ်သင့်တဲ့စာအုပ်တစ်အုပ်လို့ညွှန်းဆိုချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မြသန်းတင့် စာအုပ်များ