ဆာယာရုပ်ကြွင်း

( 1 မှတ်ချက်)

3000 (ကျပ်)

နာမည်အသင့်အတင့်ရ စာရေးဆရာမတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကား Accident ဖြစ်ကာ ဆုံးပါးသွားခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာတော့ သူ့ချစ်သူဟာ အသက်ရှင်နေသည်ဟု ထင်ယောင် ထင်မှားနဲ့ သူ့ချစ်သူနဲ့ အမြဲတမ်း ဖုန်းဆက်စကားပြောဖြစ်ပြီး အဆက်အသွယ် အမြဲရနေသလို ဖြစ်နေခဲ့သည်။ အမှန်တကယ်တော့ သူဟာ စိတ်ကျရောဂါကို ခံစားနေရပြီး ထင်ယောင်ထင်မှားလိုလို ဖြစ်နေခဲ့သူ။ တစ်နေ့သော အခါမှာတော့ ရထားပေါ်မှာ သူနှင့် ကောင်လေးတစ်ဦးနှင့် တွေ့ဆုံမိသည်။ ကောင်လေးကလည်း တစ်ခါတစ်ရံ စိတ်အတက်အကျရောဂါ ဖြစ်ပေါ်တတ်သောကြောင့် ရထားစီးရင်း သူမအပေါ် ရိုင်းပျသွားသလို ပြုမူမိလေသည်။ သူမက ကယ်တင်၍ ဆေးရုံလိုက်ပို့ခဲ့ရာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပြီး ကောင်လေးက အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကာ နောက်တစ်ခါတွေ့ဆုံရင် ကျေးဇူးပြန်ဆပ်ပါမည် ဖြစ်ကြောင်း ပြော၍ ဖုန်းနံပါတ် ပေးသွားခဲ့သည်။ အချိန်ကြာလာသောအခါ ကောင်လေးနဲ့ သူမတို့ အချင်းချင်း ရင်းနှီးသွားကြပြီး ကောင်လေးက သူမကို ချစ်ခွင့်ပန်သောအခါ သူမဟာ ကောင်လေးကို စိတ်နာအောင်ပြောပြီး သူ့မှာချစ်သူရှိကြောင်း၊ ယခု သူ့ချစ်သူနဲ့အတူတူ အေးချမ်းတဲ့နေရာမှာ တစ်ကမ္ဘာတည်ဆောက်ဖို့ သွားတော့မှာ ဖြစ်ကြောင်း ပြောသောအခါ အကြောင်းအရင်း အမှန်ကို သိနေသော ကောင်လေးက သူ့ရဲ့ချစ်သူဟာ တကယ် မရှိကြောင်းနဲ့ ထင်ယောင်ထင်မှား ပုံရိပ်များသာ ဖြစ်ကြောင်းကို ရှင်းပြသောအခါ သူမရဲ့ရောဂါကို ကုသဖို့အတွက် ဆေးရုံတက်၍ ဆေးကုသမှုကို ခံယူဖို့ တိုက်တွန်းခဲ့သည်။ နောက်ဆုံးမှာတော့ ထိုကောင်လေးနှင့် သူမတို့ ဘယ်လိုဆက်ဖြစ် ကြမလဲ စိတ်ဝင်စားဖွယ်ဖတ်ရှုရမည့် အချစ်ဇာတ်လမ်းလေး ဖြစ်သည်။

စာမျက်နှာ

173

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်)

6 in stock (can be backordered)

ဆာယာရုပ်ကြွင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. zawmoe

    ကောင်းပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခေတ်ရှေးညို စာအုပ်များ