ပထမံဆရာသိန်း

( 1 မှတ်ချက်)

7000 (ကျပ်)

ပထမံဆရာသိန်း စာအုပ်ကို ဖတ်ဖူးကြတဲ့သူတိုင်းက ဆရာကြီး ရွှေဥဒေါင်း ထွက်ရှိသမျှထဲမှာ အကြိုက်ဆုံးထဲက တစ်အုပ် ဖြစ်တယ်လို့ ဆိုကြတယ် ..ဒီစာအုပ်ရဲ့ ပထမပိုင်းမှာ ပထမံဆရာသိန်းဟာ ဂါထာမန္တရားအတတ် ၊ စိတ်ညို့ခြင်းအတတ် ၊ ရုပ်ပြောင်းရုပ်လွှဲအတတ်တို့ကို အသုံးချပြီး တိဗက်မှာရှိတဲ့ ပျောက်ကွယ်တိမ်မြုပ်နေသော အာတပ္ပနဗေဒင်ကျမ်းကို ယုံကြည်စိတ်ချရတဲ့ တပည့်တွေနဲ့ သွားရှာတဲ့ ဇာတ်လမ်းလေးဖြစ်တယ် .. ဒုတိယပိုင်းမှာတော့ အာတပ္ပနဗေဒင်ကျမ်းကိုရဖို့ တရားသည် မတရားသည် မစဉ်းစားတော့ဘဲ အားထုတ် လုံ့လပြုခဲ့တဲ့ မကောင်းမှုကံရဲ့ အကျိုးဆက်ကို သူပြန်ခံရတော့မယ့် အကြောင်းဖြစ်တယ် .. စွန့်စွန့်စားစား ခရီးကြမ်းတွေ ၊ ဂမ္ဘီရအကြောင်းတွေ ၊ ထူးထူးခြားခြား ဖြစ်ရပ်ဆန်းတွေကို ကြိုက်နှစ်သက်သူတွေကတော့ လက်ကမချချင်တမ်း ဖတ်ဖြစ်သွားစေမယ့် စာအုပ်ပဲ ဖြစ်ပါတယ် ။
စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2022 ဒီဇင်ဘာလ ၊ (ပထမအကြိမ်)

17 in stock

ပထမံဆရာသိန်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat (verified owner)

    ငယ်ငယ်တုန်းကဆိုရင်
    သဘောကျရတဲ့ စာအုပ်အမျိုးအစားက
    လျို့ဝှက်ဆန်းကြယ် မဂ္ဂဇင်းလို
    စာအုပ်မျိုးပဲ။

    ကျွန်မတို့ မြို့ကလေးက
    ညစျေးတန်းကို သွားတိုင်း…
    (ကြိုက်ရာယူ ၃အုပ်၁၀၀၀ပဲပေးခဲ့ရတာ)
    တခြားအရာတွေထက် အဲ့ဒီစာအုပ်တွေကိုပဲ မက်မက်မောမော ပူဆာခဲ့မိတာပေါ့။
    အခုလို ပြောနေရင်းတောင်
    အဲ့အချိန်တွေ လွမ်းမိသွားတယ်။🥰

    အခုနောက်ပိုင်းဖတ်ဖြစ်တဲ့စာအုပ်တွေထဲ အဲ့လိုစာမျိုးတွေ သိပ်မဖတ်ဖြစ်တော့ဘူး။ဒီတိုင်း အလှမ်းဝေးသွားတာပေါ့။

    ဒီနေ့တော့ ဆရာကြီး ရွှေဥဒေါင်းရဲ့
    “ပထမံဆရာသိန်း” စာအုပ်လေး
    ဖတ်ဖြစ်ရင်း အရင်တုန်းက
    ရခဲ့တဲ့ အဲ့ဒီ ခံစားချက်လေး
    ပြန်ရလာတာပါပဲ။💫

    “အာတပ္ပနဗေဒင်ကျမ်း”ကို လိုချင်လို့
    ထူးခြား ဆန်းကြယ်မှုပေါင်းစုံနဲ့ အခက်အခဲတွေ ကြားကနေ
    ပထမံဆရာသိန်းနဲ့ တပည့်ကိုကျင်စိန်တို့ အမျိုးစုံ ကြုံတွေ့ ဖြတ်သန်းခဲ့ပုံတွေကို
    စာအုပ်ရဲ့ ပထမပိုင်းမှာ ဖတ်ရှုရမှာ
    ဖြစ်ပါတယ်။

    ဒုတိယပိုင်းမှာတော့….
    မကောင်းမှုအကုသိုလ်လုပ်မိရင်
    ဘယ်လို ပညာတွေ တတ်မြောက်ပါစေ၊
    ညဏ်ကောင်းပါစေ၊ ရှောင်လွှဲလို့မရနိုင်ကြောင်းကို တွေ့မြင်ခံစားရမှာ
    ဖြစ်ပါတယ်။

    ကိုယ်တွေ လက်လှမ်းမမီနိုင်တဲ့
    တချို့သော ဆန်းကြယ်တဲ့အကြောင်းအရာတွေကိုပါ ဗဟုသုတရဖွယ်
    ဖတ်ရှုရမဲ့ စာအုပ်လေးပါ။

    ထူးခြားတဲ့ ရုပ်ပြောင်းရုပ်လွဲ
    ပညာရပ်တွေ၊ ဂါထာမန္တာန်အတတ်တွေနဲ့
    ဆရာသိန်းရဲ့ ဖြတ်ထိုးညဏ်ကောင်းမှုတွေကြောင့် ဖတ်ရတာ
    စိတ်လှုပ်ရှားစရာလည်း ကောင်းတာမို့
    ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ကြဖို့
    ညွှန်းချင်ပါတယ်။💫

    #ရွှေဥဒေါင်း
    #ပထမံဆရာသိန်း
    #စာရိပ်မြိုင်စာပေ
    #အဌမအကြိမ်
    #bookno14

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ရွှေဥဒေါင်း စာအုပ်များ