ဆာကူရာထက်လှပါစေ

( 0 မှတ်ချက်)

3700 (ကျပ်)

ဂျပန်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ စာရေးဆရာ လူခါးဟာ သူဖြတ်သန်းသွားလာခဲ့တဲ့ ဘဝခရီးတစ်လျှောက် တွေ့ကြုံခံစားသိမြင်ခဲ့ရတာတွေကို နောက်ထပ်ခရီးသွားတွေ သိမြင်ရှောင်ကွင်းသွားလာစေလိုတဲ့ စိတ်စေတနာမျိုးနဲ့ဒီစာအုပ်ကို ရေးသားထုတ်ဝေလိုက်ရတာပါ လို့အမှာစာမှာ ဆိုထားပါတယ်။
ဒီကနေ့ကမ္ဘာမှာ ဂျပန်လို့ဆိုလိုက်တာနဲ့ နိုင်ငံတော်တော်များများက မော့ကြည့်ခံရတဲ့ ၊အားကျခံရတဲ့ နိုင်ငံဆိုတာ အားလုံးသိကြပါတယ်။အဲဒီလို အားလုံးမော့ကြည့်နေရတဲ့ ဂျပန်နိုင်ငံကို ကျွန်တော်တို့မြန်မာနိုင်ငံကနေလည်း မော့ကြည့်နေခဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီရှိခဲ့တဲ့ လူတွေထဲကမှ တချို့တချို့သော လူတွေက ဂျပန်နိုင်ငံကို ရောက်သွားကြပါတယ်။ တချို့က ပညာသင်ယူဖို့။ တချို့က စီးပွားရှာဖို့။ တချို ကလည်ပတ် အပန်းဖြေဖို့။အဲဒီလိုရောက်သွားကြသူတွေထဲကမှ ဆရာလူခါးက ကျွန်တော်တို့လုံးဝသိမထားသေးတဲ့၊ ရှိနေလိမ့်မယ်လို့တောင် ထင်မထားတဲ့ ဂျပန်ရောက်မြန်မာလူမျိုး တချို့ရဲ့ ကန်လန့်ကာနောက်ကွယ်က အကြောင်းအရာတွေကို သူထိတွေ့ခံစားခဲ့ရတဲ့အတိုင်း ရဲရဲဝံ့ဝံ့ စနစ်တကျရေးဖွဲ့တည်ဆောက် ချပြထားတာကို ဒီစာအုပ်ထဲမှာ တွေ့ရပါတယ်။
ဒီစာအုပ်ကို ဖတ်နေရင်း စာဖတ်သူဟာ စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့အတူ လှိုင်းထန်တဲ့ ပင်လယ်ပြင်ထဲ ကူရာကယ်ရာမဲ့ ရောက်ရှိနေသလို အသဲတလှပ်လှပ်၊ တက်တခေါက်ခေါက်၊ အံသြ မင်တက်စရာတွေ မြင်တွေ့ သွားနိုင်ကြမှာပါပဲ။ သင့်မှာ ဂျပန်ကို သွားမယ်ဆိုတဲ့ စိတ်ကူးမျိုးရှိနေခဲ့ရင်တော့ ဒီစာအုပ်ကို ဖတ်ပါ။ ဒါမှမဟုတ် သင့်မိတ်ဆွေ တစ်ယောက်ယောက်က ဂျပန်ကို သွားဖို့လုပ်နေတယ်ဆိုရင်တော့ ဒီစာအုပ်ကို ပေးဖတ်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

စာမျက်နှာ

252

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အညာနေစာပေ၊ 2019 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆာကူရာထက်လှပါစေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လူခါး စာအုပ်များ