စကားမပြောနဲ့တဲ့

( 0 မှတ်ချက်)

5000 (ကျပ်)

📕 မြန်မာစာပေ ရှဲဒိုးခေတ်အကြောင်း အမှတ်ထင်ထင် ဖြစ်အောင် ပြန်ရေးကြတာမျိုး မဖတ်ဖူးခဲ့ပါ။ ယုံကြည်ချက်ဖြင့် ကိုယ်တိုင်ကြိုးစား ရေးသားနေသူ တစ်ဦးဦးက တစ်နေ့နေ့တော့ ရှဲဒိုးအတွင်းရေးတွေ ဖွင့်ချလိမ့်မည်ဟု မျှော်လင့်ခဲ့ပါသည်။ ကျွန်တော်ပဲ စာဖတ်မနှံ့လို့ ဖြစ်မည်။ 📕 စမ်းစမ်းနွဲ့(သာယာဝတီ)က ၁၉၈၄ မှာပင် “စကားမပြောနဲ့တဲ့” ဟူသော ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးပြီကို ယခုမှပင် သိရသည်။ ဤဝတ္ထုတွင် ဇနီးသည် ဖြူဖြူခင်ကို အရောင်းသွက် စူပါစာရေးဆရာမ (အမျိုးသမီးစာရေးဆရာ) ယမင်းဖြူသွယ် အဖြစ်သို့ စီးပွားရေး လာဘ်မြင်သူ သူ့ခင်ပွန်း ကိုလွမ်းအောင်၏ ပယောဂဖြင့် ရောက်သွားသည်။ ကိုယ်မရေးဘဲ ရေးသူအမည်ခံနေရသူအဖို့ စူးစမ်းသူများ၊ စာတမ်းပြုစုလိုသူများနှင့် တွေ့လျှင် ကပေါက်တိကပေါက်ချာ အိုးနင်းခွက်နင်းတွေ ဖြစ်မည်စိုး၍ စကားများများပြောလျှင် မောတတ်သူ၊ လူသုံးလေးယောက် ဝိုင်းအုံလျှင်နှလုံးရောဂါ ရတတ်သူအဖြစ် ဖန်တီးပေးထားသည်။ 📕 “စကားတွေ သိပ်မပြောနဲ့ မောမယ်” ဆိုသော စကားလုံးက ဤဝတ္ထု၏အသက် ဖြစ်သွားသည်။ 📕 အလွန်ရဲတင်းစွာနှင့် အလွန်သပ်ရပ်စွာ ရေးသွားသောဇာတ်လမ်း ဖြစ်ပါသည်။ 📕 မြန်မာစာပေနယ်၏ ခေတ်ဆိုးတစ်ခေတ်ကို ထင်ဟပ်ပြထားပါသည်။ (ကျော်စောမင်း)

စာမျက်နှာ

154

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စကားမပြောနဲ့တဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စမ်းစမ်းနွဲ့(သာယာဝတီ) စာအုပ်များ