ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်

( 2 မှတ်ချက်)

3000 (ကျပ်)

စာရေးသူဟာ ဂျပန်နိုင်ငံသူတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့မှာနေစဉ်က မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ရင်းနှီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ကာလတွေမှာလည်း မိတ်ဆွေကောင်းပီပီ ဒေါ်အောင်ဆန်းစုကြည်မိသားစုကို စောင့်ရှောက်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် မသိလိုက်ရတဲ့ ခင်ပွန်းရဲ့ နောက်ဆုံးအချိန်တွေ၊ မိခင်ရင်ခွင်မဲ့ မိသားစုတစ်စုအနေနဲ့ ရုန်းကန်ခဲ့ရတာတွေကိုရေးသားထားတာ ဖြစ်ပါတယ်။
ပြင်ပမီဒီယာတွေမှာ မြင်တွေ့ဖို့ မလွယ်တဲ့ မိသားစုအမှတ်တရ ဓာတ်ပုံတွေအပြင် မိခင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေကိုပါ မြင်တွေ့ရမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်..

စာမျက်နှာ

173

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 သြဂုတ်လ (တ-ကြိမ်)

Out of stock

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Theint Theint Khaing

    ကျမတို့တွေ အမေစုအကြောင်း စာတွေ စာအုပ်တွေ ဖတ်ဖူးလိမ့်မယ်။ ရုပ်ရှင်တွေလဲ ကြည့်ဖူးကြပါလိမ့်မယ်။
    ဒါပေမယ့် ဒီစာအုပ်က ကျမတို့ မသိသေးတဲ့ မိုက်ကယ်နဲ့အမေစု တွေ့ဆုံခဲ့ပုံ၊ မိုက်ကယ်မှတဆင့် မူရင်းစာရေးသူ နိုချီကို အိုစုနဲ့အမေစုတို့ ခင်မင်ရင်းနှီးခဲ့ပြီး သူငယ်ချင်းများ ဖြစ်ခဲ့ပုံတွေ၊ အင်္ဂလန်တွင် ပညာအတူသင်ကြားခဲ့ပုံတွေ၊ မိုက်ကယ်တို့မိသားစုနှင့် နိုချီကို အိုစုတို့ရင်းနှီးကျွမ်းဝင်ခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေသဘောထားနှင့် မိသားစုစိတ်ဓာတ်ကို သိရှိခဲ့ပုံတွေ၊ ၈၈ အရေးအခင်းမတိုင်မီ မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းတာကြောင့် အမေစု
    ရန်ကုန်သို့ ပြန်သွားခဲ့ချိန်မှာပဲ ၈၈ အရေးအခင်းကြီးလဲ ပေါ်ပေါက်လာပြီး လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတဲ့အခါ မိုက်ကယ်က “မြန်မာလူထုက သူ့ကိုလိုအပ်လာတဲ့အခါ ကျွန်တော် အဲဒီလမ်းကို မပိတ်ပင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားသည့် ကတိအတိုင်း နိုင်ငံရေးလုပ်ရန် ခွင့်ပြုပေးခဲ့တာတွေကို ဖတ်ရတာ ရင်နင့်စရာလဲ ကောင်းလှပါတယ်။ နောက် အမေစုတစ်ယောက်မိသားစုနဲ့ ရှင်ကွဲကွဲခဲ့ရတာကို ကြည့်ပီး အမေစုတစ်ယောက်တည်း ဒီနိုင်ငံအတွက် ပေးဆပ်ရတာ မဟုတ်ဘဲ တစ်မိသားစုလုံးပါ ပေးဆပ်လိုက်ရတယ်ဆိုတာကို ဒီစာအုပ်ဖတ်ပီး နားလည်လိုက်ရတယ်။ မိုက်ကယ်ကတော့ သနားစရာပါ ကောင်းလှပါတယ်။ မသေခင်တစ်ခေါက်လောက် အမေစုကို တွေ့ချင်တာကို မြန်မာပြည်က ခွင့်မပြုလို့ မတွေ့သွားရရှာပါဘူး။ ဒီစာအုပ်ကနေ အမေစုရဲ့ မိသားစုဘဝ၊ စိတ်နေသဘောထားများ၊ ကိုယ်ကျိုးကို
    မကြည့် တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။

  2. Lain Lain

    အ မေစု ရဲ့ ဘဝ အကြောင်း တစေ့တစောင်းပါ
    ပုံမှန်ဖတ်ဖူးနေကျ အကြောင်းအရာများနဲ့ ကွဲထွက်ပြီး အမေစုရဲ့ မိသားစု ဘဝ ဖြတ်သန်းခဲ့ရပုံတွေကို သိရှိနိုင်မှာပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

မသီတာ (စမ်းချောင်း) စာအုပ်များ