စာအိတ်အမှတ်(၆)
3000 (ကျပ်)
စာအိတ်တွေ တစ်အိတ်ပြီး တစ်အိတ် .. တစ်စောင်ပြီး တစ်စောင်… ဖွင့်ဖောက်ဖတ်ကြည့်ဖို့ စောင့်မျှော် နေသူတစ်ယောက်၊အမြဲအဆင်သင့်ဖြစ်နေခဲ့ချိန်မှာ စွန့်ခွာသွားသူ တစ်ယောက်နဲ့ စွန့်ခွာထားခံခဲ့ရသူ တစ်ယောက်ဟာ အသွင်တစ်မျိုးစီနဲ့ မလှမ်းမကမ်းဆီမှာ ရပ်တန့်နေကြတယ်။ တူညီမှုတွေ ကိုယ်စီနဲ့ မတူညီတဲ့ ခံစားချက်တွေကြောင့် တစ်စုံတစ်ဦးဟာ နာကျင်ဖို့ ဖြစ်လာခဲ့လေတယ်အကြောင်းရင်း ရှာမရဘဲ ပစ်သွားသူ တစ်ဦးကို လိုက်ရှာနေသူရော၊အကြောင်းရင်းကို သိရပေမဲ့ လွှတ်ချနိုင်မှုကို ခံရခက်သူရောဟာ ဝေဒနာချင်း ဆင်တူ ပါလိမ့်မယ်။ ချစ်မေတ္တာဟာ သင်းမြနွေးထံကနေ စတင် စီးဆင်းလာသလား…ဒေဒေးဆီမှာ ပေါက်ဖွားလာ သလား…ဆိုတာ ရယ်၊တောင်နေကြာတွေ ပွင့်တဲ့အရပ်မှာ ဆုံစည်းခဲ့ကြတဲ့ ပန်းစည်းပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲ ဆိုတာရယ်…ကိုသိရဖို့ကတော့ “စာအိတ်အမှတ် (၆)” မှာပဲ မူတည်နေပါတယ်။အတိတ်နှင့်ပစ္စုပ္ပန် ကြားမှာ ချစ်ခြင်းတရားကြောင့် နာကျင်ရခြင်း၊လွမ်းမောရခြင်းတို့ ပါဝင်တဲ့ ” နိုရှီ ” ရဲ့ “စာအိတ်အမှတ် (၆)” မှာပဟေဠိများဖြင့် ပြည့်နှက်နေသော စိတ်ဝင်စားဖွယ် ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။
စာမျက်နှာ | 72 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2022 ဇူလိုင်လ (ပ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ