စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် (20% OFF)

( 0 မှတ်ချက်)

4000 (ကျပ်)

၁၉၈၁ ခုနှစ် အမျိုးသားစာပေဆုရွေးချယ်ရေးအဖွဲ့၏ သုံးသပ်ဆုံးဖြတ်ချက်က ” ကြူကြူသင်း၏ စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် လက်ရွေးစင် ၀တ္ထုတိုများစာအုပ်၌ လူ့ဘ၀အခြေအနေမျိုးစုံ ၊ လူ့သဘာ၀နှင့် လူ့စရိုက်ဘက်စုံတို့ကို စာရေးသူ၏ ရိုးရှင်းသိမ်မွေ့သော ရေးနည်းရေးဟန်တို့ဖြင့် ပေါ်လွင်အောင် သရုပ်ဖော်ထားသည်ကို တွေ့ရသည် ” တဲ့ ..

ပထမအကြိမ်ထုတ်ဝေခြင်းနှင့် ဒုတိယအကြိမ် ထုတ်ဝေခြင်းမှာ နှစ်ပေါင်း ၄၀ ကွာဟခဲ့လေပြီ ။ နှစ်ပေါင်း လေးဆယ်အတွင်း စာဖတ်ပရိတ်သတ်တို့၏ အသက်အရွယ် အတွေ့အကြုံအလိုက် အတွေးအမြင် ၊ ခံစားမှုအကြိုက်တို့ ပြောင်းလဲနေမည်မှာ သေချာပါသည် ။ စာရေးသူကိုယ်တိုင် ကိုယ်ရေးဖွဲ့သည့် ၀တ္ထုပုံစံ ရေးနည်းရေးဟန် ၊ စကားအသုံးအနှုန်းစသည်တို့ ကွဲပြားခြားနားနေသည်ကို သတိထားမိပါသည် ။

ခေတ်တွေအမျိုးမျိုးပြောင်းသည် ၊ စနစ်တွေအမျိုးမျိုးပြောင်းသည် ၊ ခံယူချက်တွေအမျိုးမျိုးပြောင်းသည် ။ သို့သော် မပြောင်းမလဲ တည်ရှိသည်မှာ လူ့လောကထဲက ဇာတ်ကောင်များ၏ လူ့စရိုက် ၊ လူ့သဘာ၀ပင် ဖြစ်သည် ။ ထို့ကြောင့် လူကိုအခြေပြု၍ သရုပ်ဖော်သည့် စာပေများသည် မည်သည့်ခေတ် ၊ မည်သည့်စနစ်တွင်မှ ဘေးရောက်မသွားဘဲ အစဉ် အသက်၀င်နေစမြဲဖြစ်သည် ” ဟူ၍ ထင်ကြောင်း ဆရာမကြီး ကြူကြူသင်းက စကားနိဒါန်းတွင် ဆိုထားသည် ။

စာမျက်နှာ

234

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 မတ်လ၊ (ပ-ကြိမ်)

21 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စံပယ်တစ်ကုံး ဂမုန်းတစ်ပွင့် (20% OFF)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကြူကြူသင်း စာအုပ်များ