နှလုံးလမ်းကြောင်းမှာခံနေတယ့်ကျွန်းပေါ် စံပယ်ပွင့်တွေစိုက်ရအောင်
3500 (ကျပ်)
“မိဘ
—————-
ကမ္ဘာပေါ်မှာ
အမေနဲ့အဖေကို အချစ်ဆုံးပဲလို့ ကျနော်ပြောတော့
အမေ့ကို ရှေ့ကထားလို့
အဖေမျက်နှာညိုတယ်
အဖေနဲ့အမေ့ကိုအချစ်ဆုံးလို့ ပြောတော့
အမေ့မျက်နှာညိုပြန်တယ်
ကျနော်လည်း မျက်နှာညိုရော
နှစ်ယောက်လုံးပြေးပွေ့ကြတယ်
ဒါပေမယ့်
အဖေက အရင်ပွေ့လို့တဲ့
အမေစိတ်ဆိုးနေလေရဲ့။”
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်)
စာမျက်နှာ | 203 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2020 နိုဝင်ဘာလ၊ (ပ-ကြိမ်) |
3 in stock
Ma Hla Hla Win –
ဒီစာအုပ်ကိုဖတ်ပြီးနောက်မှာ
ဆန်းကျော်စွာဝင်းရဲ့ အရေးအသားတွေကို
သဘောကျမိပါတယ်
အရင်ကလည်းသတိထားမိပေမယ့် ဒီစာအုပ်လေးနဲ့
ပိုပြီးအကျွမ်းတဝင်ရင်းနှီးမိတာပါ
“မိချွဲ”
နှင်းကလည်းနှင်းပီသအောင်ကျ
မင်းကလည်းမင်းပီသအောင်လှ
နှင်းစိုရွှဲတာဖြစ်ဖြစ်
မင်းငိုချွဲတာဖြစ်ဖြစ်
ဒီကမ္ဘာကြီးအအေးပတ်တယ်
မိုးဟာမိုးပီသအောင်တစ်ရက်မကွာပဲရွာ
မင်းဟာမင်းပီသအောင်ပြသနာပဲရှာ
စိုတာဖြစ်ဖြစ် ငိုတာဖြစ်ဖြစ်
ရင်ပင်လယ်ကြီးလှိုင်းထတယ်
လောကနီတိကျွမ်းကျင်ပုံများ
အငိုသံတဲ့ကလေး မုန့်စားရသလိုမျိုး
အချွဲသန်တဲ့မင်း အချစ်ခံရတာပဲ
ဆန်းကျော်စွာဝင်း
စာအုပ်အဖုံးလေးကိုဖတ်ကြည့်လိုက်တာနဲ့
ခေါင်းစဉ်လေးကိုက လူကိုဖတ်ချင်လာအောင်
ဆွဲဆောင်နိုင်တယ်
“နှလုံးလမ်းကြောင်းမှာခံနေတဲ့ကျွန်းပေါ် စံပယ်ပွင့်တွေစိုက်ရအာင်”တဲ့လေ
ကဗျာလေးတွေအရမ်းကြိုက်လို့ ဖတ်ဖြစ်ဖို့တိုက်တွန်းချင်ပါတယ်ရှင့်?