စံ
3500 (ကျပ်)
ကျွန်တော်တို့ သိတဲ့ ဇဏ်ခီ ဆိုတာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် ၊ ချစ်စရာကောင်းသော မိသားစုကို ပိုင်ဆိုင်ထားသူ ၊ သူ့ပုံတွေကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးပျော်ရွှင်နေသူ တစ်ယောက်ဖြစ်တယ် ။ ဘဝမှာ ဘာအခက်အခဲမှ မကြုံရဘဲ ပြီးပြည့်စုံနေတယ်လို့ ထင်ရတယ် ။ ကျွန်တော်တို့ အထင် မှန်ပါရဲ့လား ။
ဒီစာအုပ်ကို ဖတ်လိုက်မှ စိတ်ကျခြင်း ခံစားဖူးတဲ့ ဇဏ်ခီ ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ယူနေရတဲ့ ဇဏ်ခီ ကို တွေ့မြင်ရမှာပါ။ တစ်ခုရှိတာက ဒီဆောင်းပါးတွေဟာ အောင်မြင်ရေးအတွက် ၊ စိတ်ဓာတ်ခွန်အား ဖြစ်ရေးအတွက် ဆရာကြီးလုပ်တဲ့ စာတွေ မဟုတ်ဘဲ ဇဏ်ခီ ဆိုတဲ့ လူတစ်ယောက်ရဲ့ အတွေးအမြင် ၊ ခံယူချက် ၊ ဖြတ်သန်းမှု စတာတွေကို မိတ်ဆွေချင်း ပြောပြနေသလို ရေးထားတာတွေလို့ ဆိုချင်ပါတယ် ။
ရုပ်ရှင်အနုပညာ နဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ ပါသလို ၊ ကျောင်းပညာရေး မှာ Sex Education ဘယ်လောက် အရေးပါသလဲ ဆိုတာတွေရယ် မိဘနဲ့ သားသမီးကြား ထားသင့်တဲ့ စိတ်ထားလေးတွေကို အပြုသဘောေဆာင်တဲ့ အကြံပေးချက်လေးတွေပါ သိရမှာပါ ။
စာတစ်ပုဒ်ချင်းစီတိုင်း အတွက် ဆရာနေမျိုးဆေး ရေးဆွဲတဲ့ သရုပ်ဖော်ပုံတွေ ပါပြီး စာဖတ်ရင်း ပုံလေးတွေကိုပါ ခံစားလို့ ရနိုင်ပါတယ် ။
စာမျက်နှာ | 123 |
---|---|
စာအုပ်အရွယ်အစား | 5.1 × 0.3 × 7.4 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2020 ဒီဇင်ဘာလ၊ (ပ-အကြိမ်) |
Zaw Htet –
အသစ်ထွက်ရှိတိုင်း နယ်တွေကို အရောက်ပို့ပေးစေချင်ပါတယ်။
Aye Mya Mya Naing –
အနုပညာ၊ပညာရေး၊parenting နဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ဘဝမှာတွေ့ကြုံနေရတာတွေနဲ့ ဆက်စပ်ပြီး အတွေးအမြင်ကောင်းလေးတွေရရှိနိုင်မယ့် စာအုပ်ပေးပါ။ အငြင်းပွားစရာတွေအကုန် ရှင်းသွားစေမယ့် ထိမိတဲ့အချက်အလက်တွေနဲ့ ရေးဖွဲ့တင်ပြထားပုံကို အထူးသဘောကျမိပါတယ်
Thaik –
ဖတ်ရှိသူအတွက်အကျိုးရှိစေမယ့်စာအုပ်ကောင်းလေးပါ
Thin Thandar Htut –
အနုပညာ ဆိုတာ စကားလုံး နဲ့ ပက်သတ်ပြီး အများကြီး သိလိုက်ရတယ်