စမ်းချောင်းလေးရဲ့ခရီးစဉ်

( 1 မှတ်ချက်)

2000 (ကျပ်)

-လူအများရဲ ကြည်ညိုလေးစားမှုကို အဖိုးတန် အဝတ်အစားဝတ်ထားမှရတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ အပြုအမူနှင့် စိတ်နေစိတ်ထားပဲ ဖြစ်တယ်လို့ဆိုထားပါတယ်။
-စိတ်သဘောထားပြည့်ဝတဲ့သူဟာ Chanel, Pierre Cardin, Gucci,တွေထက် ပိုလှ၊ပိုအကြည့်ခံပုံ၊ စိတ်သဘောထားပြည့်ဝအောင်လုပ်ဖို့ရာ ငွေကုန်ကြေးကျခံနေစရာ မလိုကြောင်း၊ ဒေါသကိုထိန်းပြီး မကောင်းတဲ့အကျင့်တွေကိုပြုပြင်ပြီး သန့်ရှင်းတဲ့အတွေးကို တွေးကာ စိတ်ကြည်လင်အောင်နေထိုင်နိုင်ကြောင်း ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။
-ဘဝခရီးကိုဖြတ်သန်းရင်း မောပန်းသူ၊ နားလိုသူ၊စိတ်ဓာတ်ကျသူ၊တို့အတွက် ခါန်းအားဖြစ်စေမယ့် စာစုလေးများပဲ ဖြစ်ပါတယ်။

စာမျက်နှာ

192

စာအုပ်အရွယ်အစား

5.0 x 0.4 x 7.3 inches

ပုံနှိပ်မှတ်တမ်း

SYNERGY Publications စာပေ၊ 2017 သြဂုတ်လ၊ (ဒု-ကြိမ်)

စမ်းချောင်းလေးရဲ့ခရီးစဉ် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Mim Naing

    ဒီစာအုပ်က စာ ၂၆ ပုဒ်ပါဝင်ပြီး တစ်ပုဒ်ချင်းတစ်ပုဒ်ချင်း ပေါ့ပေါ့ပါးပါး ဖတ်နိုင်တော့ ကျွန်တော့်ကို တစ်ပုဒ်ဖတ်ပြီးတိုင်း တစ်ခါနားနားပြီး အတွေးတွေပွားများရှင်သန်စေခဲ့ပါတယ်။
    ရိုးသားမှုရဲ့ရလဒ်၊ မျှဝေခြင်းရဲ့ပီတိ၊
    မဖြစ်နိုင်တာတွေဟာ ဖြစ်နိုင်တာတွေ
    (Impossible means I’m possible)
    ကြိုးစားခြင်းရဲ့အသီးအပွင့်တွေ၊
    ကိုယ်ချင်းစာတရားတွေ၊
    မေတ္တာကရုဏာတွေကို ဒီစာအုပ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။
    ကျွန်တော်တို့လိုဘဝလမ်းမှာ ပင်ပင်ပန်းပန်းရုန်းကန်လှုပ်ရှားနေသူအတွက် စိတ်ခွန်အားပေးနိုင်တဲ့၊ နှစ်သိမ့်မှုကိုဖြစ်စေနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။ အကယ်၍များ မဖတ်ရသေးပါက ဖတ်ကြည့်သင့်တဲ့
    စာအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ