စံ

( 0 မှတ်ချက်)

3500 (ကျပ်)

ကျွန်တော်တို့ သိတဲ့ ဇဏ်ခီ ဆိုတာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် ၊ ချစ်စရာကောင်းသော မိသားစုကို ပိုင်ဆိုင်ထားသူ ၊ သူ့ပုံတွေကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးပျော်ရွှင်နေသူ တစ်ယောက်ဖြစ်တယ် ။ ဘဝမှာ ဘာအခက်အခဲမှ မကြုံရဘဲ ပြီးပြည့်စုံနေတယ်လို့ ထင်ရတယ် ။ ကျွန်တော်တို့ အထင် မှန်ပါရဲ့လား ။

ဒီစာအုပ်ကို ဖတ်လိုက်မှ စိတ်ကျခြင်း ခံစားဖူးတဲ့ ဇဏ်ခီ ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ယူနေရတဲ့ ဇဏ်ခီ ကို တွေ့မြင်ရမှာပါ။ တစ်ခုရှိတာက ဒီဆောင်းပါးတွေဟာ အောင်မြင်ရေးအတွက် ၊ စိတ်ဓာတ်ခွန်အား ဖြစ်ရေးအတွက် ဆရာကြီးလုပ်တဲ့ စာတွေ မဟုတ်ဘဲ ဇဏ်ခီ ဆိုတဲ့ လူတစ်ယောက်ရဲ့ အတွေးအမြင် ၊ ခံယူချက် ၊ ဖြတ်သန်းမှု စတာတွေကို မိတ်ဆွေချင်း ပြောပြနေသလို ရေးထားတာတွေလို့ ဆိုချင်ပါတယ် ။

ရုပ်ရှင်အနုပညာ နဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ ပါသလို ၊ ကျောင်းပညာရေး မှာ Sex Education ဘယ်လောက် အရေးပါသလဲ ဆိုတာတွေရယ်  မိဘနဲ့ သားသမီးကြား ထားသင့်တဲ့ စိတ်ထားလေးတွေကို အပြုသဘော‌ေဆာင်တဲ့ အကြံပေးချက်လေးတွေပါ သိရမှာပါ ။

စာတစ်ပုဒ်ချင်းစီတိုင်း အတွက် ဆရာနေမျိုးဆေး ရေးဆွဲတဲ့ သရုပ်ဖော်ပုံတွေ ပါပြီး စာဖတ်ရင်း ပုံလေးတွေကိုပါ ခံစားလို့ ရနိုင်ပါတယ် ။

စာမျက်နှာ

123

စာအုပ်အရွယ်အစား

5.1 × 0.3 × 7.4 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2020 ဒီဇင်ဘာလ၊ (ပ-အကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဇဏ်ခီ စာအုပ်များ