ဖောရက်စ်ဂမ့် နှင့်ရောင်းရင်းများ
4500 (ကျပ်)
ဖောရက်စ်ဂမ့်ကို ၁၉၈၅ ခုနှစ်မှာ အမေရိကန်စာရေးဆရာ ဝင်စတန်ဂရမ်းက ရေးသားခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ တွမ်ဟန့်ခ်နှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ စထုတ်ထုတ်ချင်းတွင် ဘက်ဆဲလားစာရင်းမဝင်ဘဲ ရုပ်ရှင်မှာ ဝက်ဝက်ကွဲပေါက်သွား၍ လူသိများလာပြီးမှ စာအုပ်က ဘက်ဆဲလားစာရင်း ဝင်သွားခဲ့ကြောင်း ရှေ့တစ်အုပ်မှာ ဖော်ပြခဲ့ပြီးဖြစ်သည်။ ရုပ်ရှင်၊၀တ္ထုတစ်ခုခု အောင်မြင်ကျော်ကြားသွားလျှင် ယင်းကို ခြေရာနင်း၍ နောက်ဆွဲတွဲ ဇာတ်လမ်း တစ်ခု ထပ်မံဖန်တီးတက်သည့် ထုံးစံအတိုင်း ဝင်စတန်ဂရွမ်းကလည်း ဖောရက်စ်ဂမ့်၏အဆက်မဖြစ် ယခု ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ (Gump & Co.)ကို ၁၉၉၅ မှာ ဆက်လက်ရေးသားခဲ့သည်။ဤ၀တ္ထု အခြေခံ၍ အဲရစ်ရို့သ်က ဇာတ်ညွှန်းရေးသားခဲ့သော်လည်း စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြောင့် ချောင်ထိုးခံလိုက်ရသည်မှာ ယခုထိပင် ဖြစ်သည် မဟုတ်လျှင် တွမ်ဟန့်ခ်ပါဝင်သည် Forrest Gump,Gump Again ဟုအမည်ပေးရန် ကြံထားသော ထိုရုပ်ရှင်ကို ကြည့်ရှုကြရပေလိမ့်မည်။ယခုတော့ ပိုက်ဆံရှိ၍ ရိုက်ချင်သည့်တိုင် တွမ်ဟန့်ခ်ခမျာ အရွယ်လွန်သွားပြီဖြစ်၍ ဖောရက်စ်ဂမ့်ကို ဆက်လက်မြင်တွေ့လိုသူတွေခမျာ စာအုပ်အနေဖြင့်သာ ဖတ်ရှုခံစား၍ အလွမ်းဖြေကြရတော့မည်ဖြစ်သည်။
စာမျက်နှာ | 269 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.6 x 8.2 |
ပုံနှိပ်မှတ်တမ်း | မဟာစာပေ၊ 2022 မတ်လ(ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ