သားအတွက် စကားလက်ဆောင်(ပေါင်းချုပ်) (Pre-Order)

( 0 မှတ်ချက်)

10000 (ကျပ်)

သမီးလေးဖတ်ဖို့စာအုပ်များနဲ့ ကျော်ကြားတဲ့ ဆရာကောင်းသန့်ကို စာဖတ်ပရိတ်သတ်တွေက သားအတွက်လည်း ရေးပေးပါဦးလို့တောင်းဆိုခဲ့ကြပါတယ်။
၂၀၀၉ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်ထိ သားအတွက်စကားလက်ဆောင် အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅) စာအုပ်များနှင့် နောက်ပိုင်းရေးသားခဲ့သည့် စာအုပ်များပေါင်းပြီး စကားလက်ဆောင်ပေါင်းချုပ်အဖြစ် ရေးသားထုတ်ဝေထားခြင်းဖြစ်ပါတယ်။
ယခုစာအုပ်တွင် လူ့လောကရဲ့ ဖြစ်ပျက်တတ်တဲ့သဘော တွေ့ကြုံရမယ့်လောကဓံကို ရင်ဆိုင်နိုင်ဖို့ အတွေးအသိနည်းလမ်းတွေမျှဝေပေးထားတာမို့ သားများအတွက်သာမက သမီးအရွယ်လူငယ်တွေအပြင် မိဘတွေပါဖတ်လို့ရပါတယ်။
အသိတစ်ခု၊ အတွေးတစ်ခုရပြီး ကိုယ့်ဘ၀အတွက် အသုံးချနိုင်ခဲ့မယ်ဆိုရင် ဒီစာအုပ်ရေးသားထုတ်ဝေရကျိုးနပ်ပါပြီလို့ စာရေးသူ ဆရာကောင်းသန့်ကဆိုထားပါတယ်။

” သား… ဘာပဲလုပ်လုပ် စိတ်စေတနာကောင်းထား။
မှားတဲ့ဘက်မှာ မနေနဲ့။ ချို့တဲ့သူကို စာနာပါ။
အကြင်နာစကားတွေ မျှဝေပေး။ အကောင်းဘက်က အမြဲတွေး။
တစ်ခုခုတော့ ရေးနေပါ။ အနာဂတ်ကို မကြောက်နဲ့ ။
လမ်းပျောက်မှာလည်း မပူနဲ့။ လူတွေကို​ ကူညီပါ။
စေတနာ အကျိုးပေးလိမ့်မယ်။ ယုံကြည်ချက် ခိုင်မာစေ။
မတွေဝေနဲ့ အလုပ်လုပ်။ အရှုပ်ထဲမှာ ရှင်းအောင်နေ။
ပျော်ရွှင်ပါစေ ဖေ့သားလေး။ “

စာအုပ်ထွက်မည့်ရက်

3.2.2021

စာမျက်နှာ

530

ပုံနှိပ်မှတ်တမ်း

ကောင်းသန့်စာပေ၊ 2021 ဖေဖော်ဝါရီလ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သားအတွက် စကားလက်ဆောင်(ပေါင်းချုပ်) (Pre-Order)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကောင်းသန့် စာအုပ်များ