စိတ်စေရာမှသည် အောင်မြင်ခြင်းဆီသို့…

( 3 မှတ်ချက်)

3500 (ကျပ်)

📙 အောင်မြင်တဲ့ ဘ၀တစ်ခုတည်ဆောက်ဖို့ လိုက်နာကျင့်ကြံအပ်တဲ့ စိတ်နေစိတ်ထားတွေ၊ ဘ၀နိတိတွေကို လူငယ်လူရွယ်တွေဖတ်ဖို့ရည်စူးရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ပါ….

လူတစ်ယောက်၏စိတ်သည် တစ်နေ့လျှင် အတွေးပေါင်းခြောက်သောင်းမကတွေးသည်ဟူ၍ ဖတ်မှတ်ခဲ့ဖူးပါသည်။ထိုကဲ့သို့သော အတွေးပေါင်းခြောက်သောင်းလုံးကို လက်တွေ့ဘ၀တွင် အကောင်အထည်ဖော်နိုင်ရန်မှာ မလွယ်ကူလှချေ။ ထိုအတွေးများထဲမှ မိမိအဖြစ်ချင်ဆုံးကို မိမိကိုယ်တိုင်သိရှိရန် ကြိုးစားရပါမည်။ ထိုရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် ဖြစ်ချင်စိတ်တစ်ခုတည်းဖြင့် ကြိုးစားရပါမည်။ သို့မှသာ စိတ်ကို ခိုင်းစေနိုင်သူဖြစ်လျက် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ပါသည်။

စာမျက်နှာ

163

စာအုပ်အရွယ်အစား

5.2 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

တေဇာဘုန်းမြင့်၊ 2021 ဒီဇင်ဘာလ(ပ-ကြိမ်)

1 in stock

စိတ်စေရာမှသည် အောင်မြင်ခြင်းဆီသို့… အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. May day

    ကိုယ်လိုချင်တဲ့အောင်မြင်မူပန်းတိုင်ကို ရဖို့အတွက် ကိုယ့်အတွက် စိတ်နေစိတ်ထားကအစ တက်ကြွလာအောင် လုပ်ပေးနိုင်တဲ့ စာအုပ်ကောင်းတအုပ် မို့ အရမ်းကြိုက်နှစ်သက်ပါတယ် ။ စာအုပ်လေးဖတ်ပီးများများတွေးမိပီး များများကြိုးစားချင်စိတ်တွေ ပိုပီးဖစ်လာရပါတယ်။

  2. Aye Chan Moe

    လူလတ်ပိုင်းတွေအတွက်ပဲမဟုတ်ပဲ လူကြီးတွေအတွက်ရော သားသားမီးမီးတို့အတွက်ပါ အများကြီးအကျိုးရှိမယ့်စာအုပ်လေးလို့မြင်ပါ‌တယ်😊
    ကိုယ့်တွေ့အတွေ့အကြုံကနေရခဲ့တဲ့သင်ခန်းစာတွေ ဘုရားဟောဖြစ်စဉ်လေးတွေ လူ့သဘာဝဖြစ်ပျက်တတ်တာတွေကို သဘာဝကျကျနဲ့ နားလည်လွယ်အောင်ရေးထားနိုင်လို့ ပွဲဦးထွက်စာအုပ်ပေမယ့်တကယ်ကိုဖတ်ရင်းတွေးရင်းနဲ့ပဲ ဆင်ခြင်စရာတွေအများကြီးရပါတယ်ဆရာ😊😊😊

  3. Daw Thandar Aung

    အရမ်းကောင်းပြီတကယ်တန်ဖိုးမဖြတ်နိုင်တဲ့စာအုပ်လေးပါ
    ဖတ်ကြည့်ပါ အချိန်ပေးရတာနဲ့တန်တဲ့ပိုပြီသာတဲ့အသိပညာတွေတန်ဖိုးဖြတ်မရတဲ့အတွေးအမြင်စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ
    ဘာသာရေးဆိုင်ရာတွေ လူငယ်လူလတ်လူကြီးမကျန်အကုန်လုံးနဲ့ကိုက်ညီတဲ့စာပေဗဟုသုတတွေ မိမိကိုယ်မိမိပြန်လည်သုံးသပ်မိပြီးအရမ်းအကျိုးရှိပါတယ်ရှင့်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

တေဇာဘုန်းမြင့် စာအုပ်များ