ကိုယ်မှာပင်နာသော်လည်းစိတ်မှာမနာအောင်

( 1 မှတ်ချက်)

1500 (ကျပ်)

စာမျက်နှာ

113

စာအုပ်အရွယ်အစား

5.1 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

နေရီရီစာအုပ်တိုက်၊ 2014 နိုဝင်ဘာလ (တ-ကြိမ်)

1 in stock

ကိုယ်မှာပင်နာသော်လည်းစိတ်မှာမနာအောင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Nilar Swe

    လူသားအားလုံးရဲ့ တူညီတဲ့အခွင့်အရေးတစ်ခုကတော့ မွေးဖွားပြီးရင် သေဆုံးကြရမှာပါပဲ။ ဒါပေမယ့် အတော်များများက သေခြင်းတရားဆိုတဲ့ခေါင်းစဥ်ကို မေ့နေတတ်ကြတယ်။ ရှင်သန်နေစဥ်အချိန်အတွင်းမှာ ဘဝရပ်တည်ဘို့အတွက် ကျိုးစားရုန်းကန် လှုပ်ရှားနေကြပြီး သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့လာမယ့်အချိန်အတွက် ပြင်ဆင်ထားဖို့ မေ့လျော့နေခဲ့ကြတယ်။

    #ဒီစာအုပ်ကလေးထဲမှာ ဝေဒနာပြင်းထန်စွာ ခံစားနေရစဥ် ကိုယ်မှာခံစားနေရသည့် ဝေဒနာများကို နာကျင်တယ် ကိုက်တယ် မူးတယ် မောတယ် စသဖြင့် လိုက်၍ ပြောဆိုခံစားနေလျှင် ဆူးနှစ်စူး အစူးခံရသလို ဆင်းရဲဒုက္ခနှစ်မျိုး ခံစားနေရကြောင်း တရားအသိနှလုံးသွင်း သတိလေးကပ်ပြီး စိတ်ကိုကြည့်နေမှ ကိုယ်ခန္ဓာနာသလို လိုက်ပြီးနာနေသည့်စိတ်က တိတ်သွားလို့ မြတ်စွာဘုရားဟောကြားထားတဲ့ ကိုယ်မှာပင်နာသော်လည်း စိတ်မှာမနာအောင်နေဆိုတာ ထိုကဲ့သို့နေရမှာပါလား# လို့ သဘောပေါက်မိပါတယ်။ တရားစာအုပ်သက်သက်မဟုတ်ပဲ တခြားဗဟုသုတရစရာ အကြောင်းလေးတွေလည်းပါတာမို့ ဒီစာအုပ်ကလေးကို ဖတ်ကြည့်ကြဖို့ ညွှန်းပါရစေရှင်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခင်စောတင့် စာအုပ်များ