


စိတ်၏ချမ်းသာမှုသာလျှင်
2500 (ကျပ်)
စိတ်၏ချမ်းသာမှုသာလျှင် ချမ်းသာမှုအစစ်အမှန်ဖြစ်သည်။
ဒီစကားလေးက ဘဝမှာ အမှုမဲ့အမှတ်မဲ့ဖြစ်နေကြတဲ့ စကားတစ်ခွန်းဆိုလည်းမမှားဘူး။ ကျွန်တော်တို့အားလုံး စိတ်ချမ်းသာမှုကို လိုလားတဲ့သူတွေချည့်ပဲ။ ဒါပေမယ့် တကယ့်တကယ်တမ်း ကျတော့လည်း စိတ်ချမ်းသာမှုကို လိုသလောက်ရနေသလား လို့ပြန်မေးရင် အားလုံးရဲ့ အဖြေက “ဟင့်အင်း” ပဲ ဖြစ်လိမ့်မယ်။ ဒီကာလမှာဆို ပိုတောင် ဆိုးတာပေါ့။
တစ်ခါတလေကျတော့ စိတ်ဆင်းရဲနေရခြင်းရဲ့ အကြောင်းခံက ပြဿနာတွေကို ဖြေရှင်းတဲ့ နည်းလမ်း မမှန်ကန်လို့ဖြစ်နေတတ်တာမျိူး။ “ပြဿနာ” ဆိုတဲ့ ကျက်သရေခပ်တုံးတုံးအကောင်တွေက ကိုယ့်ဆီကိုပဲ ရွေးပြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်တာမဟုတ်ဘူး။ လူတိုင်းပြဿနာတွေကြုံဖူးတယ်။ ဒါပေမယ့် အဲ့ဒီပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းက မမှန်ကန်သေးဘူးဆိုရင်တော့ အဲ့ဒီပြဿနာက စိတ်ဆင်းရဲရခြင်းရဲ့ အကြောင်းတရားဖြစ်လာလိမ့်မယ်။
“စိတ်၏ချမ်းသာမှုသာလျှင်…” ဆိုတ့ဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဆောင်းပါးတွေက စာဖတ်သူရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ အဲ့ဒီပြဿနာတွေကို ဘယ်လိုတုံ့ပြန်လိုက်ရင် စိတ်ချမ်းသာမှုစက်ဝန်းထဲကို ရောက်လာမလဲ ဆိုတဲ့ Idea တွေကိုပေးထားနိုင်တဲ့ စာအုပ်တစ်အုပ်။
ကျန်းမာရေး၊ အလုပ်အကိုင်၊ ရုပ်ရည်၊ ခန္ဓာကိုယ်၊ ဝင်ငွေ၊ ဝါသနာ၊ မိသားစု၊ Social Life… စတဲ့ အစိတ်အပိုင်းတိုင်းမှာ စိတ်ချမ်းသာစရာတွေရှိသလို စိတ်ဆင်းရဲစရာတွေကလည်း ရှိကိုရှိတယ်။ ဒီအစိတ်အပိုင်းလေးတွေတိုင်းကို ခေါင်းစဉ်ခွဲတစ်ခုစီနဲ့ စီစဉ်ပြီး ရေးသားထားပါတယ်။ ဒီစာအုပ်ထဲက ဆောင်းပါးလေးတွေကို ဖတ်ပြီးရင် ကျွန်တော်တို့ဘဝမှာ စိတ်ညစ်နေတဲ့၊ စိတ်ဆင်းရဲနေတဲ့ တချိူ့ကိစ္စတွေက တကယ်တော့ စိတ်ဆင်းရဲစရာတွေ မဟုတ်ပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်းသိလာရပါလိမ့်မယ်။
တချိူ့စိတ်ညစ်စရာတွေက ပြဿနာတွေကြောင့်မဟုတ်ဘဲ ပြဿနာကို တုံ့ပြန်တဲ့ ပုံစံမှားယွင်းလို့ဖြစ်နေတာ။ ဘယ်လိုစိတ်မျိူး ထားလိုက်ရင်၊ အတွေးတွေကို ဘယ်လိုပြောင်းတွေးလိုက်ရင် ပြဿနာတွေကို ဖြေရှင်းနိုင်မလဲ၊ စိတ်ညစ်စရာတွေကို လျှော့ချနိုင်မှာလဲ ဆိုတဲ့ အသိအမြင်တွေကို ဒီစာအုပ်က ပေးနိုင်ပါလိမ့်မယ်။
ဥရောပနိုင်ငံတော်တော်များများက လူတွေက ဘယ်လိုအခြေအနေမျိူးမှာဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ဝမ်းစာကိုယ်ရှာဖွေပြီး အေးအေးဆေးဆေး၊ စိတ်ချမ်းချမ်းသာသာနေနေကြတာက အလကားမဟုတ်ဘူး။ သူတို့ရဲ့ Mindset က စိတ်ချမ်းသာမှုကို လိုလားတဲ့ Mindset၊ ပြဿနာတွေကို ရင်ဆိုင်ပြီး လွယ်လွယ်ကူကူရှင်းထုတ်တတ်တဲ့ Practice ကြောင့်ပဲ။ အဲ့ဒီ Mindset လေးတွေကိုသာ မှန်မှန်ကန်ကန် ပြောင်းနို်င်မယ်ဆိုရင် ကျွန်တော်တို့အားလုံးအတွက် စိတ်ချမ်းသာမှုဆိုတာ လက်တစ်ကမ်းထက် ပိုနီးတဲ့နေရာမှာပဲ ရှိနေပါတယ်။
စာမျက်နှာ | 86 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0..3 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | တကောင်းစာအုပ်တိုက်၊ 2021 စက်တင်ဘာလ၊ (ပ-ကြိမ်) |
15 in stock
Minn Khent (PYAY) စာအုပ်များ
-
Minn Khent (PYAY)
စိတ်၏ချမ်းသာမှုသာလျှင်
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ