သင်္ဘောသားပြောသောပုံပြင်များ

( 0 မှတ်ချက်)

4500 (ကျပ်)

ဒီစာအုပ်ပါ အကြောင်းအရာတွေကို –

သင်္ဘောသား မဟုတ်သူ၊ သင်္ဘောသားလောကနဲ့ မနီးစပ်တဲ့ သူတွေက “ ဒါတွေက တကယ်ဖြစ်ခဲ့တာလား “ လို့ အမေးရှိကြလိမ့်မယ်၊ ထူးဆန်းကြလိမ့်မယ်။

သင်္ဘောသားတွေကတော့ “တကယ်ပဲ ဒီအတိုင်းတွေပါပဲ” လို့ ဖြေကြမယ်။

ဘဝမှာ ကြုံရတဲ့ တချို့သော အဖြစ်အပျက်တွေဟာ လူတို့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးတဲ့ ဇာတ်လမ်းတွေထက် ပိုပြီး ဆန်းကြယ်တယ်၊ စိတ်ဝင်စားစရာကောင်းတယ် လို့ ဆိုကြတယ် မဟုတ်လား။

‘သင်္ဘောသားပုံပြင်များ’ ဟာ စိတ်ကူးနဲ့ ရေးဖွဲ့ဖန်တီးထားတဲ့ အရေးအသား ဇာတ်လမ်းတွေ မဟုတ်ပါဘူး။

စာရေးဆရာဟာ သင်္ဘောသားတစ်ဦးဖြစ်တာနဲ့အညီ ကြုံခဲ့၊ တွေ့ခဲ့၊ ကြားခဲ့၊ သိခဲ့တဲ့ သင်္ဘောသားတွေအကြောင်း၊ သင်္ဘောသားလောကအကြောင်းတွေကို မှတ်တမ်းပြုပြီး စက္ကူထက် အက္ခရာပြုလိုက်တာပါပဲ။

အဲ … ဝတ္ထုတွေ မဟုတ်ပေမဲ့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဆရာမိုးကျော်ဇင်ရဲ့ အရေးအသားက ဆွဲဆောင်မှုရှိလွန်းတော့ ‘သင်္ဘောသားပုံပြင်များ’ ဟာ ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုနေရသလို ခံစားရစေရဖို့တော့ သေချာပါတယ်။

စာရေးဆရာက ဒီလိုပြောထားပါတယ်။

“မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေ အတော်များများမှာတော့ သင်္ဘောသားဇာတ်ကောင်တစ်ကောင် ပါလာပြီ ဆိုရင် ပေါကြောင်ကြောင် အပြုအမူတွေ၊ ဗရုတ်သုတ်ခ ဝတ်စားဆင်ယင်မှုတွေနဲ့ ကျပ်မပြည့်တဲ့ ကာရိုက်တာတွေ ထားတတ်ကြပါတယ်။ တချို့ကလဲ ဗီလိန်အဖြစ်နဲ့ ထားပါတယ်။ နောက်ထပ် ထူးခြားမှုတစ်မျိုးကတော့ ဟာသဆန်ပါတယ်။ ဇာတ်လိုက်မင်းသားဟာ သင်္ဘောတစ်ခေါက် နှစ်ခေါက်လောက် လိုက်ပြီးရင် မြန်မာပြည်ပြန်လာပြီး ကုမ္ပဏီထောင်ကြတော့တာပါပဲ။

ဒီစာအုပ်ဟာ သင်္ဘောသားတွေရဲ့ ဘဝကို သနားဖို့ ရှေ့နေလိုက်ပေးတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ အဲဒီလိုလဲ မရည်ရွယ်ပါဘူး။ တချို့အကြောင်းအရာတွေက ကိုယ်တွေ့တွေဖြစ်ပြီး တချို့က မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်။ တချို့ အကြောင်းအရာတွေက ရယ်မောစရာဖြစ်ပြီး တချို့က ရင်မောစရာတွေ ဖြစ်ကြပါတယ်။

ဒီစာအုပ်ထဲက အရေးအသားတွေဟာ ဝတ္ထုတိုတွေ မဟုတ်ပါဘူး။ အတွေ့အကြုံတွေကို ပေါ့ပေါ့ပါးပါး ပြန်ပြောပြထားတဲ့ ဇာတ်လမ်းတွေပါ”

စာမျက်နှာ

143

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဇူလိုင်လ (ပထမ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သင်္ဘောသားပြောသောပုံပြင်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မိုးကျော်ဇင် စာအုပ်များ