ချစ်ရေးချစ်ရာစည်းမျဉ်း ၁၀၀

( 0 မှတ်ချက်)

7000 (ကျပ်)

ဒီစာအုပ်မှာ မူရင်းစာရေးသူ ရစ်ချက် တင်မ်ပလာရဲ့ အာဘော်ကတော့ နှစ်ဖက် ဆက်ဆံရေးမှာ ကိုယ့်တစ်ဖက်တည်းအတွက်သာ မကြည့်ဘဲ ကိုယ်ချင်းစာတရား ထားရှိတဲ့အမြင်နဲ့ နှစ်ဖက်မျှတအောင် ကြည့်တတ်ဖို့ ဆွေးနွေးသွားခြင်းပဲ ဖြစ်ပါ တယ်။ ဒီကြားထဲမှာ သူက တစ်ချက်တစ်ချက် ထေ့သလို ငေါ့သလိုနဲ့၊ တစ်ချက် တစ်ချက်ကျတော့လည်း စာဖတ်သူပါ ပူးပေါင်း ပါဝင်ချင်လာအောင် နှိုးဆွပေးပြန်တာမို့ ဖတ်ရတာ ပေါ့ပါး သွက်လက်နေပါတယ်။ ဒါကြောင့်မို့ စည်းမျဉ်း တစ်ခုချင်းစီကို ရင်ထဲရောက်တဲ့အထိ ဖတ်နိုင်ရင် မေတ္တာအရင်းခံတဲ့အချစ်ကို နားလည် စာနာတရား ပွားများနိုင်ပါလိမ့်မယ်လို့ ဆိုပါရစေ။

ကိုယ် ချစ်ခင်စွဲလမ်းနေတဲ့သူက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လိုပဲ တော်တော် သူကမှ ကိုယ့်ကို ပြန်မချစ်ဘူး ဆိုရင်တော့ အချစ်ရေးကလည်း ဘယ်တော့မှ အဆင်ပြေစရာအကြောင်း မရှိပါဘူး။ တကယ်လို့ ကိုယ့်ဘက်က သူ ဖြစ်စေချင်တာ မှန်သမျှကို လိုက်လျောပေး၊ အလျှော့ပေးမယ် ဆိုရင် သူက ကိုယ့်ကို ပြန်ချစ်ချင်လည်း ချစ်ပါလိမ့်မယ်။ သို့ပေမဲ့ အဲသလောက် လုပ်ဖို့က တော့ မတန်ဘူးလို့ပဲ ဆိုရမှာပါ။ မိတ်ဆွေဟာ ကိုယ်ကနေ ဘာဘာညာညာ မရှိတာကို အရှိလုပ် ဟန်ဓာတ်ခုတ်မနေရဘဲ ကိုယ့်အပေါ် အရှိကို အရှိအတိုင်း ချစ်မယ့်သူတစ်ဦးနဲ့ပဲ ထိုက်တန်ပါတယ်။ ကိုယ်နဲ့ တွဲနေသူဟာ ကိုယ့်အပေါ် တကယ် မချစ်ဘဲနဲ့ တွဲနေကြောင်းသိပြီ ဆိုတာနဲ့ သူက ကိုယ့်အပေါ် လမ်းမခွဲခင် ကိုယ်ကနေ သတ္တိရှိရှိနဲ့ လမ်းခွဲပစ်ဖို့ လိုပါတယ်။

ဘာသာပြန်သူ၏ အမှာ မှကောက်နှုတ်ဖော်ပြချက်
စာမျက်နှာ

314

စာအုပ်အရွယ်အစား

5.8 x 0.6 x 8.9 inches

ပုံနှိပ်မှတ်တမ်း

Wisdom House၊ 2022 ဇွန်လ( ဒုတိယအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချစ်ရေးချစ်ရာစည်းမျဉ်း ၁၀၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကြည်ရွှန်း စာအုပ်များ