



ဘဝရဲ့စည်းမျဉ်းများ
5000 (ကျပ်)
ဒီစာအုပ်လေးက
သင့်ဘ၀ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို
ကူညီရှာဖွေပေးမယ့် စာအုပ်လေးတစ်အုပ်ပါ…
လက်တွေ့နေထိုင်ကျင့်သုံးရမယ့် စည်းမျဉ်းတွေ
လမ်းညွှန်ပြထားသလို အေးချမ်းပျော်ရွှင်ပြီး
အောင်မြင်တဲ့ ဘ၀ကို ရရှိစေမယ့် စိတ်နှလုံးထား
အခြေခံစည်းမျဉ်းတွေကို ရေးသားထားပါတယ်။
ဘ၀မှာ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့လည်း
စာအုပ်လေးက ရိုးရှင်းစွာ လမ်းညွှန်ထားပါတယ်။
• ဘ၀ရဲ့ စည်းမျဉ်းတွေအတိုင်း နေထိုင်လိုက်နာတဲ့သူတွေက ပိုပြီး ကံကောင်းကြပါတယ်။ အခန်းထဲကို သူတို့ဝင်လာရင် ပျော်ရွှင်မှုကလေးကို ဖြန့်ဖြူးလိုက်သလို လင်းလက်သွားပါတယ်။ ဘ၀ထဲမှာ စိတ်အားထက်သန်မှုရှိသလို ဘ၀ကလည်း အဓိပ္ပာယ်ရှိလာပါတယ်…
• စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေရထိုင်ရတာ လွယ်ကူသလားလို့ မေးရင် မလွယ်ကူလှပါဘူး။ ထိုက်တန်တဲ့ဘ၀မျိုးရရှိအောင် ကြိုးစားဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တစ်ဦးချင်းအနေနဲ့ ကျင့်သုံးကြည့်မယ်ဆိုရင် ရိုးရှင်းပြီး အောင်မြင်တဲ့ဘ၀ကို ရနိုင်ပါလိမ့်မယ်…
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်း၊ 2023 မေလ၊ (တတိယအကြိမ်) |
41 in stock
ခင်စောတင့် စာအုပ်များ
-
ခင်စောတင့်
ဘဝရဲ့စည်းမျဉ်းများ
5000 (ကျပ်)Rated 4.50 out of 5 based on 2 customer ratings( 3 မှတ်ချက်) -
ခင်စောတင့်
သင့်နှလုံးသားက တေးပြန်သီပါလိမ့်မည်
4000 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ခင်စောတင့်
ကမ္ဘာသစ်ကိုကြိုဆိုလိုက်ပါ
2500 (ကျပ်)Rated 5.00 out of 5 based on 2 customer ratings( 2 မှတ်ချက်) -
ခင်စောတင့်
အောင်မြင်သူများ၏ မှတ်သားဖွယ်ရာအဆိုအမိန့်များ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
စွန့်စားမှုဆီသို့ခြေတစ်လှမ်း
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ကိုယ့်ဘ၀ကိုယ်သာကယ်တင်ရာ
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ကမ္ဘာအရပ်ရပ်မှ စကားပုံများ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ
4000 (ကျပ်)Rated 3.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ခင်စောတင့်
သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့် နည်းလမ်း၆၀
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ဆယ်ကျော်သက်များနှင့် စကားပြောခြင်း
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ယုံကြည်မှု
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
မေတ္တာပါတဲ့အတွေးများ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ကိုယ်မှာပင်နာသော်လည်းစိတ်မှာမနာအောင်
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 1 မှတ်ချက်) -
ခင်စောတင့်
အမေရဲ့အချစ်ဆိုတာ
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ပျော်ရွှင်ခြင်းရဲ့ ပဲ့တင်သံများ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ကိုယ်စိတ်နှစ်ပါး ချမ်းသာစေမည့် စာအုပ်ငယ်လေး
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝနှင့် အချိန်ကပေးသောလက်ဆောင်
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
နေဝင်ချိန်မှာ မီးထွန်းဖို့ မမေ့ပါနှင့်
1000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
သတိနှင့်နေခြင်း၏ စွမ်းပကား
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
လွမ်းလို့သာကျန်ရစ်ခဲ့ပါသည်
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
မေတ္တာတုံးပြီး မမုန်းစေချင်ပါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
သင်ကိုယ်တိုင်လည်း အာဂလူ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
စိတ်ချမ်းမြေ့စရာစာအုပ်ငယ်
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ခက်ထန်ကြမ်းတမ်းအချိန်လမ်းမှာ ဘ၀ပန်းတိုင်စိုက်သူများ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
အမေဆောက်ခဲ့သော ရဲတိုက်ကြီးများ
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
ကောင်းကျိုးတည်ရန် မျှော်လင့်သည်
2000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
စတုတ္ထညီလေး၏စွန့်စားခန်း
1500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ခင်စောတင့်
အနေတတ် အသေမြတ်စေဖို့နှင့်ဓမ္မရသဆောင်းပါးများ
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
Myat Thaw Kha –
တကယ်ကောင်းတဲ့စာအုပ်လေးပါ…ဖြေးဖြေးချင်းဖတ်သွားရင်းစိတ်တွေတည်ငြိမ်လာတယ်…ခွင့်လွှတ်တတ်လာတယ်…တခုပဲစာလုံးပေါင်းလေးတွေတချို့နေရာတွေမှာမှားနေတယ်…နောက်တခါထပ်ထုတ်ရင်ပြင်လို့ရအောင်ပြောပြတာပါ…???
Pyae Ar Kar –
စည်းမျဉ်းစည်းကမ်းတွေအတိုင်း နေထိုင်တဲ့သူေတွဟာ ဘ၀ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေနိုင်ကြသူတွေဖြစ်တယ် ၊ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းတွေဟာ လူ့လောကကြီး အေးချမ်းသာယာေစရန်အတွက် ရည်ရွယ်ပြီး ချမှတ်ထားလို့ပဲဖြစ်တယ်
ဒီစာအုပ်လေးကိုဖတ်ပြီးသွားရင် ဘ၀ရဲ့ စည်းမျဉ်းတွေကိုသိပြီး လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ပိုအဆင်ပြေသွားစေလိမ့်မယ်လို့ ယုံကြည်ပါတယ် ၊ အထူးသဖြင့် အရင်ကနဲ့မတူတဲ့ အတွေးအခေါ်တွေဖြစ်ပေါ်လာမှာကြောင့် သင့်စိတ်အတွေးလေး ရှင်းလင်းသွားစေမှာ အမှန်ပါပဲ
ဥပမာ လူတစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ နေကောင်းလားလို့မေးရင် ဟုတ် ကောင်းပါတယ်လို့ပဲ ပြန်ဖြေလိုက်ခြင်းက နှစ်ဦးနှစ်ဖက်စလုံးအတွက်အဆင်ပြေတယ် ၊ မဟုတ်ရင် မကောင်းပါဘူးလို့ ပြန်ေဖြလိုက်တဲ့အခါ တစ်ဖက်သူရဲ့စိတ်မှာ ငါသူ့ကိုဆက်ပီး အချိန်ပေးရတော့မယ် စကားတွေပြောရတော့မယ်ဆိုတဲ့ အတွေးဖြစ်လာပီး နှစ်ယောက်စလုံး လုပ်စရာရှိတာတွေကို မလုပ်နိုင်ဖြစ်သွားမယ် ၊ ကလျာဏမိတ္တတွေလို ရင်းနှီးနေရင်တော့ ပြောရတာတမျိုးပေါ့လေ …
ပြီးခဲ့တာတွေကိုလက်ခံလိုက်ပါတဲ့ ၊ လူတ်ောတော်များများက ပြီးခဲ့တာတွေကို လက်မခံတတ်ကြပါဘူး ၊ ဖြစ်ခဲ့ဖူးတဲ့အရာတွေဟာ ပြန်မရနိုင် / ပြန်မပြင်ဆင်နိုင်တော့တာတွေဖြစ်တဲ့အတွက် လက်မခံနိုင်ဖြစ်နေခြင်းက ကျွန်တော်တို့ရဲ့ ရှေ့ဆက်ရမဲ့ခရီးကို အနှောက်အယှက် ဖြစ်စေနိုင်ပါတယ် …
စိတ်ကို ငြိမ်သက်စေဖို့ ကိုယ့်ရဲ့သီးသန့်နေရာလေးတစ်ခုမှာ နေ့စဉ်အချိန်ပေးပါ ၊ ထိုနေရာလေးဟာ စာချစ်သူဆိုရင် စာအုပ်ဖတ်တဲ့နေရာလေးဖြစ်ရပါမယ် ၊ သီချင်းနားထောင်တာကြိုက်တဲ့သူဆိုရင် နားကျပ်လေးတပ်ပီး အေးအေးဆေးဆေးနားထောင်နိုင်ရပါမယ် ၊ လူတွေရဲ့စိတ်ဟာ လှုပ်ရှားရုန်းကန်ရတဲ့ ၀န်တွေကြောင့် ခွန်အားတွေဆုတ်ယုတ်ရပါတယ် ၊ ကိုယ်ချစ်တဲ့ နေရာလေးမှာ နေ့စဉ်အချိန်ပေးခြင်းဖြင့် ကိုယ့်အတွက် ခွန်အားတွေ ပြန်လည် မွေးမြူနိုင်ကြပါစေ …
ဘ၀ရဲ့စည်းမျဉ်းတွေအတိုင်း နေထိုင်လိုက်နာတဲ့သူတွေဟာ ပိုပြီးကံကောင်းကြတယ် ၊ အခန်းထဲကို သူတို့ ၀င်လာရင် ပျော်ရွှင်မှုကလေးကို ဖြန့်ကျက်လိုက်သလို လင်းလက်သွားတယ်တဲ့ ၊ သင်တို့ကော ? ဘ၀ရဲ့ စည်းမျဉ်းတွေကို လေ့လာပြီး အလင်းရောင်လေးတွေ ဖြန့်ကျက်ကြည့်ကြရအောင်လေ..
#ဘ၀ရဲ့စည်းမျဉ်းများ
#ခင်စောတင့်
Mi Shweyee Win Htet –
ဘဝမှာ ပျော်ရွှင်ဖို့၊ အောင်မြင်ဖို့၊ ကျန်းမာဖို့ ၊ ချမ်းသာဖို့ ဆိုရင် ဘဝရဲ့ စည်းမျဥ်း တွေကို သိသင့်တယ် ထင်လို့ ဒီစာအုပ်ကို ဖတ်ဖြစ်သွားပါတယ်။
ဖတ်ရတာ ရိုးရှင်းတယ်။နားလည်လွယ်တယ်။
အဓိက ကတော့ ဘဝရဲ့ စည်းမျဥ်း အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဘဝမှာပိုပြီး ကံကောင်းစေတယ်။ ကံဆိုတာ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာပဲ သတ်မှတ်ထားကြတဲ့အတွက် ဒီစာအုပ်မှာ စိတ်အားထက်သန်မှုကို ရရှိစေတယ်။
ကံကံ၏ အကျိုးကို ယုံကြည်တဲ့အတွက်ကြောင့်လည်း
ဘဝမှာ အလင်းရောင်တစ်ခုလို လင်းလက်သွားစေလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါ့အပြင် ဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင်မှုတွေကို တံခါးပေါက်သဖွယ် ဖန်းတီးတတ်တဲ့အပြင်
ထိုက်တန်တဲ့ဘဝမျိုးကို ရရှိအောင် တည်ဆောက်ဖို့ မလွယ်ကူပေမဲ့ တည်ဆောက်ဖို့နည်းလမ်းတွေကို သိထားတဲ့အတွက် တစ်ချိန်ချိန်မှာ အကျိုးပြုစေမည့် စာအုပ်ကောင်းတစ်အုပ်ပါ။