နှင်းဆီရိုင်းတို့ကခုန်ခြင်း
5000 (ကျပ်)
စာအုပ်တစ်အုပ်ဖတ်ခြင်းကနေ စာရေးဆရာရဲ့ ရသရေးဖွဲ့မှုအလှကို မြင်တွေ့ဖတ်ရှုရမယ့် ရသ၀တ္ထုတို စာအုပ်ဖြစ်ပါတယ်။ ၀တ္ထုတိုတစ်ပုဒ်တိုင်းကနေ ဘ၀ရဲ့ မာယာကျော့ကွင်းတွေ၊ အနိမ့်အမြင့် အတက်အကျ မညီမျှမှုတွေ၊ စာဖတ်သူနှလုံးသားကို နက်နက်ရှိုင်းရှိုင်း တိုးဝင်ထိခိုက်သွားမယ့် ခါးသီးတဲ့အမှန်တရားတွေ၊ ဘ၀ဒဿနတွေ၊ လူ့လောက လူတွေကြားက မယုံနိုင်စရာ အဖြစ်အပျက် ဇာတ်လမ်းတွေကို စာပေအနုပညာနဲ့ လှလှပပ ဖော်ညွှန်းဖွဲ့သီရေးသားထားတဲ့ စာအုပ်ပါ…
• မျှော့တွေကို လူ့ခန္ဓာကိုယ်က သွေးတွေစုပ်ခိုင်းပြီး ပြန်ရောင်းစားတဲ့ လုပ်ငန်းအကြောင်း
• ရွှေဝါရောင် အရေးအခင်းတုန်းက ဖြစ်ရပ်လေး တချို့
• အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ဖခင်ဖြစ်သူကို သမီးဖြစ်သူက အိမ်ထောင်စုမှ ဖယ်ကြဉ်ခြင်း
• အိမ်ဖော်မလေးတွေရဲ့ အိမ်ရှင်တွေအပေါ် ဖျံကျမှု
• အိမ်ခြေယာမဲ့ ကလေးတစ်ယောက်ရဲ့ စား၀တ်နေရေးအတွက် ရုန်းကန်လှုပ်ရှားမှုဖြစ်စဉ်
• သူငယ်ပြန်နေတဲ့ ဖခင်ကြီးရဲ့ တာ၀န်ကို ယူနေရတဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်
• လောဘ ၊ ဒေါသ ၊ မောဟ ဖုံးလွှမ်းနေသေးတဲ့ အဘိုးအိုတစ်ယောက်ရဲ့ အသိတရား ရသွားတဲ့ အချိန်လေး
• အဘွားကြီးတစ်ယောက် ဆံပင်ဆိုင်မှာ ခေါင်းသွားလျှော်ရတာကို ကြိုက်သွားရတဲ့ အကြောင်းအရင်း
• ဇီ၀စိုးဌက်ကလေးတွေကို တွေ့ပီး မိဘမေတ္တာကို မြင်မိသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်း
• သင်္ကြန်ရောက်တိုင်း တရားစခန်း၀င်လေ့ရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတွေး
• ပင်လယ်အော်သံ အစရှိတဲ့ စိတ်၀င်စားဖွယ် ဇာတ်လမ်းအကြောင်းအရာများစွာကို ဖတ်ရှုခံစားရမယ့် စာအုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 264 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဖေဖော်ဝါရီလ (ပ-ကြိမ်) |
26 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ