Rosella

( 0 မှတ်ချက်)

2500 (ကျပ်)

လူဟူသမျှ ကျားမ မဟူ ချစ်တတ်ကြသည်ချည်းပင် ။ ချစ်ပုံ ချစ်နည်း ဗျူဟာချင်း ကွဲချင်ကွဲမည် ချစ်တတ်ကြသူတွေ ပင် မဟုတ်လော ။ သို့သော် ချစ်ခြင်းတူပြိုင် သလို ငါက ဘယ်လို ချစ်လို့ သူက ဘယ်နည်း ပြန်ချစ်ရမည် ဟု မှတ်ယူ စွဲမြဲထားလျှင် အသင် သကောင့်သား သည် အမှားကြီး မှားလိမ့်မည်တည်း ။

အဘယ်ကြောင့် ဆိုသော် ရိုဆယ်လာ တည်းဟူသော မိန်းမပျို ၏ အချစ်သည် သိမ်မွေ့နူးညံ့ သလို ကြမ်းလည်း ကြမ်းတမ်း၏ ။ တွေ့စဉ်ခဏ ခွဲမရသလို ဖြစ်သော်ငြား သင့်အား လေးငါးခြောက်လ ထားချင် ထားခဲ့ နိုင်၏ ။ နှုတ်ခမ်းနီရဲရဲ တွင် Mild Seven စီးကရက် တွဲလဲ ချိတ်လျက် Absolute Vodka ကို တငုံချင်း သောက်နေသော သူမ သည် သင် စွဲလမ်း တမ်းမက် နေသော်လည်း ထားခဲ့မည်မှာ အမှန် ။ မိုးသည်းသည်း မည်းမည်း ရွာနေချိန် ဖုန်းတချက်မျှ မဆက်ဘဲ သင့်အိမ် တံခါးပေါက် ရောက်ချင် ရောက်လာမည် ။ ဤကား ရိုဆယ်လာ ၏ သဘာဝ တည်း ။

အနှီ ရိုဆယ်လာ ၏ အချစ်ကို ရယူ သိမ်းပိုက်လိုသော သကောင့်သားသည် ပုံပြင်ထဲက လေကို လိုက်ဖမ်းသော လူတယောက်လို သူရူး လုံးလုံး ဖြစ်ချေမည် သာတည်း ။

ထို့ကြောင့် ရိုဆယ်လာ လို မိန်းကလေး မျိုး ကို သင်သည် မချစ်အပ် ။ ချစ်ခဲ့သည် ရှိသော် လွန်ကြူးစွာ မစွဲလမ်း အပ် ။ စွဲလမ်းသွားသည် ဆိုသော် သင်သည် ရိုဆယ်လာ မဘုရား၏ ကျေးကျွန်ဘဝ ရောက်ရမည် သာတည်း ။

ရိုဆယ်လာ သည်ကား မီ လည်း မဟုတ် ၊ မေ လည်း မဟုတ် ၊ ဂျစ်ပစီမ ကာမင်း လည်း မဟုတ် ရိုဆယ်လာသည် ရိုဆယ်လာ သာ ဖြစ်ချေသည် တကား။

စာမျက်နှာ

122

စာအုပ်အရွယ်အစား

5.2× 0.3× 7.5 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2020 အောက်တိုဘာလ၊ (ပထမ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Rosella” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မယ်လွင့် စာအုပ်များ