နှင်းဆီကြေးမုံ

( 0 မှတ်ချက်)

7500 (ကျပ်)

ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ) လို့ ဆိုလိုက်ရင် လောကအမြင် စူးရှသလောက် ထိထိမိမိ အရေးအသားများနဲ့ ရသဝတ္ထုများကို ဖန်တီးလေ့ရှိသူ ဆိုတာ ဆရာမကြီးရဲ့ စာကို ဖတ်ဖူးသူတိုင်း သိကြပြီးသားပါ။

အခု နှင်းဆီကြေးမုံ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်ကို ဆရာမကြီးရဲ့ ၇၇ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ထုတ်ဝေခြင်း ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ မဂ္ဂဇင်းဝတ္ထုရှည်တွေဟာ မဂ္ဂဇင်းအသီးသီးမှာ ရေးသားခဲ့ပြီး ဆရာမကြီးရဲ့ ထွက်ရှိခဲ့ပြီးသား စုစည်းမှုစာအုပ်တွေထဲမှာ မပါဝင်သေးဘဲ ကျန်ရှိနေတဲ့ ဝတ္ထုရှည်တွေကို စုစည်းထားတဲ့ စာအုပ်ကလေးပဲ ဖြစ်ပါတယ်။

လက်ကျန် မဂ္ဂဇင်းဝတ္ထုရှည် ဆိုပေမယ့် တစ်ပုဒ်ဆိုလျှင် ဆိုသလောက် ခေတ်တခေတ်ရဲ့ ကြေးမုံပြင်ကို ထင်ဟပ်နိုင်ပြီး စာဖတ်သူတို့ ပေးလိုက်ရတဲ့ အချိန်နှင့် တန်ဖိုးကို ဆထက်ကဲစွာ ရရှိစေမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

တချိန်က ဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ)သည် သူ၏ စာပေမာနနဲ့ပတ်သက်လို့ “ ဓမ္မဒိဌာန်ကျကျ ဝေဖန်တာမျိုးကို လက်ခံရမှာပဲ? ကောင်းတယ်ဆိုရင် ဝမ်းသာရမှာပဲ။ ညံ့တယ်ဆိုရင်လည်း ဆက်ပြီး မညံ့အောင် ကြိုးစားရမှာပဲ။ အယူအဆ ကွဲလွဲတဲ့အပိုင်းရှိရင် ကိုယ့်အယူအဆ ချင့်ချိန်ရမှာပဲ။ စနစ်ကျတဲ့ ဝေဖန်မှုကို လက်မခံဘူးဆိုရင် စမ်းစမ်းက လူညံ့ရာရောက်မှာပေါ့။ စာလည်း အညံ့မခံနိုင်ဘူး။ လူလည်း အညံ့မခံနိုင်ဘူး” လို့ ဉီးအောင်သင်းကို ပြောခဲ့ဖူးသည်။

ဆရာကြီးဉီးအောင်သင်းကလည်း “သူ၏ မာနသည် ပညာမာန မဟုတ်၊ ငါ ဝတ္ထုရေးတတ်သည် ဟူသော မာနမျိုး မဟုတ်၊ အောင်မြင်သူတို့၏ မာနမျိုးမဟုတ်၊ ငွေရရင် ပြီးရောဆိုသည့် အပေါစား ကြေးစားဝတ္ထုရေးဆရာမျိုး မဟုတ်ဟူသော စာပေသိက္ခာ၊ စာပေမာနဖြစ်ကြောင်း တစိမ့်စိမ့် တွေ့လာရသည်” ဟု မှတ်ချက်ပေးဖူးသည်။

ယခု စာအုပ်တွင် မဂ္ဂဇင်းဝတ္ထုရှည် (၁၃) ပုဒ် ပါဝင်ပြီး တပုဒ်ချင်းစီရဲ့ ကာလာစုံ သရုပ်ဖော်ပုံများကို ဆရာ မြင့်မောင်ကျော်၊ ဆရာမုတ်သုံ၊ ဆရာ မောင်နိုးတို့က ရေးဆွဲပေးထားပါတယ်။

စာမျက်နှာ

262

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2022 ဩဂုတ်လ (ပထမအကြိမ်)

13 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နှင်းဆီကြေးမုံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

စမ်းစမ်းနွဲ့(သာယာဝတီ) စာအုပ်များ