ခရစ္စတီယာနိုရော်နယ်ဒို (ရာဇဝင်ကိုအောင်နိုင်သူ)

( 2 မှတ်ချက်)

4000 (ကျပ်)

၂၁ ရာစု ကမ္ဘာ့ဘောလုံးလောကဟာ ဂူကြီးတစ်ဂူဆိုရင် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်လည်းဖြစ်၊ လက်ရှိဂျူဗင်တပ်ရဲ့အဓိကကစားသမားတစ်ဦးလည်းဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အဲဒီဂူကြီးထဲက ဧရာမခြ‌င်္သေ့တစ်ကောင်ပဲ ဖြစ်ပါလိမ့်မယ်။ အခုစာအုပ်ထဲမှာတော့ ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုဘဝမရောက်ခင် သူဖြတ်သန်းခဲ့တဲ့ ဘဝအကြောင်းတစ်စေ့တစ်စောင်းကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ သူ့အကြောင်းစာအုပ်တွေ နှစ်အုပ်၊ သုံးအုပ် ထွက်ခဲ့ဖူးပါတယ်။ မှတ်တမ်းရုပ်ရှင်လည်း ထွက်ခဲ့ပါတယ်။ အဲဒီလိုများပြားလှတဲ့အထဲကမှ အခုလို Michael Part ရဲ့ စာအုပ်ကို ရွေးချယ်ပြီး ဘာသာပြန်ဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ ဆရာမိုးညီထက်နိုင်က အမှာစာမှာ ယခုလိုပြောပြထားပါတယ်။ ‘‘Michael Part ရဲ့ ရေးသားတင်ဆက်ပုံကြောင့်ပါပဲ။ ရသဟန်အရေးအသားနဲ့ စာဖတ်သူကိုဆွဲဆောင်ထားပြီး ‘ရော်နယ်ဒို ဘာတွေလုပ်နိုင်တယ်၊ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်’ဆိုတာတွေထက် ‘ရော်နယ်ဒို ဘယ်ကလာခဲ့တယ်၊ ဘယ်လိုဖြတ်သန်းခဲ့တယ်၊ ဘာတွေတွေ့ကြုံခဲ့တယ်’ဆိုတာကို ပုံပေါ်အောင် စီကာပတ်ကုံးရေးဖွဲ့ထားပါတယ်။ နောက်ပြီး ရော်နယ်ဒိုဆိုတဲ့ ၂၁ ရာစုရဲ့အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ယောက်အကြောင်းဆိုတာထက် ကျွန်းမြို့လေးပေါ်က‘ရော်နယ်ဒို’ဆိုတဲ့ချာတိတ်လေးတစ်ယောက် သူ့အိပ်မက်တွေ လက်တွေ့ဖြစ်လာအောင် ဘယ်လိုချီတက်ခဲ့သလဲဆိုတာကို ဦးစားပေးထားတာမို့ ပါပဲ’’လို့ ဆိုထားပါတယ်။
ဒီစာအုပ်ကို လွန်ခဲ့တဲ့(၃)နှစ်ကျော်က ပထမအကြိမ်ထုတ်ဝေခဲ့ဖူးပြီး ယခု နောက်ဆက်တွဲအခန်းသစ် (၉)ခန်းထပ်မံဖြည့်စွက်ကာ ဗားရှင်းအသစ်အဖြစ် ဒုတိယအကြိမ်ပြန်လည်ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုအ‌‌ကြောင်း အခြားစာအုပ်ဖြစ်တဲ့ Luca Caioli ရဲ့ The Obsession for Perfection စာအုပ်က အခန်း ၉ ခန်းကို ထုတ်နုတ်ပြန်ဆိုဖြည့်စွက်ထားတာမို့ ပိုမိုပြည့်ပြည့်စုံစုံဖတ်ရှုနိုင်မှာပါ။

စာမျက်နှာ

208

စာအုပ်အရွယ်အစား

5.3 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေ၊ 2021 ဇန်နဝါရီလ၊ (ပ-ကြိမ်)

ခရစ္စတီယာနိုရော်နယ်ဒို (ရာဇဝင်ကိုအောင်နိုင်သူ) အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. BUDOZAR

    ဘောလုံးဝါသနာပါတဲ့လူငယ်တွေ အဆင်ပြေဖတ်လို့ကြိုက်အောင် စီစဉ်ထားတဲ့စာအုပ်ပါ။ ရသ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်တာကြောင့် တစ်ခန်းလောက်မြည်းစမ်းကြည့်တာနဲ့တင် စာဖတ်ပျင်းသူတွေ စွဲလမ်းသွားစေနိုင်တယ်။

  2. aungkhant phyo

    အရမ်းကောင်းတဲ့စာအုပ်လေးပါ ဘောလုံးအားကစားကိုချစ်မြတ်နိုးသူတိုင်းတစ်ကယ်ဖတ်သင့်တဲ့စာအုပ်လေးပါ ရော်နယ်ဒိုတစ်ယောက်ထိပ်ဆုံးရအောင်ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲဆိုတာကိုကောသူ့ရဲ့စိတ်ဓာတ်ဘယ်လိုရှိတယ်ဆိုတာကိုပါသိနိုင်တဲ့စာအုပ်ကောင်းလေးပါခင်ဗျား?

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မိုးညီထက်နိုင် စာအုပ်များ