ပင်လယ်ထဲကမြစ်

( 0 မှတ်ချက်)

4000 (ကျပ်)

၀တ္ထုက ကမ္ဘာရပ်ခြားက နိုင်ငံခြားသင်္ဘောတွေပေါ်မှာ ရာထူးမျိုးစုံနဲ့ အလုပ်လုပ်ကြရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ နောက်ခံဘ၀တွေနဲ့  လက်ရှိဖြစ်တည် ရင်ဆိုင်ကြရတဲ့ ပင်လယ်ထဲက သင်္ဘောသားဘ၀အကြောင်းတွေပါ။ ညီညီဆိုတဲ့ သင်္ဘောသားအပါအဝင် ရာထူးမျိုးစုံ စိတ်ရောင်စုံနဲ့ မြန်မာ သင်္ဘောသားတစ်စုဟာ အမိမြေနဲ့ဝေးရာ ဂရိဆိုတဲ့နိုင်ငံကို ထိုင်းနိုင်ငံ၊ ယူအေအီးနိုင်ငံတို့က တစ်ဆင့် အဆင့်ဆင့်ထွက်ခဲ့ကြပုံ။ ဂရိနိုင်ငံကတစ်ဆင့်နိုင်ငံခြား သင်္ဘောကြီးတစ်ခုပေါ် ရောက်ခဲ့ရပုံ။ အဲ့ဒီ့ကတစ်ဆင့် ဂျီဘရော်တာ ရေလက်ကြားကနေ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး တောင်အမေရိကတိုက်က ဗင်နီဇွဲလားနိုင်ငံကို သွားပြီး ကုန်ပစ္စည်းသယ်ယူရတဲ့ အခြေအနေအဆင့်ဆင့်ကို ရေးပြရက်ခြယ်ထားတဲ့ ဘ၀ရောင်စုံ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

ယခုစာအုပ်တွင် မြန်မာသင်္ဘောသားတို့ရဲ့ အများမသိနိုင်သည့် လွယ်ကူသာယာခြင်းမရှိသည့် ဘ၀အကြောင်းကို မီးမောင်းထိုးပြထားပါတယ်။ ဂရိနိုင်ငံသို့ရောက်ကတည်းက သင်္ဘောက သက်တမ်းကုန်သင်္ဘောတစ်စီးမို့ အခြားနိုင်ငံက သင်္ဘောသားတွေ အလျှိုလျှို ပြန်ဆင်းသွားကြတဲ့အဆုံး သူတို့နေရာကို မြန်မာသင်္ဘောသားတွေ အစားထိုးဝင်ရောက်လာခဲ့ရတာပါ။ လစာရဖို့တောင် မသေချာတဲ့ အခက်အခဲမျိုးစုံနဲ့ မြန်မာသင်္ဘောသားတွေဟာ သက်တမ်းကုန်သင်္ဘောကြီးနဲ့ မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံးဖြစ်ပေါ်နေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကြရတာပါ။ မုန်တိုင်းတွေ ကျော်လွန်ပြီးတော့ တောင်အမေရိကအစွန်က ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်ကိုရောက်တော့လည်း သူတို့တင်ဆောင်ရမှာက တရားမဝင်ဆီများဖြစ်ပါတယ်………….။

စာမျက်နှာ

230

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ 2021 နိုဝင်ဘာလ(ပ-ကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပင်လယ်ထဲကမြစ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ငဒိန်း စာအုပ်များ