အသစ်ကပြန်စ အစကပြန်လုပ်

( 35 မှတ်ချက်)

6000 (ကျပ်)

◾️ ကောင်းသော အလေ့အကျင့်တွေနဲ့ မိမိကိုယ်ကို..ပြောင်းလဲဖို့လိုလားတဲ့သူတွေအတွက်..
Renew Redo က နေ့စဥ် လေ့ကျင့် ပျိုးထောင်ယူရမဲ့.. စိတ်နေစိတ်ထား..လုပ်ဆောင်မှုတွေကို..အသားပေး..ဖော်ပြထားတာတဲ့ စာအုပ်လေးပါ..

တစ်ရက်ကို တစ်ပုဒ်ချင်းဖတ်ပြီး တဆင့်ချင်းစိတ်ကို ပြောင်းလဲသွားစေမယ့် ရက်(၃၀) စာ လေ့ကျင့်လို့ရတဲ့ Guide Book စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

168

စာအုပ်အရွယ်အစား

5.7 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဖေဖော်ဝါရီလ (ပဉ္စမအကြိမ်)

⛔️ Book Jecket service

*ရွှေရောင်ဖောင်းကြွ စာလုံးလေးတွေနဲ့ ကပ်မိပြီး ရွှေရောင်ပြယ်သွားခြင်း၊ ရွှေမှုန်များ ကပ်သွားခြင်းများ ဖြစ်တတ်တာကြောင့် စာအုပ်နှင့်မလိုက်ဖက်ပါသဖြင့်*ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jecket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

36 in stock (can be backordered)

အသစ်ကပြန်စ အစကပြန်လုပ် အား ဝေဖန်သုံးသပ်မှု 35 ရှိပါသည်။

  1. Ei Phyo Lay (verified owner)

    🎉 Book Review Contest 🎉
    ❤️ #အသစ်ကပြန်စ_အစကပြန်လုပ်
    💓 Renew Redo အသစ်ကပြန်စ အစကပြန်လုပ်ဆိုတဲ့ စာအုပ်ကလေး ထုတ်တာ တစ်လရှိသွားပါပြီ.. တစ်လအတွင်း တတိယအကြိမ်အထိ ပြန်ရိုက်ခဲ့ရပြီး အုပ်ရေ တစ်သောင်းကျော် ရောင်းချခဲ့ရတဲ့ စာအုပ်လေးဖြစ်ပါတယ်..
    💓 စာဖတ်သူတွေရဲ့ လက်ထဲကိုလည်း ရောက်နေကြပြီးဖြစ်မှာပါ.. Renew Redo အတွက် စာညွှန်းရေးသားခြင်း Review အစီအစဉ်လေးကို *၁၂.၁၂.၂၀၂၂- ဒီနေ့ကနေ ၁၁.၁.၂၀၂၃ ရက်နေ့အထိ*..တစ်လတိတိ ဖွင့်လှစ်ပေးထားပါမယ်
    💓 ဒီတစ်ခါ အထူးအစီအစဥ်ကတော့ လက်ဆောင်တွေ ပို့ပေးတာမျိုးမဟုတ်ဘဲ..
    ရွေးချယ်ခံရသူ ဆယ်ဦးဟာ ၂၀၂၃ နှစ်ဦးပိုင်းမှာ ပြုလုပ်မဲ့ ဆရာမမွန်ရဲ့..Reforming your New Self ဆိုတဲ့..Work Shop လေးကို မေတ္တာဖြင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်..
    အစီအစဉ်လေးမှာ ပါဝင်ဖို့အတွက်…
    ✅ ကိုယ့်ရဲ့ Book Review အမြင်လေးနဲ့ စာအုပ်ပုံလေးကို ကိုယ့် wall ထဲမှာတင်ပြီး link လေးကို ဒီပို့စ်ရဲ့အောက်မှာ မန့်ပေးရုံပါပဲ…
    💓ဖတ်ပြီးတဲ့ စာအုပ်လေးအကြောင်း
    တ၀ကြီး မျှဝေ ပြောကြပါစို့နော် ..
    #စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
    #ပန်းဆက်လမ်း (pannsattlann.com) Book Review Contest
    #အသစ်ကပြန်စ_အစကပြန်လုပ်
    Renew Redo အသစ်ကပြန်စ အစကပြန်လုပ်ဆိုတဲ့ စာအုပ်ကလေး ထုတ်တာ တစ်လရှိသွားပါပြီ.. တစ်လအတွင်း တတိယအကြိမ်အထိ ပြန်ရိုက်ခဲ့ရပြီး အုပ်ရေ တစ်သောင်းကျော် ရောင်းချခဲ့ရတဲ့ စာအုပ်လေးဖြစ်ပါတယ်..
    စာဖတ်သူတွေရဲ့ လက်ထဲကိုလည်း ရောက်နေကြပြီးဖြစ်မှာပါ.. Renew Redo အတွက် စာညွှန်းရေးသားခြင်း Review အစီအစဉ်လေးကို *၁၂.၁၂.၂၀၂၂- ဒီနေ့ကနေ ၁၁.၁.၂၀၂၃ ရက်နေ့အထိ*..တစ်လတိတိ ဖွင့်လှစ်ပေးထားပါမယ်
    ဒီတစ်ခါ အထူးအစီအစဥ်ကတော့ လက်ဆောင်တွေ ပို့ပေးတာမျိုးမဟုတ်ဘဲ..
    ရွေးချယ်ခံရသူ ဆယ်ဦးဟာ ၂၀၂၃ နှစ်ဦးပိုင်းမှာ ပြုလုပ်မဲ့ ဆရာမမွန်ရဲ့..Reforming your New Self ဆိုတဲ့..Work Shop လေးကို မေတ္တာဖြင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်..
    အစီအစဉ်လေးမှာ ပါဝင်ဖို့အတွက်…
    ကိုယ့်ရဲ့ Book Review အမြင်လေးနဲ့ စာအုပ်ပုံလေးကို ကိုယ့် wall ထဲမှာတင်ပြီး link လေးကို ဒီပို့စ်ရဲ့အောက်မှာ မန့်ပေးရုံပါပဲ…
    ဖတ်ပြီးတဲ့ စာအုပ်လေးအကြောင်း
    တ၀ကြီး မျှဝေ ပြောကြပါစို့နော် ..
    #စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
    #ပန်းဆက်လမ်း (pannsattlann.com)

  2. Âÿê Ćhâñ (verified owner)

    Renew Redo
    ” အသစ်က ပြန်စ ”
    ” အစက ပြန်လုပ် ”
    ဒီစာအုပ်လေး ထွက်တာက 2လလောက် ရှိသွားပြီ စာအုပ်လေးမထွက်ခင်ကတည်းက သဘောကျလို့ pre order တင်ပြီး ဖတ်ခဲ့တာပါ အလုပ်တွေမအားတာနဲ့ အခုမှ review ရေးဖြစ်တာပါ

    🍀နှစ်ဟောင်းကုန်ပြီး နှစ်သစ်ရောက်တော့မယ်ဆိုရင် ဘယ်လိုဖြတ်သန်းမယ် ဘာတွေလုပ်မယ်ဆိုပြီး အစီအစဉ်တွေ ရှိနေပြီ မဟုတ်လား
    နှစ်စမှာတော့ တက်ကြွလန်းဆန်းနေပြီး နှစ်လယ်၊နှစ်ကုန်ခါနီးရောက်တဲ့အခါ အရင်ပုံစံ ၊အရင်ကအတွေးတွေ အရင်က အပြုအမူတွေ ရှိနေတုန်းပဲလား ဘယ်လိုပြုပြင်ကြမလဲ???

    🍀စာအုပ်ရဲ့ခေါင်းစဉ်လေး အတိုင်းပဲ ငါတို့တွေ ဘယ်အရာတွေကို အသစ်က ပြန်စ ၊ အစက ပြန်လုပ်ကြမလဲ။ တကယ်တော့လေ ဘယ်အရာကမှ နောက်ကျသွားပြီဆိုတာ မရှိပါဘူး ကိုယ်တိုင်က အစကပြန်စဖို့ လုပ်လိုက်တဲ့အချိန်မှာ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အခွင့်အရေးတစ်ခုဖြစ်တာပါပဲ ။အဲ့အခွင့်အရေးကို ပိုင်ဆိုင်ဖို့ နောက်မကျသေးပါဘူး …..

    🍀စာအုပ်လေးကို တစ်ရက်ကို တစ်ပုဒ်ချင်းဖတ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့ ပုံစံလေးပြောင်းကြည့်ပါ။ ဆရာမက တစ်နေ့မှာ ဘယ်အရာတွေကို ပြီးစီးအောင် လုပ်ဆောင်ရမယ့်ပုံစံ၊ စိတ်လေးကိုဘယ်လိုထားကြမလဲ၊ ကောင်းသော အမူအကျင့်လေးကို ဘယ်လိုရအောင် မွေးမြူကြမလဲဆိုတာ ရိုးရိုးရှင်းရှင်းလေး သေချာစွာ ရေးသားထားပါတယ်

    🍀ဒီစာအုပ်လေးကို ဖတ်ပြီးသွားရင် motivation တစ်ခုတော့ ရမှာသေချာပါတယ် ။ကျွန်တော်ကတော့ စာအုပ်လေးဖတ်ပြီးသွားတော့ ကိုယ့်ကိုယ်ကိုယ် စာလေး တစ်စောင်ရေးပေးခဲ့တယ် ( Dear me …….) Emotionally healthy ဖြစ်အောင် နေရမယ်ဆိုတာ သိခဲ့တယ် ။ နောက်ထပ်တစ်ကြိမ် ထပ်ပြီးဖတ်တဲ့အခါ ငါဘယ်အရာတွေ ပြုပြင်ပြောင်းလဲခဲ့ပြီလဲ ဘယ်လိုကောင်းကျိုးတွေရခဲ့လဲဆိုတာ ပြန်သုံးသပ်နိုင်မှာ အသေချာပါပဲ

    🍀 ပစ္စုပ္ပန်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားကြမယ်။အခြားသူတွေရဲ့အမြင်ထက် ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ကသာ အရေးကြီးတာ။အဲ့တော့ မကောင်းတဲ့ အတိတ်တွေ ၊အတွေးတွေ ထားခဲ့ကြမယ် let go …..let go…. ပြီးရင် အကောင်းဆုံးရှေ့ဆက်ကြမယ်

    🍀 Life goes on တဲ့ပြောကြတယ် ။ကဲဒါဆို Renew Redo ပဲလေ ….
    ဒီစာအုပ်လေးကို ဖတ်ကြည့်ပြီး Better Me အဖြစ် ပြောင်းလဲကြည့်ကြရအောင်…..
    Daily Life Style မှာ အသုံးဝင်တဲ့ အကြောင်းအရာတွေ အပြုအမူတွေ အတွေးတွေကို ပိုကောင်းတဲ့ပုံစံပြောင်းနိုင်အောင် ရိုးရိုးရှင်းရှင်း အရေးအသား‌တွေနဲ့မို့ ဖတ်ပြီးသွားတဲ့အခါ မှတ်သားစရာ ၊ အတွေးတွေ အများကြီး ကျန်ခဲ့လို့ ကျေးဇူးတင်ပါတယ် ဆရာမ ❤️
    #RenewRedo
    #monhalsey

  3. Sharing by STZ (verified owner)

    Review ရေးတယ်ဆိုတာ….
    တခြားသူတွေအနေနဲ့ ပေးရမယ့် အချိန် ၊ ငွေ ၊ ခွန်အားတွေကို အဲ့အရာတွေ ထိုက်တန်ရဲ့လား ကိုယ်နဲ့ ကိုက်ညီရဲ့လားဆိုတာကို post တစ်ခု ကြည့်ရုံနဲ့ သိနိုင်ဖို့ ရည်ရွယ်ပါတယ်..
    အဲ့ဒါကြောင့် ကျွန်တော် review လေး ရေးပါအုန်းမယ်
    တကယ်လို့ သင်ဟာ personal devlopment ကိုစိတ်ဝင်စားတဲ့သူ ၊ ကိုယ့်ဘဝကို ကောင်းတဲ့ habit တွေနဲ့ ဖြတ်သန်းပီး တန်ဖိုးရှိစွာ နေထိုင်ချင်တဲ့သူဆိုရင် ဒီစာအုပ်ကို ဖတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်…
    ဘာစာအုပ်လဲဆိုတော့ ဆရာမ မွန်ဟော်စီရဲ့ နောက်ဆုံးထွက်ရှိထားတဲ့
    🌹Renew Redo / အသစ်ကပြန်စ အစကပြန်လုပ်🌹စာအုပ်ဖြစ်ပါတယ်…
    စာအုပ်ထဲမှာ တစ်လစာ စာပိုဒ်လေးတွေနဲ့ ရေးထားကို ဆရာမက တစ်နေ့တစ်ပုဒ်ဖတ်ဖို့ အကြံပြုထားပေမယ့် ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ဘာတွေ ပြောင်းလဲဖို့လိုသေးလဲ ၊ ဘာတွေ လုပ်ရမလဲဆိုတာ အရမ်းသိချင်တာနဲ့ မြန်မြန်ဖတ်ပစ်မိတယ်…
    အခုက ဒုတိယတစ်ခါ ထပ်ဖတ်ပီး သေချာလေး လိုက်လုပ်ရင်း စာအုပ်လေးအကြောင်း ပြောပြပေးလိုက်ပါတယ်
    📚စာအုပ်အကျဉ်း
    Renew Redo ဆိုတဲ့ စာအုပ် ခေါင်းစဉ်အတိုင်း ကျွန်တော်တို့တွေ ပုံမှန်လုပ်နေကျ နေ့စဉ် စိတ်ကို refresh ထားနိုင်ဖို့တွေ ရေးပြထားတယ်။
    အပုဒ်တွေမှာ ကိုယ့်ကိုယ်ကို self awareness ရှိဖို့ ၊ positive vibes တွေ ရှိဖို့ကို ဆရာမကိုယ်တိုင် လုပ်တာတွေနဲ့ နားလည်လွယ်ပီး အကျိုးရှိမယ့် အရာတွေ ရေးထားတယ်။
    လိုက်လုပ်ဖို့ challenges တွေလည်းပါတယ် (ကျွန်တော်တော့ to do list တွေ နေ့အလိုက် challenges တွေကို ရေးပီး လုပ်ဖြစ်တယ်)
    တခြားတခြားသော ကိုယ့်ကိုယ်တိုးတက်အောင် လုပ်ဖို့အကျိုးရှိတာတွေ အများကြီးပါတာမို့ ပြောရမယ်ဆို မကုန်နိုင်ပါဘူး
    စာအုပ်ထဲမှာ သေချာ လိုက်လုပ်ရတာ အဆင်ပြေအောင် color လှလှလေးတွေနဲ့ ပုံလေးတွေ ၊ နမူနာပုံစံလေးတွေ ပါတာကိုတော့ တော်တော် သဘောကျမိတယ်…
    📚စာအုပ်လေးဖတ်ပီး
    Challenges တွေ လိုက်လုပ်တယ်
    ကုသိုလ်စုဗူးလေးကိုလည်း လုပ်ထားတယ်
    Journal ‌လည်း သေချာရေးဖြစ်နေတယ်
    တခြားခြားသော အရာတွေလည်း လိုက်လုပ်နေပါတယ်
    ❤️စာအုပ်လေးက new year အတွက် ဆရာမ ရည်ရွယ်ထားတဲ့အတိုင်းပဲ နှစ်စမှာ energy တွေ အပြည့်နဲ့ habits အကောင်းတွေကို နေ့စဉ် ဘဝမှာ ပါဝင်ဖို့ ဖတ်သင့် ၊ ကျင့်သုံးသင့်တဲ့ စာအုပ် တစ်အုပ်လို့ မြင်မိတယ် 😍
    စာဖတ်ဖို့ ပေးလိုက်ရတဲ့ အချိန် ၊ပေးရတဲ့ဈေး ၊ ပေးလိုက်ရတဲ့ energy တွေနဲ့ ထိုက်တန်တဲ့စာအုပ်ပါ
    ဤမျှ…
    #RenewRedo
    #အသစ်ကပြန်စအစကပြန်လုပ်
    #မွန်ဟော်စီ
    #MonHalsey
    #Review
    #Myanmarbookreview
    #SharingbySTZ

  4. Lilian Thazie (verified owner)

    #အသစ်ကပြန်စအစကပြန်လုပ်
    “Happy 2023 , Everyone”
    နှစ်သစ်ကို ရောက်ပြီဆိုတာနဲ့ “New Year. New Me” ဆိုပြီး new year resolutions တွေ ချကြပြီပေါ့နော်။ အဲဒီအထဲမှာ ဆုလည်း တစ်ယောက်အပါအဝင်ပါ။ အရင်နှစ်တွေကတော့ သေချာပြောင်းလဲ လုပ်ခဲ့တာတွေ ရှိတယ်၊ နှစ်စမှာပဲ လုပ်ဖြစ်ပြီး ဆက်တိုက်မလုပ်ဖြစ်တာတွေလည်း ရှိတယ်။ ဒီတစ်ခေါက်ကတော့ သေချာလေး habit trackers လေးနဲ့အတူ လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာပဲ ဆရာမ မမွန်ရဲ့ “Renew, Redo” ဆိုတဲ့ စာအုပ်လေးကို စဖတ်ဖြစ်ပါတယ်။
    စာအုပ်လေးရဲ့ ခေါင်းစဉ်လေးကိုက အဓိပ္ပာယ်ရှိပါတယ်။ “အသစ်က ပြန်စ, အစက ပြန်လုပ်” တဲ့ ။ ကိုယ့်ကိုကိုယ် နှစ်သစ်အတွက် ပြန်လည် တည်ဆောက် ပြင်ဆင်ချင်တဲ့ သူများအတွက်လည်း ရက်၃၀ စာ guide book လေးလို ဖန်တီးပေးထားတာမို့ ကွက်တိ ကို သွားကျနေပါတယ်။
    စာအုပ်လေးကို စပြီး ဖတ်လိုက်တည်းက စာရေးသူ မမွန်ရဲ့ style အတိုင်း ရှင်းလင်းပြတ်သားပြီး စာဖတ်သူကိုပါ အားတက်လာအောင် ဆွဲဆောင်ထားနိုင်ပါတယ်။ တစ်အုပ်လုံး ဖတ်ရတာ အရမ်းကောင်းပြီး အတွေးပေါင်းများစွာနဲ့ လူသစ် စိတ်သစ် ဖြစ်ဖို့ ခွန်အားတွေ ပေးစွမ်းနိုင်စေတာမို့ New Year အတွက် အကောင်းဆုံး စာအုပ်ဆိုလည်း မမှားပါဘူး။ ဆုရဲ့ အတွေးအမြင်နဲ့ ထပ်တူကျတာတွေအများကြီးထဲကမှ အချို့သော topic လေးတွေကိုတော့ ပြောပြပေးချင်ပါတယ်။ ကျန်တာကတော့ ကိုယ်တိုင် အဖန်ဖန်လေ့လာ ဖတ်ရှုပြီး လိုက်နာကျင့်သုံးတာက ပိုသင့်တော်ပါတယ်လို့။
    🌻 Good thoughts, Good words, Good deeds.
    ပစ္စည်းဥစ္စာဆိုတာ ကိုယ့်နောက် မပါနိုင်ပေမယ့် ကုသိုလ်လေးတွေကတော့ ကိုယ်နဲ့ အမြဲလို ထပ်ချပ်မခွာ လိုက်ပါနိုင်စွမ်းရှိပါတယ်။ ကုသိုလ်စုဗူးဆိုတာ ခုလို မသေချာ မရေရာတဲ့ ကာလမျိုးမှာ ပိုလို့တောင် အရေးပါတယ်လို့ ထင်ပါတယ်။ ဒါကို မမွန်က သေချာလေး highlight လုပ်ပေးထားတာမို့ စာဖတ်သူကို ပြန်ပြီး remind လုပ်လိုက်သလိုပါပဲ။ ဆု ကိုယ်တိုင်လည်း အရင်က ကုသိုလ်စုဗူးစာအုပ်လေး ထားဖူးပါတယ်။ မရေးဖြစ်တာတောင် ကြာပြီမို့ မမွန် ရေးထားမှပဲ သတိတရ သွားထုတ်ယူရတယ်။ 2023 မှာတော့ ငွေကြေးအရလှူဒါန်းတာရော၊ အဓိဌာန်အောင်တာလေးတွေရောပါ မှတ်တမ်းတင်ပြီး တစ်သက်တာ ပြန်ဖတ်ပြီး reflection လုပ်မယ် စိတ်ကူးမိပါတယ်။
    အကုသိုလ်ဆိုတာလည်း social media ကနေ အများဆုံးရလာတာများတယ်လို့ မမွန်က ဆိုပါတယ်။ I totally agree! အပြင်မှာရော facebook မှာပါ ခင်ရတဲ့ အသိတစ်ယောက်ရှိတယ်။ အရင်တုန်းကသူဟာ တကယ်တော့ တအားအေးချမ်းတဲ့သူတစ်ယောက်ပါ။ Introvert ဆို လည်းမမှားပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူရေးတဲ့ ၊share တဲ့ posts တွေ ဟာ negative ဆန်လာတာတွေ့ရပါတယ်။ သူမယုံကြည်တဲ့အရာကို တစ်ယောက်ယောက်က ရေးတာမျိုးကို တွေ့လိုက်တာနဲ့ သူဟာ ထောင့်ပေါင်းစုံကနေ ဝေဖန်တဲ့စာ၊ လှောင်တဲ့စာတွေ ရေးတတ်လာတာလည်း တွေ့ရပါတယ်။ ဒါဟာ topic တစ်ခုတည်းမဟုတ်ပဲ အခြား topic တွေကိုပါ ဝင်ရေးနေတာမျိုးတွေကိုပါ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဆု အတွက်ကတော့ ကိုယ်မကြိုက်တာကို သူရေးရင် လူက စိတ်မကောင်းတွေ ဖြစ်နေတတ်တာမို့ အခုတော့ သူ့ကို social media မှာ limit လုပ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကုသိုလ် အဝင်မခံတော့တဲ့ သဘောမို့ ကိုယ်လည်း ပိုစိတ်ချမ်းသာ သွားတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်လည်း နေ့စဉ် ကုသိုလ်နဲ့ နေထိုင်ဖို့ဆိုတာ toxic ဖြစ်တဲ့သူတွေနဲ့ ဝေးနေမှလည်း ဖြစ်နိုင်တာမျိုးပါ။
    🌻 Who’s gonna give you everything you want? Yourself!
    Control လုပ်လို့မရတဲ့ အရာတွေနဲ့ အချိန်မကုန်ပဲ ကိုယ်လုပ်နိုင်တာတွေကိုပဲ အာရုံထားသူအတွက် လုပ်နိုင်တဲ့အရာတွေက ပိုများလာပါတယ်လို့ မမွန်ကဆိုပါတယ်။ဒါကတော့လေ ဆုကို တိုက်ရိုက်ကို ပြောနေသလိုပဲ။ မမွန်က ကုန်ဈေးနှုန်းနဲ့ ဥပမာပေးထားသလိုပဲ။ 2022 ခုနှစ်ကဆိုရင် တစ်နေ့တစ်နေ့ ဒေါ်လာဈေးအတက်အကျကို စောင့်ကြည့်ပြီး စိတ်ဓာတ်ကျ ရင်မောခဲ့ရတဲ့ နေ့တွေကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ အဲ့ဒီအခါမှာ ငါ နိုင်ငံခြားမှာ အလုပ်ဆက်လုပ်နေရမှာ ဆိုပြီး စတဲ့ ကိုယ့်ကိုကိုယ် မကျေမနပ်တွေ နှင့် အပြစ်တင်တဲ့ စိတ်တွေ ဝင်ခဲ့ဖူးပါတယ်။ လပေါင်းများစွာ တော်တော်လေးကို ကိုယ့်ကိုကိုယ် ပြန်တည်ဆောက်ခဲ့ရပြီး ကိုယ် control လုပ်လို့ရတာ ကိုယ့်စိတ်ပဲ ရှိပါလား ဆိုတာကို လက်ခံ ပြီးတဲ့ နောက်ပိုင်း ပိုပြီး productive ဖြစ်လာတယ်၊ နေ့စဉ် sailing through life မလုပ်တော့ပဲ reflect ပြန်လုပ်တတ်တာတယ်။ ဒါကို မမွန်က highlight လုပ်ပေးထားတာမို့ အလွန်ကို အကျိုးရှိတဲ့ article လေးလည်း ဖြစ်ပါတယ်။
    🌻 It’s okay to not be busy.
    သိရက်သားနဲ့ သတိမမူမိကြတဲ့ အထဲမှာ လူ့စိတ်တွေလည်း ပါ ပါတယ်။ ကမ္ဘာပေါ်က လူသားတွေ အားလုံးဟာ ခုချိန်မှာ ရုပ်ဝတ္ထုပစ္စည်းတွေကို မှီတွယ်နေတာက များတဲ့အတွက် လူတိုင်းဟာ hustle လုပ်နေကြတာ များပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့လိုက်တာနဲ့ မအားဘူး၊ အလုပ်တွေ ရှုပ်နေတာဆိုတာနဲ့ စတင်နှုတ်ဆက်ဖြစ်ကြတယ်။
    မမွန်က တစ်ကမ္ဘာလုံး burnout ဖြစ်တဲ့အထိ ကိုယ့်ကိုကိုယ် မောင်းနှင်နေကြတယ်တဲ့။ ချမ်းသာဖို့ အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့ struggle to be successful ဖြစ်နေကြတယ်တဲ့။ ဘယ်လောက် မှန်လိုက်လဲနော်။ အဲဒီလိုနဲ့ လူက မောလာတယ်။ အလုပ်မလုပ်ရရင် မနေနိုင်ဖြစ်လာတာနဲ့ပဲ Covid ကာလမှာ လူတွေက အငြိမ်နေရတာကို မုန်းတီးလာကြတယ်။ ဆု လည်း အဲလိုဖြစ်ခဲ့ဖူးပါတယ်။ လူက မ busy ရင်တောင် စိတ်က busy နေတယ်။ အဲ့ဒီ့စိတ်က တစ်ယောက်တည်း hotel ခန်းထဲမှာ ၁၄ ရက် Quarantine ဝင်ခဲ့တဲ့ အချိန်မှာ ပြေပျောက်သွားပြီး တစ်ချ်န်လုံး အလုပ်ရှုပ်နေစရာမလိုဘူး ၊ တစ်ခါတစ်လေ inner peace ရဖို့ ၊ productive ပိုဖြစ်ဖို့၊ စိတ်ရော ကိုယ်ရော အနားရဖို့ ဆိုတာ အလွန်ကို အရေးကြီးပါလားဆိုတာလည်း ပိုသိသွားပါတယ်။ 2023 မှာတော့ ကိုယ့်ကိုကိုယ် ပိုကြင်နာဖို့ကိုလည်း remind လုပ်ပေးလိုက်သလိုပါပဲ။
    တကယ်တော့ အလေ့အကျင့်ကောင်းဆိုတာ ပျိုးထောင် ယူရတာမျိုးပါ။ ကောင်းမွန်တဲ့ habits လေးတွေ၊ positive thinking လေးတွေကို ဖြည်းဖြည်းချင်း ပျိုးထောင်သွားမယ်ဆိုရင် purpose အပြည့်နဲ့ နေထိုင်နိုင်တဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
    ဆု ကိုယ်တိုင်လည်း မမွန်ရဲ့ “Renew , Redo ” လေး ဖတ်ရင်း နေ့စဉ်ဘဝကို intention ရှိရှိနေသွားဖို့ ရည်ရွယ်ထားတာမို့ ဒီ စာအုပ်လေးဟာ “New Year. New You.” ဖြစ်ဖို့ အတွက် ကူညီ ပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။ စာဖတ်သူတွေကိုလည်း နှစ်သစ်မှာ ဖတ်သင့်တဲ့ စာအုပ်လေးမို့ အပေါ်ယံမဟုတ်ပဲ သေချာ ဖတ်မှတ်ကျင့်သုံးပါလို့ တိုက်တွန်းပါရစေနော်။
    စာအုပ်ကလေးကိုတော့ Pann Satt Lann Books ပန်းဆက်လမ်း စာပေ မှတဆင့် ဝယ်ယူနိုင်ပါတယ်ရှင်။
    #bookreviewcontent
    #monhalsey
    #renewredo
    #အသစ်ကပြန်စအစကပြန်လုပ်

  5. Ei Phyu Khin (verified owner)

    ဒီနေ့ကျွန်မဟာ မနေ့က ကျွန်မထက် ပိုတော်ရမယ် …
    နေ့တနေ့ ကုန်သွားတိုင်း ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး
    self reflection လုပ်ကြည့်တယ်…
    ဒီနေ့ ကုသိုလ် ပညာ ဥစ္စာ တခုခုရခဲ့ရဲ့လားဆိုပြီးတော့ပေါ့
    အဲ့လို လူမျိုးဖြစ်တဲ့ကျွန်မအတွက် ဆရာမ မွန်ဟော်စီရဲ့ စာအုပ်တွေက အားဆေးတွေပါပဲ
    ၂၀၂၂ နှစ်ကုန်ကာနီး” RENEW REDO” ဆိုတဲ့ ဒီစာအုပ်လေးထွက်တော့ အတိုင်းမသိပျော်ရွှင်ခဲ့သူပါ …
    ဖတ်ညွှန်းပြိုင်ပွဲလေးရှိတယ်ဆိုတော့ အရွေးခံရရင် ကိုယ်လေးစားအားကျရတဲ့ ဆရာမနဲ့ တွေ့ရမယ် ဆိုလို့ ဝင်ပြိုင်လိုက်ပါတယ်ရှင့်…
    ဒီစာအုပ်လေးဟာ ဆရာမရဲ့ Best seller စာရင်းဝင်ထဲက
    တအုပ်ဖြစ်တဲ့ Balance Wheel of Life လိုပဲ chapter by chapter ခွဲထားပေးပြီး ၊ပြောင်းလဲချင်ရင် ကိုယ်တိုင်လိုက်လုပ်ရမယ့် ရက်၃၀ စာ project worksheet or activity လေးတွေလဲပါပါတယ် …
    Contents ခေါင်းစဥ်တခုချင်းစီက ဆွဲဆောင်မှုရှိတဲ့အပြင်
    Chapter တခုကို ဖတ်ပြီးတိုင်း ရင်ထဲမှာ တွေးစရာလေးတွေ ပေါ်လာပြီး energy တွေ ပြည့်လာသလို ခံစားလာရပါတယ်၊
    အကြိုက်ဆုံးခေါင်းစဥ် တခုကတော့
    “It’s okay not to be busy
    အားနေတာလည်း အဆင်ပြေပါတယ်”ဆိုတာ လေးပါပဲ
    ငယ်ငယ်ကတည်းက ခုထိ စက္ကန့်မလပ်ကြိုးစားနေပြီး ရှေ့မှာပြောခဲ့သလို တရက်လောက် အနားယူလိုက်ရင်ပဲ
    အပြစ်ရှိသလိုကြီးခံစားရပြီး အဲ့ခံစားချက်က နောက်နေ့လုပ်ရမယ်အလုပ်တွေကိုပါ အနှောင့်အယှက်ဖြစ်ကုန်ရော…
    ဒါပေမယ့် ဆရာမ ရေးထားတာလေးဖတ်ပြီးတဲ့နောက်မှာ
    ကိုယ့်ရဲ့ အရိုးစွဲနေတဲ့ အတွေးအမြင်တွေကိုပါ ပြောင်းလဲပစ်နိုင်ခဲ့လို့ ၊ ဆရာမကို ကျေးဇူးတင်ပါတယ်
    စာစုလေးထဲမှာပါတဲ့ အကြောင်းအရာလေးတချို့ကို ဝေမျှပေးပါမယ်၊
    “သစ်ပင်တွေ ပန်းပွင့်တွေလည်း တစ်ဆယ့်နှစ်ရာသီ
    ပွင့်..ပွင့်..ပွင့်…ဆိုတာမျိုးမဖြစ်နိုင်သလို
    ကျွန်မတို့တတွေလည်း တချိန်လုံး အလုပ်ပြီးအလုပ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး…
    လူတယောက် မောပန်းနွမ်းနယ် burnout ဖြစ်လာတဲ့ အခါမှာ full brain power မရှိတော့သလို full energy လည်းမရှိတော့ပါဘူး …အဲ့ဒီအခါမှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေကို ရောက်ဖို့ ဝေးကွာ သွားလေပဲဖြစ်ပါတယ်၊
    တကယ်တော့ အနားယူဖို့ဆိုတာ ရုံးမှာ လုပ်တာ မလုပ်တာ၊ ပညာတတ်တာ မတတ်တာ ၊ ဆင်းရဲတာ ချမ်းသာတာနဲ့
    မသက်ဆိုင်ပဲ ကိုယ့်ရဲ့ စိတ်အတွင်းကစွမ်းအား
    Inner strength ကို ပြည့်နေဖို့အတွက် သဘာဝတရားအရကို သတ္တဝါတိုင်း သက်ရှိတိုင်း လိုအပ်တဲ့အရာတခုပဲဖြစ်ပါတယ်…”ဆိုတဲ့ စာစုလေးပါ ။
    ဒီစာအုပ်လေးဖတ်ပြီး ကျွန်မအတွက်တော့ များစွာသော အသစ်အသစ်သော အကျင့်ကောင်းတွေ ရရှိခဲ့ပါတယ် ၊
    အဲ့တာတွေကတော့
    *နေ့စဥ် journaling ရေးခြင်း
    *အပတ်စဥ်Decluttering လုပ်ခြင်း၊
    * social media detox လုပ်ခြင်း
    *လစဥ်self love challenge လုပ်ခြင်း
    *Vision Board ဖန်တီးခြင်း စတဲ့
    ပြောမကုန်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိစေခဲ့ပါတယ်။
    ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ချစ်ပြီး တိုးတက် ပြောင်းလဲချင်တယ်ဆိုရင် ဆရာမ မွန်ဟော်စီရဲ့ RENEW REDO စာအုပ်လေးက A Must read book for 2023 ပါလို့ အကြံပြုရင်း
    မြန်မာပြည်မှာ ကလောင်စွမ်းနဲ့ ဗဟုသုတအစုံအလင်နဲ့ အကြည်ဓါတ်တွေ ဖြန့်ဝေပေးတဲ့ ဆရာမလည်း ကျန်းမာအသက်ရှည်ပြီး စာကောင်းပေမွန်တွေ ဒီထက်မက ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    အိဖြူခင်
    ၁၁.၁..၂၀၂၃
    #renewredo
    #bookreviewchallenge
    #monhalsey

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မွန်ဟော်စီ စာအုပ်များ