စိတ်ဓာတ်ကျရင်ဖတ်ကြည့်ပါ

( 2 မှတ်ချက်)

5000 (ကျပ်)

“စိတ်ဓာတ်ကျရင်ဖတ်ကြည့်ပါ” စာအုပ်ဟာ စိတ်ခွန်အားဖြည့် အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပြီး ဆရာကောင်းပြည့်သော်ရေးသားခဲ့တဲ့ စာအုပ်တွေထဲက လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးစာရင်းမှာ ပါဝင်ခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ်အဖြစ် စာအုပ်ကို ပိုမိုခမ်းနားအောင် ပြင်ဆင်မွမ်းမံပြီးဆောင်းစုရတီစာပေကနေ ထုတ်ဝေလိုက်ပါတယ်။
စိတ်ဓာတ်ကျရင်ဖတ်ကြည့်ပါစာအုပ်ဟာ ” စိတ်ဓာတ်ကျနေသူများအတွက် ရေနစ်နေသူကို ကောက်ရိုးကလေးတစ်မျှင်အဖြစ်ဖြစ်စေ၊ ဆေးရုံဆေးခန်းနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေက ဝေဒနာရှင်တစ်ယောက်အနေနဲ့ အပြင်းအထန်ခံစားနေရချိန်မှာ ဆေးမြီးတိုအဖြစ်ဖြစ်စေ၊ ရေဆာနေသူအတွက် ရေကြည်တစ်ပေါက်အဖြစ်ဖြစ်စေ၊ဆာလောင်နေသူအတွက် ထမင်းတစ်လုတ်အဖြစ်ဖြစ်စေ၊ နေပူထဲကလာသူအတွက် သစ်ခက်ကလေးတစ်ခက်အဖြစ်ဖြစ်စေ၊ လကွယ်ညအလယ်မှာ ခရီးသွားနေသူတစ်ယောက်အတွက် ပိုးစုန်းကြူးကလေးအဖြစ်ဖြစ်စေ အထောက်အပံ့ရစေခြင်းငှာ ရေးသားထုတ်ဝေခြင်းဖြစ်ပါတယ်”
“စာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ စိတ်ဓာတ်ကျရင် အမြန်ဆုံးသက်သာစေဖို့ဖြစ်ပါတယ်။ စာပိုဒ်လေးတွေကိုဖုန်းထဲမှာထည့်ယူသွားပြီး ရုံးမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် စိတ်ညစ်တဲ့အချိန် အလွယ်တကူခဏတဖြုတ်ဖတ်ရှုရုံနဲ့ စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ အမြန်ဆုံးသက်သာမှုရရှိစေဖို့ ရည်ရွယ်ပါတယ်” လို့ ဆရာကောင်းပြည့်သော်က ဆိုပါတယ်။ ကိုယ်တိုင်ဖတ်ဖို့ ဆောင်ထားသည်ဖြစ်စေ၊ ချစ်ခင်နှစ်သက်သူတွေကို လက်ဆောင်ပေးဖို့ဖြစ်စေ အကောင်းဆုံးရွေးချယ်သင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင် သတင်းကောင်းပါးလိုက်ပါရစေရှင့်။

စာမျက်နှာ

125

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2023 ဩဂုတ်လ (ဒုတိယ-ကြိမ်)

21 in stock

စိတ်ဓာတ်ကျရင်ဖတ်ကြည့်ပါ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Pri seng

    အရမ်းဖတ်ချင်

  2. Ma Aye Myo Phyu

    I am Fall Down / I need Motivation So I really read this Book

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကောင်းပြည့်သော် စာအုပ်များ