မိုးမိနေတဲ့ထီးကလေးတွေ

( 3 မှတ်ချက်)

3500 (ကျပ်)

• အဖြစ်မှန် သရုပ်မှန်​တွေကို အ​​ခြေခံပြီး
ဇာတ်အိမ်ဖွဲ့​​ရေးသားတတ်တဲ့
ဆရာဘိုဘိုသန့်ဇင်ရဲ့ ဒီစာအုပ်ထဲမှာ…

ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်အမိ​မြေကို ချစ်လှပါ​သော်လည်း…​ခေတ်ဆိုး စနစ်ဆိုးရဲ့ ရိုက်ခတ်မှု​​ကြောင့် ကြုံလာရတဲ့ မိသားစုစားဝတ်​နေ​ရေးပြဿနာ​တွေကို တိုင်းတပါးတို့ရဲ့ လက်​အောက်မှာပဲ ဆင်းရဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ရင်း ​ဖြေရှင်း​နေရတဲ့ ဇာတ်​ကောင်​တွေရဲ့ လှုပ်ရှားရုန်းကန်​​နေရပုံ​တွေကို ရုပ်လုံးကြွ​အောင် ရေးဖွဲ့ထားပါတယ်။

ကိုယ်ချစ်တဲ့သူ​တွေကို မိုးထဲ​လေထဲမှာ အုပ်မိုး​ပေးထားတဲ့ မိုးမိ​နေတဲ့ထီးက​လေး​ပေါင်းများစွာကို ​ရှာ​ဖွေ​တွေ့ရှိနိုင်သလို… ဘက်​ပေါင်းစုံက ရိုက်ခတ်​နေတဲ့ မုန်တိုင်းငယ်​တွေကိုလဲ မြင်​တွေ့နိုင်ပါ​သေးတယ် ….

စာမျက်နှာ

136

စာအုပ်အရွယ်အစား

5.5× 0.3 ×8 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဇွန်လ (ပထမအကြိမ်)

16 in stock

မိုးမိနေတဲ့ထီးကလေးတွေ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Htet Lynn Naing (verified owner)

    သူများဘ၀တွေ လုံခြုံဘေးကင်းဖို့
    မိုးမိနေတဲ့ ထီးကလေးတွေရှိတယ်… တဲ့
    ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း ရေးဖွဲ့တဲ့
    စာရေးဆရာရဲ့ အရေးအဖွဲ့က နူးညံ့ထိရှလွန်းတယ်…

    ကျွန်တော်တို့ရဲ့ ခပ်လှမ်းလှမ်းမှာလည်း
    မိုးမိနေတဲ့ ထီးကလေးတွေရှိတာပဲ
    တောထဲတွေမှာ
    တောင်ထဲတွေမှာ
    ပုန်းလျှိုးကွယ်လျှိုး
    ဘယ်တော့ အိမ်ပြန်ရမှန်းမသိတဲ့ ဘ၀လေးတွေ…

    ဒီစာအုပ်ကိုထုတ်ရတာ စိတ်လေးတယ်
    #မိုးမိနေတဲ့ထီးကလေးတွေ ကြောင့်
    ကျွန်တော်တို့ရဲ့ လုံခြုံနေရမှုတွေက
    ရင်ထဲမှာ ဟာလာဟင်းလင်း။

    တစ်ခုခုကို ရှက်နေရတယ်။

    Crd ; Htet Aung

  2. Ko Phyo

    မိုးမိနေတဲ့ထီးကလေးတွေ တကယ်လက်တွေ့ဘဝနဲ့ တိုက်ဆိုင် လိုက်တာ မြန်မာပြည် အမြန်ဆုံးအေးချမ်းပါစေ

  3. Phee Lay

    ရှင်သန်နေထိုင်ရတဲ့ ဘဝတွေမတူညီကြဘူး ။ ဖြတ်သန်း နေရတဲ့ ပတ်ဝန်းကျင် ၊ ရုန်းကန်နေရတဲ့ ဘဝတွေ မတူညီကြဘူး ။
    စစ်ကြောင့် လုံခြုံမူမရှိတဲ့ဘဝတွေ ။ သဘာဝဘေးအန္တရယ် ကြောင့် ပြိုပျက်သွားခဲ့ရတဲ့ ဘဝတွေ ။ စိတ်လုံခြုံမှုမရှိ ၊ အကြောက်တရား ၊ စားဝတ်နေရေး အဆင်‌မပြေမူတွေကြောင့် ကိုယ့်နိုင်ငံ ကို စွန့်ခွာပြီး ရေခြားမြေခြားမှာ။ရုန်းကန်ရှင်နေရသော ဘဝများစွာ ကို မြင်မိတဲ့အခါ ရင်မော မွန်းကြပ်မိပါတယ် ။
    ကူရာမဲ့ဘဝတွေ ။ လှစ်လျူရှုခံရတဲ့ ဘဝတွေ ။ ကိုယ့်အသက် ရှင် ဖို့ ကိုယ့်ဘာသာကာကွယ်နေရတဲ့ ဘဝတွေ ။
    ဖြိုးဇော် ရဲ့ ရှင်သန်နေရတဲ့ဘဝ အကြောင်းကို ဖတ်ရတဲ့ အခါမှာ ဆရာ မြစ်ကျိုးအင်း ရဲ့ #အငုံ့စိတ် ဝတ္တုတို သတိရမိပါတယ် ။ အဲ့ထဲက လူငယ်လေး ကို သွားသတိရမိတယ် ။ လူငယ်လေးက မြန်မာပြည်ပြန်ရောက်လာတဲ့အခါ မှာ ရဲကားကိုတွေ့တော့ ကားနောက်ဖုံးကို လက် နဲ့ ထု လိုက်တာပဲ အဲ့အခါမှ သူ့ဘဝရဲ့ အရိပ်ဆိုးတွေကို သိခွင့်ရတဲ့ ဝတ္တုတိုပါ ။
    ဖြိုးဇော် ရဲ့ ဘဝ ကလဲ သားရဲ ခံတွင်းထဲမှာ လျှောက်လှမ်းနေရတာ နဲ့ တူပါတယ် ။ ဖြိုးဇော် ကြောက်ရွံ့မူတွေ ။အလုပ်ရှင် ရဲ့ မတရား စေခိုင်းမှုတွေ ။ မမျှတတဲ့ အလုပ်ချိန်တွေ ဒါတွေကို စာဖတ်သူမှာ မြင်မိ ဖတ်မိတဲ့ အခါ ဖြိုးဇော် နဲ့ အတူ မွန်းကြပ် ကြောက်ရွံ့ခံစားမူ ကို ရစေပါတယ် ။ ဖြိုးဇော် လို လူမျိုးတွေ ဘယ်နှစ်ယောက်များ ရှိမလဲ တွေးကြည့်နေရင်း
    သား ရှိရာကို လိုက်လာတဲ့ အနူး ဆိုတဲ့ ကချင် အမျိုးသမီးကြီး ရဲ့ ကြေကွဲစရာအဖြစ်
    ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းမှာ အနှိပ်စက်ခံ အညှင်းပန်းခံပြီး သားရှိရာ အရပ်ဆီသို့ သွားတဲ့အခါ အနူးတစ်ယောက် ရင်ဆိုင်ရမူတွေက အသက်အရွယ်နဲ့မမျှတအောင်ပါပဲ ။
    ဆရာဘိုဘိုသန့်ဇင် က ဇာတ်ကောင် အင်အားများများ နဲ့ မတူညီတဲ့ ဘဝတွေကို ရေးပြသွားပါတယ် ။
    ဇာတ်လမ်း အချိတ်အဆက် ချိတ်ဆက်ပြသွားတာ အရမ်းကောင်းပါတယ် ။
    စကားလုံးသုံးနှုန်းပြသွား တချို့နေရာလေးတွေမှာ အရမ်းလှတာပါ ပဲ ။ ဖြိုးဇော် ကို ကိုယ်ဝန်လွယ်ထားရပုံကို ရေးပြသွားတာ အရမ်းကြိုက်မိပါတယ် ။
    ကျွန်တော်အနေနဲ့ စာရေးသူက မတူညီကြတဲ့ ဘဝတွေကို ရေးပြပုံဖော်သွားရမှာ ဖြိုးဇော် နဲ့ အနူး က ဇာတ်ကောင်စရိုက်အပေါ်လွင်ဆုံး နဲ့ သူတို့ ရဲ့ အဖြစ်အပျက်တွေကို သိချင် စိတ် အင်မတန်မှပြင်းပြမိတာပါပဲ ။
    ဖြိုးဇော် နဲ့ အနူး ရဲ့ အဖြစ်အပျက်တွေ ရင်ဆိုင်နေရတာတွေကို ဖတ်နေရင်း မွန်းကြပ်လာလို့ စာအုပ်ကိုခဏချထားရမိတာပါပဲ ။
    ကျွန်တော် မသိသေးတဲ့ အဖြစ်အပျက်တွေ ခံစားမူတွေ ကြောက်စရာအကောင်းဆုံး ကြုံတွေ့ရတာတွေ ဖတ်ရတော့ ရွေ့ပြောင်းလုပ်သမားတွေ ရဲ့ ဘဝတွေ ကို စနာမိ သနားမိ ဂရုဏသက်မိ ခံပြင်းမိ ဒေါသထွက်မိပါတယ် ။
    စာကောင်းပေကောင်း ဖတ်နေရင် စာလုံးပေါင်းတွေမှား နေတာ ။ စကားလုံးတွေ ကျန်ခဲ့တာဆိုရင် အရသာပျက်မိတာပါပဲ ။
    ဒီစာအုပ်ထဲမှာ စာလုံးပေါင်းအမှားတွေ အများကြီးပဲ ။
    ဇာတ်ကောင် တစ်ယောက် လုပ်ဆောင်ပုံ သူရဲ့ လုပ်ဆောင်နေမူတွေကို ဖတ်နေရင်းမှာ စာလုံးပေါင်းတွေ မှားနေတာ မြင်ရတဲ့ အခါ အရသာပျက်စေမိတာပါ ။
    နောက်ဆုံး ဇာတ်သိမ်း စာပိုဒ်မှာတောင် မှားတယ် ။
    ဆရာ ဘိုဘိုသန့်ဇင် ကို ကျေးဇူးအထူးတင်မိပါတယ် ။ မုန်တိုင်းတွေကို ကျော်ဖြတ်ရင်ဆိုင်နေရတဲ့ ဘဝတွေကို ဖတ်ခွင့် သိခွင့်ရတဲ့အတွက်ပါ ။
    မတူညီကြသော ရုန်းကန်ရှင်သန်နေရတဲ့ ဘဝတွေ ဖတ်ကြည့်ကြည့်ပါလို့ပါ
    #မိုးမိနေတဲ့ထီးကလေးတွေ
    #ဘိုဘိုသန့်ဇင်
    #ဖီး

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဘိုဘိုသန့်ဇင် စာအုပ်များ