ငြိမ်သက်ခြင်း

( 3 မှတ်ချက်)

7000 (ကျပ်)

  • ငြိမ်သက်ခြင်းကို ဖတ်ပြီးခေါင်းထဲက ထုတ်လို့မရတော့ဘူး။ တကယ်ကို အသုံးကျတဲ့ စာအုပ်လို့ကို ယူဆမိတယ်။ အတော်လေးလည်း ဆွဲဆောင်မှုရှိသလို၊ အချိန်ကိုက်ထွက်လာတဲ့ စာအုပ်လို့ ပြောချင်တယ်။ ကျောင်းတွေမှာရော၊ ရုံးလုပ်ငန်းခွင်တွေမှာပါ စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ ပြန့်နှံ့သွားရင် သိပ်ကောင်းမယ်
    (ဂျွန် ရွန်ဆန် – ဂါးဒီးယန်းသတင်းစာ)
  • ဆူဆန်ကိန်းရဲ့ ငြိမ်သက်ခြင်းက တကယ့်ကို ငြိမ်သက်မှုနဲ့ တော်လှန်ရေးကြီးတစ်ခုကို နိုးထစေတဲ့ မီးပွားလေးလိုပဲ။ လူတွေကို ငြိမ်ထိုင်ခိုင်းထားပြီး အငြိမ်မနေနိုင်အောင် လှုံ့ဆော်နိုင်တယ်။ မန်နေဂျာတွေ၊ ကုမ္ပဏီခေါင်းဆောင်တွေကိုတောင် စိတ်ဝင်စားလာအောင် လုပ်နိုင်ပြီး၊ မဖြစ်မနေ နားထောင်အောင် ဆွဲဆောင်နိုင်တယ်။
    (မေဂန် ဝဲလ်ရ် – တိုင်းမ် မဂ္ဂဇင်း)
  • ကြည့်ရတာ လူပေါ်လူဇော် အပြင်စွဲစရိုက်ကြီးက ထင်သလို အသုံးမကျတော့ဘူး ထင်ပါရဲ့။ ငြိမ်သက်သူတွေရဲ့ အစွမ်းသတ္တိတွေအတွက် အချိန်ကျလာသလိုပဲ။ အားလုံး အချိန်ပေးသင့်တယ်။
    (ဒေစီ ဂွတ်ဝင်း – ဆန်းဒေးတိုင်းမ်း)

အရှက်၊ အကြောက်ကြီးတာတွေ၊ အနေရွံ့ပြီး လူကင်းသူကင်း နေတတ်တာတွေ၊ ကိုယ့်စိတ်နဲ့ကိုယ် သီးသန့်နေပြီး လူအများရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်တာတွေကို ရှုံချအပြစ်ပြောတဲ့ ဒီနေ့ခေတ် လောကကြီးမှာ ပင်ကိုယ်စရိုက်များစွာရှိနေတဲ့အနက်၊ သုံးပုံတစ်ပုံသော လူတွေက အတွင်းစွဲ ငြိမ်သက်သူတွေ ဖြစ်နေတတ်ပါတယ်..

ဒါ့အပြင် တချို့သော ကမ္ဘာကျော်ကြား အသိပညာရှင်၊ အတတ်ပညာရှင်များကလည်း အတွင်းစွဲ ငြိမ်သက်သူတွေ ဖြစ်နေတာကြောင့်လည်း၊ သူတို့သာ မရှိခဲ့ဘူးဆိုရင် Apple Computer ဆိုတာ ရှိလာမှာ မဟုတ်သလို၊ Theory of Relativity နဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ နေကြာပန်းတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။

ယခု ‘ငြိမ်သက်ခြင်း’ လို့ခေါ်တဲ့ ဆူဆန်ကိန်းရဲ့ စာအုပ်လေးမှာ အတွင်းစွဲ ငြိမ်သက်သူတွေအပေါ် လူမှုအသိုက်အဝန်းရဲ့ ထင်မြင်ယူဆပုံနဲ့အတူ… အတွင်းစွဲတွေရဲ့ စွမ်းရည်သတ္တိတွေကို တလွဲအသုံးချသလို ဖြစ်နေတာတွေကိုပါ ထောက်ပြထားသလို၊ အတွင်းစွဲ ငြိမ်သက်သူတွေ အနေနဲ့လည်း ကိုယ့်စရိုက်ရဲ့ အကျိုးကျေးဇူးတွေကို နားလည်ပြီး အကျိုးရှိအောင် အသုံးချနိုင်ဖို့ လမ်းညွှန်ထားချက်တွေ ပါရှိပါတယ်။

စိတ်ရင်းစေတနာပါပါ သုံးသပ်ဝေဖန်ထားချက်တွေ ပါရှိသလို၊ စနစ်တကျ သုတေသနပြုထားပြီး ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် ဘ၀ဇာတ်လမ်းတွေကို စုံစုံလင်လင် တင်ပြထားသလို အတွင်းစွဲပဲ ဖြစ်စေ… အပြင်စွဲပဲ ဖြစ်စေ.. ဖတ်ရှုသူတိုင်းကို ပင်ကိုယ်စရိုက်ပိုင်းဆိုင်ရာ အသိပညာ တိုးပွာစေနိုင်မှာ ဖြစ်ပြီး လူနေမှုဘ၀အတွင်း ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ စရိုက်အလိုက် ပြုမှုကျင့်ကြံလာနိုင်မှာ ဖြစ်ပါတယ်…

စာမျက်နှာ

224

စာအုပ်အရွယ်အစား

5.3 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

⛔️ BOOK JECKET SERVICE

*Cover ပါ Bookflap နှင့် စာအုပ်မိုးကာ မလိုက်ဖက်ပါသဖြင့်*ပန်းဆက်လမ်း၏ အခမဲ့လက်ဆောင် ဝန်ဆောင်မှုဖြစ်သော Book Jecket (စာအုပ်မိုးကာ) ကို ယခု စာအုပ်အတွက် ချန်လှပ်ပါသည်။

48 in stock

ငြိမ်သက်ခြင်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. htet aung

    ဒီစာအုပ်က ထူးခြားတယ်။
    အတွင်းစွဲ Introverts တွေဘက်က
    လူ့အဖွဲ့အစည်းကို စိန်ခေါ်ထားတဲ့ စာအုပ်

    Extroverts (လူပေါ်လူဇော်) တွေကိုပဲ
    ခင်ဗျားတို့ အဟုတ်ထင်မနေနဲ့
    ငြိမ်ငြိမ်သက်သက်နေတတ်တဲ့
    Introverts (ငြိမ်သက်သူ) တွေမှာလည်း
    ကိုယ်ပိုင်အစွမ်းအစတွေ ဒုနဲ့ဒေးဆိုတာ
    တည့်တည့်ကြီး ပြောလိုက်တဲ့ စာအုပ်။

    ကမ္ဘာမှာ ချီးကျူးမှုတွေ
    သောသောညံသွားတယ်
    အတွေး တော်လှန်ရေးတရပ်လို့တောင်
    တင်စားခံရတယ်..

    ‘မိတ္တဗလ’ ဆိုတဲ့ လူပေါင်းဆံ့ရေးဟာ
    ကျွန်တော်တို့ ခင်ဗျားတို့ လူအဖွဲ့အစည်းကို
    အရိုးစွဲ လွှမ်းမိုးထားတဲ့ အတွေး..
    တိတိကျကျ ပြောရရင်
    ၂၀ ရာစုအစ မြို့ကြီးပြကြီးတွေ
    စက်ရုံ အလုပ်ရုံတွေ တိုးပွားလာမှုကနေ
    ဒီ လွှမ်းမိုးမှုက ကျယ်ပြန့်လာတယ်။

    အဓိက ဇစ်မြစ်အတွေးက
    ‘မြင်တာနဲ့ လူအထင်ကြီးရမယ်’..
    ‘လူပေါ် လူဇော် ဖြစ်ရမယ်’။
    ဒါ ခင်ဗျားတို့သိတဲ့ ဒေးလ်ကာနယ်ဂျီပေါ့
    (ဦးနုရဲ့ မိတ္တဗလဋီကာပေါ့)

    ဒီတော့ … လူပေါ် လူဇော် Extroverts တွေက
    ကိုယ်ရည်ကိုယ်သွေး တဆင့် ပိုမြင့်သူတွေလို့
    လူ့အဖွဲ့အစည်းမှာ သတ်မှတ်ခံလာရတယ်။

    ငြိမ်သက်တိုးတိတ်သူ introverts တွေကို
    အရည်အသွေးနိမ့်သူတွေလို့ သတ်မှတ်ချင်လာတယ်
    ‘ဘေးလူ’ လို့တောင် သတ်မှတ်ချင်လာကြတယ်…

    ဝေးဝေး မကြည့်နဲ့.. ကလေးတွေကိုကြည့်။
    စကားတပြောပြောနဲ့ တက်တက်ကြွကြွနေတဲ့
    ကလေးကို ‘ဟယ် တော်လိုက်တဲ့ ကလေး’လို့
    တဖွဖွ ချီုးကျူးနေချိန်မှာ …

    တစ်ယောက်ထဲ ငြိမ်ငြိမ်ကုပ်ကုပ်နေပြီး
    တစ်စုံတစ်ခုအပေါ်
    အာရုံစိုက်နေတတ်တဲ့ စကားနည်းတဲ့ကလေးဆီမှာ
    အားမလို အားမရမှုကို ပိုခံရတယ်..

    ဒါကို ခင်ဗျား မငြင်းနဲ့။
    လူ့အဖွဲ့အစည်းရဲ့ စံလွဲချော်မှုက ဒီကစတယ်

    Extroverts တွေနဲ့ Introverts တွေမှာ
    ပုံစံမတူတဲ့ ကိုယ်ရည်ကိုယ်သွေးကိုယ်စီရှိတယ်

    တစ်ယောက်က
    အာရုံလှုံ့ဆော်မှုတွေကိုကြိုက်တယ်
    စကားများများပြောတယ်
    လူများများကြားသွားတယ်..

    တစ်ယောက်က
    ငြိမ်သက်တီထွင်ဖန်တီးမှုကို ကြိုက်တယ်
    အာရုံစူးစိုက်တယ်
    စနစ်တကျ အသေးစိတ်ပုံဖော်တယ်
    လူများများကြားမှာ မောဟိုက်တယ်။

    Steve Job က ငြိမ်သက်သူတစ်ယောက်
    introverts အတွင်းစွဲ
    အိုင်းစတိုင်းက ငြိမ်သက်သူတစ်ယောက်
    ဂန္ဒီဟာ ငြိမ်သက်သူတစ်ယောက်
    သူတို့ပြောင်းလဲပေးခဲ့တဲ့ ကမ္ဘာကို
    ခင်ဗျား သိတယ်..

    ထပ်သိအောင် ဒီစာအုပ်က ခင်ဗျားကို
    တွင်တွင်ကျယ်ကျယ် ပြောပြလိမ့်မယ်..

    ဒီစာအုပ်က သုတေသနပြုချက်တွေအများကြီးနဲ့
    တဖက်စောင်းနင်း လက်ခံထားမှုကြီးကို
    မျှခြေပြန်တည့်အောင် ကြိုးစားထားတယ်..

    အတွင်းစွဲ ငြိမ်သက်သူတွေရဲ့ တန်ဖိုးကို
    နားလည်သဘောပေါက်စေပြီး
    ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး
    ‘အစစ်’အတိုင်း
    ရှင်သန်နေထိုင်တတ်ဖို့ တိုက်တွန်းထားတယ်။

    ဖတ်ကြည့်ဗျာ
    ၃ ပုံ ၁ ပုံသော လူတွေဟာ အတွင်းစွဲ
    ငြိမ်သက်သူတွေတဲ့
    ကျွန်တော်တော့ ပါတယ်
    ခင်ဗျားလည်း ပါမှာပါပဲ။

    🔸 ထက်အောင် (ပန်းဆက်လမ်း)

  2. Kyawt K Khine (verified owner)

    The powder of introverts in a world that cant stop talking
    ဘယ်လောက်လှတဲ့စာကြောင်းလဲ ကိုအတွက်တော့အားတက်စရာစာကြောင်းလေးပါ
    ပန်းဆက်လမ်းကစာအညွှန်းလေးဖတ်ပြီး introvert တွေအကြောင်းရေးထားတဲ့ စာအုပ်ဆိုတော့ ငါနဲ့ဆိုင်တဲ့စာအုပ်ဆိုပြီး စိတ်ဝက်စားပြီးဖတ်မိတဲ့ စာအုပ်လေး
    ဆရာမောရီသျှ ဘာသာပြန်ထားတာလည်း ဖတ်ရတာထောက်မနေဘူး ဆရာစာအုပ်ကို ပထမဆုံးဖတ်ဖူးခြင်း
    ယခုခေတ်မှာ စကားအပြောကောင်းဖို့ လူမှုပေါင်းသင်းရေးမှာဝင်ဆန့်ဖို့အတွက် ကြိုးစားနေရတဲ့သူတွေအများရှိမှာပါကိုလည်းအပါအဝင်ပေါ့
    ဥပမာ-ကိုယ်စီမှာဆို How to win friends & influence people ကိုဘာသာပြန်ထားတဲ့ဦးနုရဲ့ မိတ္တဗလဋီကာစာအုပ်ကို engနဲ့myanma စာအုပ်နှစ်မျိုးလုံးရှိသလိုပေါ့😁
    ဒါပင်မဲ့ဘယ်လိုကြိုးစားကြိုးစားမဝင်ဆံနိုင်တဲ့သူတွေလည်းရှိနေအု့းမှာပါ အဲလိုလူအတွက်ဖတ်သင့်တဲ့စာအုပ်လို့ထင်တယ်
    ကိုယ်ပိုင်စရိုက် ရှိလာတာနဲ့ ကိုယ်ပိုင်ဖြစ်တည်မှုဆိုတဲ့ လူဖြစ်မှု ဝိသေသလည်း တခါတည်းဖြစ်လာမှာပါ
    လူဖြစ်ရင် ဗီဇရှိသလို စရိုက်ကိုယ်စီရှိပါတယ် ကိုယ့်ဗီဇ ကိုယ့်စရိုက်ကို အခြေတည်ပြီးလူလုပ်ရတာပါ
    ဗီဇနဲ့စရိုက် ကွဲကြတာကြောင့် လူလူချင်းမတူကြပဲ လူအမျိုးမျိုး စိတ်အထွေထွေဖြစ်လာတာပါ(စာ၁၀၉)
    ကိုယ့်မတက်နိုင်တဲ့အကျင့်စရိုက်ကို မတင်းကြီးလုပ်ယူမဲ့အစား ကိုယ့်ရဲ့ပင်ကိုစရိုက်ဗီဇအတိုင်းနေပြီး ကိုယ်ပိုင်အစွမ်းအစကိုထုတ်ပြီးနေဖို့ လမ်းညွှန်ပေးနိုင်တဲ့စာအုပ်လေး
    ကမ္ဘာပေါ်မှာရှိတဲ့ introvert စရိုက်ရှိသူတွေရဲ့အောင်မြင်ခဲ့တဲ့အကြောင်းတွေကို သူတို့ရဲ့ဇာတ်လမ်းတွေ ဥပမာလေးတွေနဲ့ရှင်းပြပြီး ဖတ်ရလို့ ပျင်းစရာလည်းကောင်းမနေဘူး
    ငြိမ်သက်ခြင်းနဲ့ လူပေါ်လူဇော်ကြားကကွာခြားမှု အကြောင်းတွေ တော်တော်များများဖော်ပြထားတယ်
    အဲလိုကွာခြားမှုတွေကြောင့် အလုပ်ခွင်ဝင်တဲ့အခါခက်ခံမှုတွေ မိဘနဲ့သားသမီးကြား ချစ်သူနှစ်ယောက်ကြား စိတ်သဘောထားမတိုက်ဆိုင်မှုတွေ
    Introvert တယောက်အတွက် တဖက်သားနဲ့အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေကို ဖော်ပြထားတယ်
    အပိုင်း(2)ဗီဇနဲ့စရိုက် ဖြစ်တည်မှုအခန်းကို ဖတ်ရတဲ့အခါ အခုပြနေတဲ့ Brain Work ဆိုတဲ့korea dramaကိုသွားသတိရတယ် ဦးနှောက်တဲ့ပက်သက်တဲ့စမ်းသပ်ချက်တွေပါလို့ ဇာတ်ကားကြည့်နေရသလိုပဲ
    လူပေါ်လူဇော်တွေက လူမှုရေးအခွင့်အရေး အားလုံးကို အသာစီးယူထားနိုင်သလို ငြိမ်သက်သူလည်း လူမှုနယ်ပယ်မှာ ထိပ်တန်းမရောက်နိုင်စရာအကြောင်းလုံးဝ လုံးဝမရှိနိုင်ပါ(စာ၈၉)
    တက်ကျမ်းစာအုပ်တွေကြားထဲ ဒီစာအုပ်လေးထွက်လာတော့ဝမ်းသာမိတယ် ကိုယ့်အကျင့်စရိုက်ကိုလည်းပိုပြီးလက်ခံလာမိတယ် ငြိမ်သက်သူတွေရဲ့အကြောင်းကိုလည်း ပိုပြီးသိလာရတယ်
    စာအုပ်reviewရေးမယ်ဆိုပြီး ပထမဆုံးရေးလိုက်တာ တိုတိုလေးဆိုပြီးရှည်းသွားလားမသိ😁
    #မောရိသျှ #ငြိမ်သက်ခြင်း #Quiet #susancan

  3. Mary mun ra

    Nice

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောရိသျှ စာအုပ်များ