ပျူနိုင်ငံတော်နှင့်အခြားသမိုင်းဆောင်းပါးများ
6000 (ကျပ်)
” အနောက်တောင်ပိုးလမ်းမကြီးအကြောင်း၊ သူရိန်ဒေဝနှင့် အာကာရွှေတောင်၊ ပျူပြည်ထောင်စုများ၏ သမိုင်းကြောင်းကို ဖတ်ရသည်။ အချက်အလက်၊ အကိုးအကားများဖြင့် ဝေဝေဆာဆာ တင်ပြထားသဖြင့် ဖတ်ရသူအတွက် အကျိုးများလှပေသည်။ ညောင်ရမ်းခေတ်စကားဝိုင်းကဏ္ဍကလည်း စိတ်ဝင်စားဖို့ကောင်းပါသည်။ တရုတ်-မြန်မာစစ်ပွဲအတွင်းမှ ကျန်ရှိခဲ့သော ခံတပ်များအကြောင်းလည်း သမိုင်းလေ့လာသူများအဖို့ တန်ဖိုးရှိပေသည်။ တရုတ်-မြန်မာစစ်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပုံများကို နေရာဒေသများ၊ နှစ်ဖက်တပ်များ၏ ပြင်ဆင်ဖွဲ့စည်းပုံများ၊ ခံတပ်များ ချီတက်လာရာလမ်းကြောင်းနှင့် ခံစစ်ပြုလုပ်ပုံများကို သုံးသပ်ချက်များနှင့်တကွ ဖော်ပြထားသဖြင့် စာရေးသူ၏ အားထုတ်မှုကို အထင်းသားမြင်တွေ့ရသည်။ ဆင်ဦးစီးနှင့် ကုန်းလယ်စီးအကြောင်း၊ ပျံချီ၏ အဓိပ္ပာယ်၊ ရှေးမြန်မာမင်းများလက်ထက် စစ်ဘက်၊ အရပ်ဘက်အရာရှိများ ရွေးချယ်ခြင်းအကြောင်းများကိုလည်း လေ့လာမှတ်သားရသည်။ ထို့အပြင် ပန်ထွာနှင့် ဗိဿနိုးရှင်းတမ်း၊ မင်းမြှောက်တန်ဆာ ငါးပါးအကြောင်းအရာများကို စုစည်းဖော်ထုတ် တင်ပြထားပါသည်။
ယခုစာအုပ်တွင် ပျူဒေသအတွင်း ယဉ်ကျေးမှုထွန်းကားခဲ့ပုံ၊ မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာပုံ၊ စီးပွားရေး ကုန်သွယ်ရေးဆောင်ရွက်ပုံ၊ ဟန်လင်းဒေသပြိုကွဲရပုံ၊ တကောင်းဒေသ ထူထောင်ပုံတို့အား စိတ်ဝင်စားဖွယ် ထုတ်နှုတ်တင်ပြထားကြောင်း တွေ့မြင်ရပါသည်။ “
(အမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
ဤစာအုပ်ထဲတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်း မြန်မာ့သမိုင်းနဲ့ရှေးဟောင်း သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ အထောက်အထားအသစ်တွေ၊ သုံးသပ်ချက် အသစ်တွေအပေါ် အခြေခံပြီး ရေးသားထားတဲ့ သမိုင်းဆောင်းပါးတွေ ပါဝင်ပါတယ်။ တစ်နည်းပြောရမယ်ဆို မိတ်ဆွေတို့ သိထားတဲ့ အချို့သမိုင်းတွေဟာ မှားယွင်းနေပြီဆိုတာကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်တာဖြစ်လို့ ကိုယ့်အလိုနဲ့မတူတဲ့အခါ အမျိုးမျိုးပြောကြမှာ မထူးဆန်းတဲ့ကိစ္စပါပဲ။ ဤစာအုပ်တွင် မြန်မာ့သမိုင်းကို ၁၂ မျိုးဂျင်းသုပ်လို ရသအစုံအလင် ခေတ်အစုံအလင် ခံစားရအောင် ထည့်သွင်းဖော်ပြထားပါတယ်။
စာမျက်နှာ | 226 |
---|---|
စာအုပ်အရွယ်အစား | 5.9 x 0.3 x8.6 inches |
ပုံနှိပ်မှတ်တမ်း | Living Myanmar 2023 ၊ ဧပြီလ (ဒုတိယအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ