အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့ဆူး

( 0 မှတ်ချက်)

2000 (ကျပ်)

လူ့ဘဝခရီးလမ်းတွင် အခက်အခဲပေါင်းများစွာကို ဆင်းရဲဒုက္ခမျိုးစုံ၊ စမ်းသပ်မှုမျိုးစုံတို့နှင့် ကြုံတွေ့ရတတ်သည်။ ထိုအခါ ကံတရားကို အပြစ်တင်၊ ပတ်ဝန်းကျင်ကို ရှုတ်ချလည်း အရာမရောက်နိုင်ချေ။ ထို့ကြောင့် စိတ်ကူးအိပ်မက် ကို တောင်ပံတပ်မှ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်လိမ့်မည်ဟုလည်းကောင်း၊ စိတ်ဆိုသည်မှာ စာတိုက်ပုံးတစ်ခုနှင့်တူပြီး၊ အချိန်မှန်မှန် ရှင်းလင်းထားရပါသည်။ ထိုသို့မလုပ်လျှင် တွေးတောမှုအရှိန်ကို နှေးစေပြီး ပျံသန်းလိုသည့် တောင်ပံကိုပါ လေးစေပါသည်ဟုလည်းကောင်း ရေးသားထားရာ စိတ်ခွန်အားကို ဖြစ်စေပါသည်။

ဤစာအုပ်တွင် ဇနီးဖြစ်သူက ခင်ပွန်းသည်၏ဟောက်သံကြောင့် အိပ်ရေးပျက်၍ စိတ်ညစ်ခဲ့ရပေမယ့် ခင်ပွန်းသည် ကွယ်လွန်သွားသည့်အခါ စိတ်ထိခိုက်ပြီး စိတ်တွင် စွဲထင်နေသည့် ဇနီး၏ သံယောဇဉ်ကို “ဟောက်သံ” စာစုတွင် လည်းကောင်း၊ ဦးနှောက်ထဲ၌ အကျိတ်ကြီးရှိပြီး ခွဲစိတ်လိုက်၍ မှတ်ဉာဏ်ချို့ယွင်းသွားသူ ခင်ပွန်းသည်က ဇနီးဖြစ်သူကို မမှတ်မိသော်လည်း သံယောဇဉ်ကြောင့် ချစ်ခင်တွယ်တာမှုကို “နောက်တစ်ကြိမ်တွေ့ကြတဲ့အခါ” စာစုတွင်လည်းကောင်း ဖော်ပြထားရာ သနားကရုဏာဖြစ်စေပါသည်။

ယခုစာအုပ်တွင် စာရေးဆရာမ နိုင်းနိုင်းစနေသည် စာစုအပုဒ်ရေ ၂၈ပုဒ်၌ တစ်ပုဒ်နှင့် တစ်ပုဒ် စာပေရသချင်း မတူအောင် ရေးသားတင်ပြထားရာ စာဖတ်သူတို့အနေဖြင့် ဖတ်ရှုရကျိုးနပ်စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

4.9 x 0.4 x 7.2 inches

ပုံနှိပ်မှတ်တမ်း

SYNERGY Publications စာပေ၊ 2022 မတ်လ၊ (ပ-ကြိမ်)

13 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အချိန်နဲ့အတူပျောက်ကွယ်သွားတဲ့ဆူး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

နိုင်းနိုင်းစနေ စာအုပ်များ