ပြိုမယောင် ဟိုတောင်က မိုး

( 0 မှတ်ချက်)

7000 (ကျပ်)

“မောင့်သမုဒယအနှောင်အဖွဲ့ကလွဲလို့ အခြားခြားသော အနှောင်အဖွဲ့များက လွတ်မြောက်ရပါလို၏လို့ ထပ်ဖြည့်ဆုကောင်းလိုက်ပါတယ်မောင်…”

 

”ဆုသတ္တိနည်းပေမဲ့ မေတ္တာတရားက မနည်းဘူးလို့ မောင်ယုံရင်ပဲ ဆူကျနပ်ပါပြီ မောင်ရယ် . . . ”။

တစ်ယောက်အပေါ်တစ်ယောက်နှစ်နှစ်ကာကာ ချစ်မိကြတဲ့ ချစ်သူနှစ်ဦးရဲ့အကြောင်း။ မတူတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့ မြတ်မြတ်နိုးနိုး တွယ်တာမိကြတဲ့ တက္ကသိုလ်ကျောင်းက အချစ်ဇာတ်လမ်း။ ရင်သပ်ရှုမောရမဲ့ ဇာတ်ဝင်ခန်းတွေနဲ့ဖွဲ့စည်းထားတဲ့ စာအုပ်တစ်အုပ်။ ချစ်မြတ်နိုးရခြင်းတွေ၊ နားလည်ရခြင်းတွေ၊ စွန့်စားရခြင်းတွေ၊ လွမ်းမောတသခြင်းတွေနဲ့ အချစ်ရဲ့ကံကြမ္မာကို ခြယ်သထားတဲ့စာအုပ်ဖြစ်ပါတယ်။  ကိုယ့်ရဲ့တွေးမြင်သုံးသပ် ဆုံးဖြတ်ချက်နဲ့ ကိုယ်ချစ်ရတဲ့သူကို တရားဝင်ပိုင်ဆိုင်ခွင့်ရအောင် လုပ်နိုင်စွမ်းသလို၊ တရားဝင်ဆုံးရှုံးသွားစေအောင်လဲ လုပ်နိုင်တယ်ဆိုတဲ့အကြောင်း ဒီစာအုပ်မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အချစ်တစ်ခုရှင်သန်ဖို့ရာမှာ ချစ်နေကြသူနှစ်ဦးလောက် ဘယ်သူ့မှာမှတာဝန်မရှိပါဘူး။ အချစ်ကိုအကြောင်းပြုပြီး ရသမျိုးစုံရရှိအောင် တင်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

248

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ ၊ 2023 ဩဂုတ်လ (ဒုတိယ-ကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပြိုမယောင် ဟိုတောင်က မိုး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်စိန်ဝင်း(ပုတီးကုန်း) စာအုပ်များ