ပဉ္စဝဂ္ဂီ

( 1 မှတ်ချက်)

2500 (ကျပ်)

စာမျက်နှာ

189

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2018 ဇန်နဝါရီလ

3 in stock

ပဉ္စဝဂ္ဂီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Wuthmone Phyu

    ဆရာ ပါရဂူ စာအုပ်တွေကို အကြောင်းအခွင့်မတိုက်ဆိုင်တာနဲ့ရော ၊ လူက ငပျင်းဆိုတော့ ရသစာအုပ်တွေပဲ ကောက်ကောက်ကိုင်မိတာကြောင့်ရော သိပ်မဖတ်ဖြစ်ဘူးဖြစ်နေတာ ဖတ်လိုက်ရတဲ့ ဒီစာအုပ်ကလည်း သိပ်အဖိုးတန် ၊ ဗဟုသုတ ရပြီး ကြည်ညိုဖွယ်ရာ သာသနာပြု ပုဂ္ဂိုလ် ၊ ကျမ်းပြု ပုဂ္ဂိုလ်တွေ အကြောင်း သိလိုက်ရလို့ အလွန်ကျေးဇူးတင်မိပါတယ်။

    အမှာစာမှာလည်း ပြောထားပါတယ်။ဒီစာအုပ်က ဝတ္ထုဆိုပေမယ့် စိတ်ကူးကနည်းပြီး သမိုင်းကြောင်း များများ ထည့်သွင်းရေးသားထားလို့ ဝတ္ထုဆိုတာထက် သာသနာဝင်စာအုပ် လို့ပြောရင် ပိုမှန်ပါလိမ့်မယ် ..တဲ့။

    ဒီစာအုပ်ကို ဖတ်ပြီးတော့လေ တောတောင် လျှိုမြောင်အထပ်ထပ် အသက်စွန့်ပြီး သာသနာ ပြုတဲ့ ပုဂ္ဂိုလ်တွေ ၊ ပညာဉာဏ်ကြီးလွန်းသူတွေ
    ကို ကြည်ညိုမိတယ်။ သားတော် မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တ ကို သာသနာ့အမွေပေးခဲ့တဲ့အပြင် သာသနာပြုဖို့ မလွှဲသာ မရှောင်သာ တရပ်တကျေး လွှတ်ခဲ့နိုင်တဲ့ အသောက မင်းတရားကြီးရဲ့ သဒ္ဓါတရား ၊ သာသနာပေါ်ကြည်ညို စိတ်အကြောင်းဖတ်တုန်းကဆိုလည်း သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

    ပြီးတော့ အဘိဓမ္မတ္ထသဂ်ဟကျမ်းကိုပြုစုခဲ့တဲ့ အရှင်အနုရုဒ္ဓါ အကြောင်း ဖတ်ရတော့လည်းလေးစားကြည်ညိုမိတယ်။ ဂါထာ နှစ်ပုဒ်ထဲ ပြရုံနဲ့ “ဝိသုဒ္ဓိမဂ်’ ကို ပြုစုနိုင်ခဲ့တဲ့ ရှင်မဟာဗုဒ္ဓဂေါသ အကြောင်း ဖတ်ရပြန်တော့လည်း ကြည်ညိုသဒ္ဓါပွားရတယ်။ပြီးတော့ ပုဂံမှာ သာသနာပြုသွားတဲ့ “ရှင်အရဟံ” အကြောင်း။ပြောရရင်တော့အများကြီးပါပဲ။ အချို့ ဘွဲ့နာမည်တော်တွေကို သိပ်ပြီးအတိအကျမမှတ်မိတော့လို့ပါ ။အတော်လေးကို ဖတ်ရတာအကျိုးများရပါတယ်။

    အလွန်အဖိုးတန်တဲ့ စာအုပ်တစ်အုပ်ပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ပါရဂူ စာအုပ်များ